ဂျူလိုင်လ ၈ ရက်နေ့ မြန်မာစံတော်ချိန် နေ့ခင်း ၁း၃၀ နာရီမှာ လီဗာပူးအသင်းက လာမယ့်ရာသီ ဝတ်ဆင်ကစားမယ့် အဝေးကွင်းဂျာစီကို တရားဝင် ထုတ်ပြမှာဖြစ်ပါတယ်။ အစောပိုင်း သတင်းကြီးနေတဲ့ ကော်လံပါ အဖြူရောင်ဒီဇိုင်းဖြစ်ပါလိမ့်မယ်။

လီဗာပူးဘက်က ဆာလာကို အိုလံပစ်ကို လွတ်ပေးဖို့ အဓိက ဆန့်ကျင်ရခြင်းက ဇန်နဝါရီမှာ အာဖရိကဖလားပွဲ ရှိနေပြီး အဆိုပါ ပြိုင်ပွဲအတွက်လည်း ဆာလာကို သွားကစားခွင့်ပေးရမှာကြောင့် ဖြစ်တယ်လို့ အီဂျစ် ယူ-၂၃ အသင်းနည်းပြက ပြောပါတယ်။ အာဖရိကဖလားပွဲ ပျက်ခဲ့ရင် ဆာလာကို လက်မလွတ်ရဖို့လည်း အခွင့်အရေး ရှိနေပါတယ်။

လီဗာပူးလူငယ်တိုက်စစ်သမား မီလာဟာ ဒီကနေ့မှာပဲ ဆွစ်ဇလန်ကလပ် ဘေဇယ်အသင်းထံ ပေါင် ၁.၃ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့ဖို့ကိစ္စ ပြီးမြောက်ခဲ့ပါပြီ။ ကလပ်ဘက်က အနာဂတ် ပြောင်းရွှေ့ကြေးကနေ ၂၀% ခံစားခွင့် ပါဝင်ပါမယ်။

ပေါ်တိုအသင်းက ဂရုဂျစ်ကို ခေါ်ယူလိုပေမယ့် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ပေးဖို့ အခက်အခဲ ဖြစ်နေပါတယ်။ လီဗာပူးကတော့ သက်မှတ် ပြောင်းရွှေ့ကြေးဖြင့် အပြီးသတ် ကမ်းလှမ်းမှုမှ မဟုတ်ရင် ဆားဘီးယားသားကို အသင်းမှာ ဆက်ထားဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်းရဲ့ ၁၈ နှစ်သား ဘယ်အစွန်လူ အိုဝင်ဘက်ဟာ ကလပ်နဲ့ ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါပြီ။ အိုဝင်ဘက်ဟာ ကလပ် ဂန္တဝင်ကြီး အီရန်ရှပ်ရဲ့ တူတော်စပ်သူဖြစ်ကာ ၂၀၂၀ တုန်းကမှ အသင်းထံ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ အောင်မြင်မှုကို မြတ်နိုးတဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ပြီး သူ့ကို အင်္ဂလန်အသင်းအတွက် ခေါ်ယူသွားနိုင်တာက မန်နေဂျာဆောက်ဂိတ်ရဲ့ အသင်းအတွက် အကျိုးဖြစ်ထွန်းမှု များခဲ့တယ်လို့ လီဗာပူးလက်ထောက်နည်းပြ လင်ဒါးက မှတ်ချက်ပေးပါတယ်။

မန်နေဂျာ ရာဖာဘင်နီတက်စ်ဟာ ဒီကနေ့မှာပဲ အဲဗာတန်အသင်းနဲ့ ရာသီကြို လေ့ကျင့်ရေး စတင်ခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ဂ်ဴလိုင္လ ၈ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ေန႔ခင္း ၁း၃၀ နာရီမွာ လီဗာပူးအသင္းက လာမယ့္ရာသီ ဝတ္ဆင္ကစားမယ့္ အေဝးကြင္းဂ်ာစီကို တရားဝင္ ထုတ္ျပမွာျဖစ္ပါတယ္။ အေစာပိုင္း သတင္းၾကီးေနတဲ့ ေကာ္လံပါ အျဖဴေရာင္ဒီဇိုင္းျဖစ္ပါလိမ့္မယ္။

