လီဗာပူးကွင်းလယ်လူ ဂရုဂျစ်က ရာသီကြိုမှာ လီဗာပူးအသင်းနဲ့ ပူးပေါင်းပြီး ပြင်ဆင်မှုတွေ စတင်သွားမှာဖြစ်ကြောင်း ထုတ်ပြောခဲ့တယ်လို့ မာဆေးဆိုဒ် သတင်းဌာန Echo က ဖော်ပြပါတယ်။

လီဗာပူးက ဒီနွေမှာ ဂရုဂျစ်ကို ရောင်းထုတ်သွားလိုပြီး ပေါင် ၁၅ သန်း အနည်းဆုံးရှိမယ့် ပြောင်းရွှေ့ကြေး ရလိုတယ်လို့ သိထားရတယ်။ ကုန်ခဲ့တဲ့ ဘောလုံးရာသီတွေမှာလည်း သူ့ကို အပြီးသတ် ရောင်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ဂရုဂျစ်က ” မကြာခင် ရာသီသစ်အတွက် အခြေခံကျတဲ့ ကိစ္စတွေကို ပြင်ဆင်မှုလုပ်ဖို့ လီဗာပူးနဲ့ ပူးပေါင်းသွားမှာပါ။ ပြီးရင်တော့ နောက်ထပ် ဘာတွေဖြစ်လာမလဲဆိုတာကို ကျနေ်ာတို့ ကြည့်ရပါမယ်။ ” ဆိုပြီး ပြောဆိုခဲ့ကြောင်း မာဆေးဆိုဒ်အခြေစိုက် သတင်းဌာနက ဖော်ပြပါတယ်။

ဂရုဂျစ်ကပဲ ” ဘယ်ကလပ်အတွက် ကျနော် ကစားပေးရမယ်ဆိုတာကို ကြည့်ရမှာပါ။ ဒီအခြေအနေမှာတော့ ကျနော်လည်း မသိသေးပါဘူး။ ဒါပေမယ့် ကုန်ခဲ့တဲ့ ဘောလုံးရာသီ ၃ ခုလောက်မှာ အပြာရောင်က ကျနော်နဲ့ အဆင်ပြေတယ်လို့ ထင်ပါတယ်။ ပိုကောင်းတာတွေလည်း ရှိလာနိုင်တာပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

၂၀၁၆ မှာတော့ ဂရုဂျစ်ဟာ လီဗာပူးအသင်းထံ ပြောင်းလာခဲ့ပြီး အနီရောင်ကစားသမားဘဝ စတင်ခဲ့တယ်။ ဒါပေမယ့် သူဟာ စီနီယာပွဲကစားခွင့် ၁၆ ပွဲပဲ ရခဲ့ပါတယ်။ နောက်ပိုင်းမှာ ကာဒစ်၊ ဟာသာဘာလင်၊ ပေါ်တို အသင်းတွေထံ အငှားထွက်ခဲ့ပြီး အားလုံးက အပြာရောင်ကို အသားပေးတဲ့ အသင်းတွေ ဖြစ်ပါတယ်။

ဂရုဂျစ်ရဲ့ အနာဂတ်အသင်းက လောလောဆယ် မသိရသေးပေမယ့် ပေါ်တိုအသင်းထံ ပြောင်းဖို့လည်း အလားအလာရှိနေတယ်။ ပေါ်တိုက ဘဏ္ဍာရေးပြဿနာကြောင့် တရားဝင် ကမ်းလှမ်းမှု မလုပ်နိုင်ရင်တော့ ဘွန်ဒက်လီဂါကလပ်တွေထံ နည်းပါးတဲ့ ပမာဏဖြင့် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

ဂရုဂျစ်က ” ပေါ်တိုမှာ စိတ်မကောင်းတာက ပရိသတ်တွေရှေ့ မကစားပေးနိုင်ခဲ့တာပါ။ အသင်းဖော်တွေနဲ့ လူတွေကတော့ အားပေးမှုတွေက သိပ်ကောင်းတာလို့ ပြောပြခဲ့တယ်။ ဒါပေမယ့် ကျနော်ရဲ့ ကစားသမားဘဝက အရှည်ကြီး ကျန်ပါသေးတယ်။ ပေါ်တိုကွင်းမှာ ပရိသတ်တွေအတွက် ကစားခွင့်ရမယ်လို့ ယုံကြည်ထားပါတယ်။ ” ဆိုပြီး ပြောဆိုခဲ့ပါသေးတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ဂရုဂ်စ္က ရာသီၾကိဳမွာ လီဗာပူးအသင္းနဲ႔ ပူးေပါင္းျပီး ျပင္ဆင္မႈေတြ စတင္သြားမွာျဖစ္ေၾကာင္း ထုတ္ေျပာခဲ့တယ္လို႔ မာေဆးဆိုဒ္ သတင္းဌာန Echo က ေဖာ္ျပပါတယ္။

