ဒိန်းမတ်ကွင်းလယ်လူ ဟော့ဘတ်က အင်္ဂလန်အသင်းဟာ တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပြီး အခုချိန်ထိ ဟန်ဒါဆန်လို ကစားသမားတောင် ပွဲထွက်လူစာရင်းက မပါနိုင်သေးပါဘူးလို့ ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟာ ဖေဖော်ဝါရီမှာ ခွဲစိတ်မှု လုပ်ခဲ့ရတာဖြစ်ပြီး ယူရိုပွဲအကြို ချစ်ကြည်ရေးပွဲမှ ဘောလုံးပြန်ကစားနိုင်ခဲ့တာပါ။ ဟန်ဒါဆန်ဟာ အင်္ဂလန်က ယူကရိန်းကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ အရန်ခုံက ထလာခဲ့ပြီး သွင်းဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့တယ်။

စပါးကွင်းလယ်လူ ဟော့ဘတ်က ဟန်ဒါဆန်ကို အထင်ကြီးသူဖြစ်ပြီး သူ့လို အရည်အချင်းရှိ ကစားသမားတောင် ပွဲထွက်လူစာရင်းမှာ မပါနိုင်သေးတာက အင်္ဂလန်ရဲ့ လူစာရင်း တောင့်တင်းမှုကို ပြသနေတယ်လို့ မြင်ပါတယ်။

ဟော့ဘက်က ” အင်္ဂလန်အသင်း လူစာရင်းက တောင့်တင်းမှု ရှိပါတယ်။ သူတို့မှာ ကွင်းလယ်ကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားပြီး အချို့ဆိုရင် ပွဲထွက်ကစားရတာတောင် မလုပ်နိုင်သေးပါဘူး။ သူတို့အသင်းက ဂျော်ဒန် ဟန်ဒါဆန်လို ကစားသမားကို ခေါ်ယူလာနိုင်ခဲ့တာဟာ ကြီးမားတဲ့ အင်အားဖြည့်မှုကြီးပဲ ဖြစ်ပါတယ်။

ကျနော်တို့ လူစာရင်းကနေ နိုင်ပွဲရယူနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အကောင်းဆုံး ကြိုးစား ရှာဖွေသွားမှာဖြစ်တယ်။ အင်္ဂလန်ရဲ့ တောင့်တင်းမှုကိုလည်း ကျနေ်ာတို့ ကောင်းကောင်းသိပါတယ်။ ကျနေ်ာတို့က အင်္ဂလန်အသင်းကို လေးစားပြီး သူတို့ကို ခက်ခက်ခဲခဲ တိုက်ခိုက်ရအောင် လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒိန္းမတ္ကြင္းလယ္လူ ေဟာ့ဘတ္က အဂၤလန္အသင္းဟာ ေတာင့္တင္းတဲ့ လူစာရင္းကို ပိုင္ဆုိင္ထားျပီး အခုခ်ိန္ထိ ဟန္ဒါဆန္လို ကစားသမားေတာင္ ပြဲထြက္လူစာရင္းက မပါႏုိင္ေသးပါဘူးလို႔ ထုတ္ေျပာလာပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ဟာ ေဖေဖာ္ဝါရီမွာ ခြဲစိတ္မႈ လုပ္ခဲ့ရတာျဖစ္ျပီး ယူရိုပြဲအၾကိဳ ခ်စ္ၾကည္ေရးပြဲမွ ေဘာလံုးျပန္ကစားႏုိင္ခ့ဲတာပါ။ ဟန္ဒါဆန္ဟာ အဂၤလန္က ယူကရိန္းကို ၄-၀ ျဖင့္ အႏုိင္ရတဲ့ပြဲမွာ အရန္ခံုက ထလာခဲ့ျပီး သြင္းဂိုး ၁ ဂိုး ရယူေပးႏုိင္ခဲ့တယ္။

စပါးကြင္းလယ္လူ ေဟာ့ဘတ္က ဟန္ဒါဆန္ကို အထင္ၾကီးသူျဖစ္ျပီး သူ႔လို အရည္အခ်င္းရွိ ကစားသမားေတာင္ ပြဲထြက္လူစာရင္းမွာ မပါႏုိင္ေသးတာက အဂၤလန္ရဲ႕ လူစာရင္း ေတာင့္တင္းမႈကို ျပသေနတယ္လို႔ ျမင္ပါတယ္။

ေဟာ့ဘက္က ” အဂၤလန္အသင္း လူစာရင္းက ေတာင့္တင္းမႈ ရွိပါတယ္။ သူတို႔မွာ ကြင္းလယ္ကစားသမားေကာင္းေတြလည္း ပိုင္ဆိုင္ထားျပီး အခ်ိဳ႔ဆိုရင္ ပြဲထြက္ကစားရတာေတာင္ မလုပ္ႏုိင္ေသးပါဘူး။ သူတို႔အသင္းက ေဂ်ာ္ဒန္ ဟန္ဒါဆန္လို ကစားသမားကို ေခၚယူလာႏုိင္ခဲ့တာဟာ ၾကီးမားတဲ့ အင္အားျဖည့္မႈၾကီးပဲ ျဖစ္ပါတယ္။

က်ေနာ္တို႔ လူစာရင္းကေန ႏုိင္ပြဲရယူႏုိင္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ အေကာင္းဆံုး ၾကိဳးစား ရွာေဖြသြားမွာျဖစ္တယ္။ အဂၤလန္ရဲ႕ ေတာင့္တင္းမႈကိုလည္း က်ေန္ာတို႔ ေကာင္းေကာင္းသိပါတယ္။ က်ေန္ာတို႔က အဂၤလန္အသင္းကို ေလးစားျပီး သူတို႔ကို ခက္ခက္ခဲခဲ တိုက္ခိုက္ရေအာင္ လုပ္ဖို႔ အဆင္သင့္ျဖစ္ေနပါျပီ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။