ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး မက်ဆီကို စာချုပ်သစ် ပေးနိုင်ဖို့ လူစာရင်း ရှင်းထုတ်မှုတွေ လုပ်နေပြီး ကော်တင်ညိုကို သက်သာလွန်းတဲ့ ပြောင်းရွှေ့ကြေးဖြင့် ရောင်းထုတ်ဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာပဲ မက်ဆီနဲ့ ဘာစီလိုနာကြား စာချုပ်ဟာ သက်တမ်းကုန်ခဲ့ပါပြီ။ လာလီဂါကလပ်ဘက်က မက်ဆီကို သက်တမ်းတိုးနိုင်ဖို့ ဆွေးနွေးနေပေမယ့် ၎င်းတို့ရဲ့ လုပ်ခ ကြီးမြင့်မှုကို မလျော့ချနိုင်ရင် မက်ဆီကို စာချုပ်သစ်ပေးဖို့ ကြိုးစားမှုကို လာလီဂါဘက်က ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရတယ်။

ဒါကြောင့်ပဲ ကလပ်ရဲ့ လုပ်ခမြင့် ကစားသမားတစ်ဦးဖြစ်တဲ့ ကော်တင်ညိုကို ရောင်းထုတ်ဖို့ ဘာကာဘက်က အလေးအနက်ကို ကြိုးစားနေပါတယ်။

လက်တလော ထွက်ပေါ်နေတဲ့ သတင်းအရ ၂၀၁၈ တုန်းက လီဗာပူးကနေ ပေါင် ၁၄၃ သန်းဖြင့် ခေါ်ယူထားခဲ့တဲ့ ကော်တင်ညိုအတွက် ပေါင် ၂၁ သန်း ရရင်ကို ရောင်းထုတ်ပေးဖို့ ဘာစီလိုနာဘက်က ပြင်ဆင်ထားတယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်သမားဟာ ဘာစီလိုနာရဲ့ တတိယမြောက် လုပ်ခအမြင့်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ဘာစီလိုနာဘက်ကတော့ ကော်တင်ညိုကို ဘိုင်ယန်နဲ့ ပရီးမီးယားလိဂ်အသင်းတွေထံ ရောင်းထုတ်နိုင်ဖို့ မျှော်လင့်နေတယ်။ သို့ပေမယ့် အသက် ၃၀ နား နီးနေတဲ့ တိုက်စစ်သမားကို မြင့်မားတဲ့ လုပ်ခဖြင့် ၄ နှစ်လောက် သက်တမ်းရှိမယ့် စာချုပ်ပေးရမှာကို ကလပ်တွေဘက်က အားတက်သရော ရှိမနေပါဘူး။

ကော်တင်ညိုဟာ ဘာစီလိုနာမှာ ကြံ့ခိုင်မှုပိုင်း ပြဿနာတွေလည်း ရှိထားခဲ့ပြီး မနှစ်က ရာသီဝက်လောက်ထိ အနားယူနေရသေးတာဖြစ်တယ်။ ကစားသမားကတော့ အန်ဖီးထံ ပြန်လာရဖို့ကို ဆန္ဒရှိတယ်လို့ သိထားရတယ်။

ဗန်ဒိုက်၊ အယ်လီဆန်၊ ဖာဘင်ညို၊ ဆာလာ တို့လို အဓိက ကစားသမားတွေကို သက်တမ်းတိုးရမယ့် လီဗာပူးကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ရဲ့ တတိယ လုပ်ခအမြင့်ဆုံးအသင်း ဖြစ်လာနေတယ်။ ဒါကြောင့် လုပ်ခပိုင်း ကြီးမြင့်မယ့် ကော်တင်ညိုကို ပြန်ခေါ်ယူလိုဟန် မရှိဘူးလို့ သိရပါတယ်။

ZAWGYI

ဘာစီလိုနာအသင္းဟာ တိုက္စစ္မွဴး မက္ဆီကို စာခ်ဳပ္သစ္ ေပးႏုိင္ဖုိ႔ လူစာရင္း ရွင္းထုတ္မႈေတြ လုပ္ေနျပီး ေကာ္တင္ညိဳကို သက္သာလြန္းတဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ ေရာင္းထုတ္ဖို႔ ၾကိဳးစားေနပါတယ္။

