ဒီနွေမှာ လက်ရွေးစင်အသင်းတွေရဲ့ နောက်ထပ် အဆင့်တွေကို တိုးတက်မှု အခြေအနေအရ ရာသီကြိုအဖွင့်ပွဲမှာ လီဗာပူးအသင်း သုံးခွင့်မရမယ့် ကစားသမားစာရင်းတွေ ပိုများလာတယ်လို့ မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနက ဖော်ပြပါတယ်။

လီဗာပူးကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ သီယာဂိုတို့ဟာ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်နဲ့ စပိန်အသင်းတို့အတွက် ပါဝင် ယှဉ်ပြိုင်နေကြတာဖြစ်တယ်။ နှစ်သင်းလုံးဟာ ယူရိုပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်တွေထံ ရောက်ရှိနေကြပါပြီ။

ကိုပါအမေရိကမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ဘရာဇီးအသင်းမှ အသင်းသားတွေဖြစ်တဲ့ အယ်လီဆန်၊ ဖာဘင်ညိုနဲ့ ဖာမင်နိုတို့ကလည်း လက်ရွေးစင်အသင်းနဲ့ ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲ အဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်တယ်။ သူတို့ဟာ ဂျူလိုင်လ ၁၀ ရက်နေ့မှာ ဗိုလ်လုပွဲ ကစားရမှာဖြစ်ကာ သြဂုတ်လ ဒုတိယအပတ် လောက်မှ အသင်းထံ ပြန်ရောက်ဖို့ ရှိပါတယ်။

ယာဂင်က လက်ရွေးစင်အသင်းသားတွေကို ၃ ပတ်ပဲ အနားယူခွင့်ပေးရင်တော့ သြဂုတ်လ ပထမအပတ်မှာပဲ သူတို့ ၅ ဦး လီဗာပူးနဲ့ ပြန်ပူးပေါင်းနိုင်မှာဖြစ်တယ်။ ဒါပေမယ့်လို့ နော့ဝစ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲအပြီး ကိုယ်ခန္ဓာ ကြံ့ခိုင်နေမလားဆိုတာက ခေါင်းခဲစရာ ဖြစ်နေဆဲပါ။

မန်နေဂျာကလော့ပ်က အယ်လီဆန်ကိုတော့ ပွဲထွက်လူစာရင်းမှာ ထုတ်သုံးလို့ ရနိုင်ပေမယ့် ဖာမင်နို အပါအဝင် ကွင်းလယ် ကစားသမားတွေကို ပရီးမီးယားလိဂ် ပွဲစဉ် ၂ လောက်မှ ထည့်သုံးလို့ ရနိုင်မှာဖြစ်တယ်။

လာမယ့်ရာသီအတွက် အဓိက ကွင်းလယ်အတွဲဖြစ်မယ့် သီယာဂို၊ ဖာမင်နို၊ ဟန်ဒါဆန် တို့ ၃ ဦးလုံး ထုတ်သုံးလို့ မရနိုင်မယ့် အနေအထားက ယာဂင်အတွက် အတော်လေး စဉ်းစားရကြပ်စေမယ်လို့ ယူဆရပါတယ်။

ZAWGYI

ဒီေႏြမွာ လက္ေရြးစင္အသင္းေတြရဲ႕ ေနာက္ထပ္ အဆင့္ေတြကို တိုးတက္မႈ အေျခအေနအရ ရာသီၾကိဳအဖြင့္ပြဲမွာ လီဗာပူးအသင္း သံုးခြင့္မရမယ့္ ကစားသမားစာရင္းေတြ ပိုမ်ားလာတယ္လို႔ မာေဆးဆိုဒ္အေျခစိုက္ Echo သတင္းဌာနက ေဖာ္ျပပါတယ္။

လီဗာပူးကစားသမားေတြျဖစ္တဲ့ ဟန္ဒါဆန္နဲ႔ သီယာဂိုတို႔ဟာ ယူရိုျပိဳင္ပြဲမွာ အဂၤလန္နဲ႔ စပိန္အသင္းတို႔အတြက္ ပါဝင္ ယွဥ္ျပိဳင္ေနၾကတာျဖစ္တယ္။ ႏွစ္သင္းလံုးဟာ ယူရိုျပိဳင္ပြဲ ဆီမီးဖိုင္နယ္ အဆင့္ေတြထံ ေရာက္ရွိေနၾကပါျပီ။

ကိုပါအေမရိကမွာ ပါဝင္ယွဥ္ျပိဳင္ေနတဲ့ ဘရာဇီးအသင္းမွ အသင္းသားေတြျဖစ္တဲ့ အယ္လီဆန္၊ ဖာဘင္ညိဳနဲ႔ ဖာမင္ႏိုတို႔ကလည္း လက္ေရြးစင္အသင္းနဲ႔ ကိုပါအေမရိကျပိဳင္ပြဲ ဗိုလ္လုပြဲ အဆင့္ကို ေရာက္ရွိသြားခဲ့ျပီ ျဖစ္တယ္။ သူတို႔ဟာ ဂ်ဴလိုင္လ ၁၀ ရက္ေန႔မွာ ဗိုလ္လုပြဲ ကစားရမွာျဖစ္ကာ ၾသဂုတ္လ ဒုတိယအပတ္ ေလာက္မွ အသင္းထံ ျပန္ေရာက္ဖို႔ ရွိပါတယ္။

ယာဂင္က လက္ေရြးစင္အသင္းသားေတြကို ၃ ပတ္ပဲ အနားယူခြင့္ေပးရင္ေတာ့ ၾသဂုတ္လ ပထမအပတ္မွာပဲ သူတို႔ ၅ ဦး လီဗာပူးနဲ႔ ျပန္ပူးေပါင္းႏုိင္မွာျဖစ္တယ္။ ဒါေပမယ့္လို႔ ေနာ့ဝစ္နဲ႔ ရင္ဆိုင္ရမယ့္ ပရီးမီးယားလိဂ္ပြဲအျပီး ကိုယ္ခႏၶာ ၾကံ႕ခိုင္ေနမလားဆိုတာက ေခါင္းခဲစရာ ျဖစ္ေနဆဲပါ။

မန္ေနဂ်ာကေလာ့ပ္က အယ္လီဆန္ကိုေတာ့ ပြဲထြက္လူစာရင္းမွာ ထုတ္သံုးလို႔ ရႏုိင္ေပမယ့္ ဖာမင္ႏို အပါအဝင္ ကြင္းလယ္ ကစားသမားေတြကို ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ ေလာက္မွ ထည့္သံုးလို႔ ရႏုိင္မွာျဖစ္တယ္။

လာမယ့္ရာသီအတြက္ အဓိက ကြင္းလယ္အတြဲျဖစ္မယ့္ သီယာဂို၊ ဖာမင္ႏို၊ ဟန္ဒါဆန္ တို႔ ၃ ဦးလံုး ထုတ္သံုးလို႔ မရႏုိင္မယ့္ အေနအထားက ယာဂင္အတြက္ အေတာ္ေလး စဥ္းစားရၾကပ္ေစမယ္လို႔ ယူဆရပါတယ္။