လီဗာပူးက ဒီေႏြမွာ ဂရုဂ်စ္ကို ေရာင္းထုတ္သြားလိုျပီး ေပါင္ ၁၅ သန္း အနည္းဆံုးရွိမယ့္ ေျပာင္းေရႊ႔ေၾကး ရလိုတယ္လို႔ သိထားရတယ္။ ကုန္ခဲ့တဲ့ ေဘာလံုးရာသီေတြမွာလည္း သူ႔ကို အျပီးသတ္ ေရာင္းထုတ္ဖို႔ ၾကိဳးစားခဲ့ေပမယ့္ ေအာင္ျမင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

ဂရုဂ်စ္က ” မၾကာခင္ ရာသီသစ္အတြက္ အေျခခံက်တဲ့ ကိစၥေတြကို ျပင္ဆင္မႈလုပ္ဖို႔ လီဗာပူးနဲ႔ ပူးေပါင္းသြားမွာပါ။ ျပီးရင္ေတာ့ ေနာက္ထပ္ ဘာေတြျဖစ္လာမလဲဆိုတာကို က်ေန္ာတို႔ ၾကည့္ရပါမယ္။ ” ဆိုျပီး ေျပာဆိုခဲ့ေၾကာင္း မာေဆးဆိုဒ္အေျခစိုက္ သတင္းဌာနက ေဖာ္ျပပါတယ္။

ဂရုဂ်စ္ကပဲ ” ဘယ္ကလပ္အတြက္ က်ေနာ္ ကစားေပးရမယ္ဆိုတာကို ၾကည့္ရမွာပါ။ ဒီအေျခအေနမွာေတာ့ က်ေနာ္လည္း မသိေသးပါဘူး။ ဒါေပမယ့္ ကုန္ခဲ့တဲ့ ေဘာလံုးရာသီ ၃ ခုေလာက္မွာ အျပာေရာင္က က်ေနာ္နဲ႔ အဆင္ေျပတယ္လို႔ ထင္ပါတယ္။ ပိုေကာင္းတာေတြလည္း ရွိလာႏုိင္တာပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

၂၀၁၆ မွာေတာ့ ဂရုဂ်စ္ဟာ လီဗာပူးအသင္းထံ ေျပာင္းလာခဲ့ျပီး အနီေရာင္ကစားသမားဘဝ စတင္ခဲ့တယ္။ ဒါေပမယ့္ သူဟာ စီနီယာပြဲကစားခြင့္ ၁၆ ပြဲပဲ ရခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ကာဒစ္၊ ဟာသာဘာလင္၊ ေပၚတို အသင္းေတြထံ အငွားထြက္ခဲ့ျပီး အားလံုးက အျပာေရာင္ကို အသားေပးတဲ့ အသင္းေတြ ျဖစ္ပါတယ္။

ဂရုဂ်စ္ရဲ႕ အနာဂတ္အသင္းက ေလာေလာဆယ္ မသိရေသးေပမယ့္ ေပၚတိုအသင္းထံ ေျပာင္းဖို႔လည္း အလားအလာရွိေနတယ္။ ေပၚတိုက ဘ႑ာေရးျပႆနာေၾကာင့္ တရားဝင္ ကမ္းလွမ္းမႈ မလုပ္ႏုိင္ရင္ေတာ့ ဘြန္ဒက္လီဂါကလပ္ေတြထံ နည္းပါးတဲ့ ပမာဏျဖင့္ ေျပာင္းေရႊ႔ဖြယ္ ရွိေနပါတယ္။

ဂရုဂ်စ္က ” ေပၚတိုမွာ စိတ္မေကာင္းတာက ပရိသတ္ေတြေရွ႔ မကစားေပးႏုိင္ခဲ့တာပါ။ အသင္းေဖာ္ေတြနဲ႔ လူေတြကေတာ့ အားေပးမႈေတြက သိပ္ေကာင္းတာလို႔ ေျပာျပခဲ့တယ္။ ဒါေပမယ့္ က်ေနာ္ရဲ႕ ကစားသမားဘဝက အရွည္ၾကီး က်န္ပါေသးတယ္။ ေပၚတိုကြင္းမွာ ပရိသတ္ေတြအတြက္ ကစားခြင့္ရမယ္လို႔ ယံုၾကည္ထားပါတယ္။ ” ဆိုျပီး ေျပာဆိုခဲ့ပါေသးတယ္။