ျပီးခဲ့တဲ့ ဇြန္လ ၃၀ ရက္ေန႔မွာပဲ မက္ဆီနဲ႔ ဘာစီလိုနာၾကား စာခ်ဳပ္ဟာ သက္တမ္းကုန္ခဲ့ပါျပီ။ လာလီဂါကလပ္ဘက္က မက္ဆီကို သက္တမ္းတိုးႏုိင္ဖို႔ ေဆြးေႏြးေနေပမယ့္ ၄င္းတို႔ရဲ႕ လုပ္ခ ၾကီးျမင့္မႈကို မေလ်ာ့ခ်ႏုိင္ရင္ မက္ဆီကို စာခ်ဳပ္သစ္ေပးဖို႔ ၾကိဳးစားမႈကို လာလီဂါဘက္က ခြင့္ျပဳမွာ မဟုတ္ဘူးလို႔ သိရတယ္။

ဒါေၾကာင့္ပဲ ကလပ္ရဲ႔ လုပ္ချမင့္ ကစားသမားတစ္ဦးျဖစ္တဲ့ ေကာ္တင္ညိဳကို ေရာင္းထုတ္ဖို႔ ဘာကာဘက္က အေလးအနက္ကို ၾကိဳးစားေနပါတယ္။

လက္တေလာ ထြက္ေပၚေနတ့ဲ သတင္းအရ ၂၀၁၈ တုန္းက လီဗာပူးကေန ေပါင္ ၁၄၃ သန္းျဖင့္ ေခၚယူထားခဲ့တဲ့ ေကာ္တင္ညိဳအတြက္ ေပါင္ ၂၁ သန္း ရရင္ကို ေရာင္းထုတ္ေပးဖို႔ ဘာစီလိုနာဘက္က ျပင္ဆင္ထားတယ္။ အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ဘာစီလိုနာရဲ႕ တတိယေျမာက္ လုပ္ခအျမင့္ဆံုး ကစားသမားလည္း ျဖစ္ပါတယ္။

ဘာစီလိုနာဘက္ကေတာ့ ေကာ္တင္ညိဳကို ဘိုင္ယန္နဲ႔ ပရီးမီးယားလိဂ္အသင္းေတြထံ ေရာင္းထုတ္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနတယ္။ သို႔ေပမယ့္ အသက္ ၃၀ နား နီးေနတဲ့ တိုက္စစ္သမားကို ျမင့္မားတဲ့ လုပ္ချဖင့္ ၄ ႏွစ္ေလာက္ သက္တမ္းရွိမယ့္ စာခ်ဳပ္ေပးရမွာကို ကလပ္ေတြဘက္က အားတက္သေရာ ရွိမေနပါဘူး။

ေကာ္တင္ညိဳဟာ ဘာစီလိုနာမွာ ၾကံ႕ခိုင္မႈပိုင္း ျပႆနာေတြလည္း ရွိထားခဲ့ျပီး မႏွစ္က ရာသီဝက္ေလာက္ထိ အနားယူေနရေသးတာျဖစ္တယ္။ ကစားသမားကေတာ့ အန္ဖီးထံ ျပန္လာရဖို႔ကို ဆႏၵရွိတယ္လို႔ သိထားရတယ္။

ဗန္ဒိုက္၊ အယ္လီဆန္၊ ဖာဘင္ညိဳ၊ ဆာလာ တို႔လို အဓိက ကစားသမားေတြကို သက္တမ္းတိုးရမယ့္ လီဗာပူးကိုယ္တိုင္ကလည္း ပရီးမီးယားလိဂ္ရဲ႕ တတိယ လုပ္ခအျမင့္ဆံုးအသင္း ျဖစ္လာေနတယ္။ ဒါေၾကာင့္ လုပ္ခပိုင္း ၾကီးျမင့္မယ့္ ေကာ္တင္ညိဳကို ျပန္ေခၚယူလိုဟန္ မရွိဘူးလို႔ သိရပါတယ္။