လီဗာပူးဘက္က ဆာလာကို အိုလံပစ္ကို လြတ္ေပးဖို႔ အဓိက ဆန္႔က်င္ရျခင္းက ဇန္နဝါရီမွာ အာဖရိကဖလားပြဲ ရွိေနျပီး အဆိုပါ ျပိဳင္ပြဲအတြက္လည္း ဆာလာကို သြားကစားခြင့္ေပးရမွာေၾကာင့္ ျဖစ္တယ္လို႔ အီဂ်စ္ ယူ-၂၃ အသင္းနည္းျပက ေျပာပါတယ္။ အာဖရိကဖလားပြဲ ပ်က္ခဲ့ရင္ ဆာလာကို လက္မလြတ္ရဖို႔လည္း အခြင့္အေရး ရွိေနပါတယ္။

လီဗာပူးလူငယ္တိုက္စစ္သမား မီလာဟာ ဒီကေန႔မွာပဲ ဆြစ္ဇလန္ကလပ္ ေဘဇယ္အသင္းထံ ေပါင္ ၁.၃ သန္းျဖင့္ အျပီးသတ္ ေျပာင္းေရႊ႔ဖို႔ကိစၥ ျပီးေျမာက္ခဲ့ပါျပီ။ ကလပ္ဘက္က အနာဂတ္ ေျပာင္းေရႊ႔ေၾကးကေန ၂၀% ခံစားခြင့္ ပါဝင္ပါမယ္။

ေပၚတိုအသင္းက ဂရုဂ်စ္ကို ေခၚယူလိုေပမယ့္ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၂၀ ေပးဖို႔ အခက္အခဲ ျဖစ္ေနပါတယ္။ လီဗာပူးကေတာ့ သက္မွတ္ ေျပာင္းေရႊ႔ေၾကးျဖင့္ အျပီးသတ္ ကမ္းလွမ္းမႈမွ မဟုတ္ရင္ ဆားဘီးယားသားကို အသင္းမွာ ဆက္ထားဖြယ္ ရွိေနပါတယ္။

လီဗာပူးအသင္းရဲ႕ ၁၈ ႏွစ္သား ဘယ္အစြန္လူ အိုဝင္ဘက္ဟာ ကလပ္နဲ႔ ၅ ႏွစ္သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါျပီ။ အိုဝင္ဘက္ဟာ ကလပ္ ဂႏၱဝင္ၾကီး အီရန္ရွပ္ရဲ႕ တူေတာ္စပ္သူျဖစ္ကာ ၂၀၂၀ တုန္းကမွ အသင္းထံ ေျပာင္းေရႊ႔လာခဲ့သူျဖစ္ပါတယ္။

ဟန္ဒါဆန္ဟာ ေအာင္ျမင္မႈကို ျမတ္ႏိုးတဲ့ ေခါင္းေဆာင္ေကာင္းတစ္ဦးျဖစ္ျပီး သူ႔ကို အဂၤလန္အသင္းအတြက္ ေခၚယူသြားႏိုင္တာက မန္ေနဂ်ာေဆာက္ဂိတ္ရဲ႕ အသင္းအတြက္ အက်ိဳးျဖစ္ထြန္းမႈ မ်ားခဲ့တယ္လို႔ လီဗာပူးလက္ေထာက္နည္းျပ လင္ဒါးက မွတ္ခ်က္ေပးပါတယ္။

မန္ေနဂ်ာ ရာဖာဘင္နီတက္စ္ဟာ ဒီကေန႔မွာပဲ အဲဗာတန္အသင္းနဲ႔ ရာသီၾကိဳ ေလ့က်င့္ေရး စတင္ခဲ့ျပီျဖစ္ပါတယ္။