၂၀၁၉ တုန်းက လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား အနိုင်ရမှုမှာ အရေးပါခဲ့တဲ့ ဆီမီးဖိုင်နယ်က ဖြစ်ရပ်တစ်ခုကို ပြန်ပြောရင် လီဗာပူးပရိသတ်တိုင်း မှတ်မိကြမှာဖြစ်ပြီး ပျော်ရွှင်မှုကိုတောင် ပြန်ခံစားမိကြပါလိမ့်မယ်။

၂၀၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဖြစ် အန်ဖီးမှာ လီဗာပူးနဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်ကြစဉ် ထရန့်ရဲ့ ကျော်ကြားတဲ့ ‘Corner taken quickly’ ပေးပို့မှုအား အိုရီဂီက အဆုံးသတ်ပေးခဲ့ပြီး အသင်းကို ဗိုလ်လုပွဲထံရောက်စေခဲ့တယ်။ အဆိုပါ ဒေါင့်ကန်ဘော ပေးပို့မှုမှာတော့ အန်ဖီးကွင်းက ဘောကောက်လေးရဲ့ အမြင်ရှိမှုကလည်း အရေးပါခဲ့ပါတယ်။

ထိုစဉ်က အသက် ၁၄ နှစ်အရွယ် လီဗာပူးအကယ်ဒမီ ကစားသမားဖြစ်သူ ကန်နနီရာဟာ ထရန့်ထံ ဘောလုံး ခပ်မြန်မြန်ပေးမှုကို ပါးပါးနပ်နပ် လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့ ကျော်ကြားတဲ့ လုပ်ရပ်ကြောင့် လူငယ်လေးမှာ အချိန်တိုအတွင်း အကယ်ဒမီမှာ နာမည်ထင်ပေါ်လာခဲ့ပါတယ်။

ကလပ်တွေဟာ သူတို့ရဲ့ အကယ်ဒမီ ကစားသမားတွေကို အန်ဖီးမှာ ယှဉ်ပြိုင်ရတဲ့ ပွဲနေ့တွေအတွင်း ဘောကောက်လေးတွေအဖြစ် ကွင်းထဲ ဝင်ခွင့်ရအောင် စီမံပေးလေ့ရှိတယ်။ ဒါကပဲ ထိပ်တန်း ပရော်ဖက်ရှင်နယ် ကစားသမားတွေက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဘောလုံးပွဲတွေကို ဘယ်လို စီမံသလဲဆိုတဲ့အပေါ် သူတို့လေးတွေ ခံစားမိစေဖို့ ဖြစ်ပါတယ်။

လီဗာပူး ယူ-၁၈ မန်နေဂျာကတော့ လူငယ်လေးတွေ သူတို့ရဲ့ ပါဝင်နိုင်ခွင့်ကို အသုံးချပြီး အကောင်းဆုံး စွမ်းဆောင်ပြနိုင်တာအတွက် ကျေနပ်မိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ချိန်မှာ ထရန့်ကိုယ်တိုင်ကလည်း အကယ်ဒမီအသင်းမှ လူငယ်လေးကို သီးသန့်တွေ့ဆုံမှုနဲ့ ဂုဏ်ပြုခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ ကန်နနီရာဟာ လီဗာပူး ယူ-၁၆ နဲ့ ယူ-၁၈ အသင်းတွေထံ တိုးမြင့်ကစားခွင့်ရခဲ့တယ်။ အသက် ၁၇ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ လူငယ်လေးဟာ ဒီကနေ့မှာတော့ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ကို လီဗာပူးအသင်းနဲ့ ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယူ-၁၂ အသင်းသားမှာ လိဒ်ယူနိုက်တက်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ကန်နနီရာရဲ့ ပရိုစာချုပ်ချုပ်ဆိုမှုကို ဒီကနေ့မှာပဲ လီဗာပူးအသင်းဝဘ်ဆိုဒ်က တရားဝင် ဖော်ပြသွားခဲ့တယ်။ စွမ်းရည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တိုက်စစ်သမားလေးဟာ ဘောလုံးထိန်းချုပ်မှု ကောင်းမွန်သလို အဆုံးသတ်လည်း ကောင်းမွန်ပါကြောင်း အသင်းဘက်က ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

ZAWGYI

၂၀၁၉ တုန္းက လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဖလား အႏုိင္ရမႈမွာ အေရးပါခဲ့တဲ့ ဆီမီးဖုိင္နယ္က ျဖစ္ရပ္တစ္ခုကို ျပန္ေျပာရင္ လီဗာပူးပရိသတ္တိုင္း မွတ္မိၾကမွာျဖစ္ျပီး ေပ်ာ္ရႊင္မႈကိုေတာင္ ျပန္ခံစားမိၾကပါလိမ့္မယ္။

၂၀၁၉ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အျဖစ္ အန္ဖီးမွာ လီဗာပူးနဲ႔ ဘာစီလိုနာတို႔ ယွဥ္ျပိဳင္ၾကစဥ္ ထရန္႔ရဲ႕ ေက်ာ္ၾကားတဲ့ ‘Corner taken quickly’ ေပးပို႔မႈအား အိုရီဂီက အဆံုးသတ္ေပးခဲ့ျပီး အသင္းကို ဗိုလ္လုပြဲထံေရာက္ေစခဲ့တယ္။ အဆိုပါ ေဒါင့္ကန္ေဘာ ေပးပို႔မႈမွာေတာ့ အန္ဖီးကြင္းက ေဘာေကာက္ေလးရဲ႕ အျမင္ရွိမႈကလည္း အေရးပါခဲ့ပါတယ္။

ထိုစဥ္က အသက္ ၁၄ ႏွစ္အရြယ္ လီဗာပူးအကယ္ဒမီ ကစားသမားျဖစ္သူ ကန္နနီရာဟာ ထရန္႔ထံ ေဘာလံုး ခပ္ျမန္ျမန္ေပးမႈကို ပါးပါးနပ္နပ္ လုပ္ေဆာင္ခဲ့တယ္။ သူ႔ရဲ႕ ေက်ာ္ၾကားတဲ့ လုပ္ရပ္ေၾကာင့္ လူငယ္ေလးမွာ အခ်ိန္တိုအတြင္း အကယ္ဒမီမွာ နာမည္ထင္ေပၚလာခဲ့ပါတယ္။

ကလပ္ေတြဟာ သူတို႔ရဲ႕ အကယ္ဒမီ ကစားသမားေတြကို အန္ဖီးမွာ ယွဥ္ျပိဳင္ရတဲ့ ပြဲေန႔ေတြအတြင္း ေဘာေကာက္ေလးေတြအျဖစ္ ကြင္းထဲ ဝင္ခြင့္ရေအာင္ စီမံေပးေလ့ရွိတယ္။ ဒါကပဲ ထိပ္တန္း ပေရာ္ဖက္ရွင္နယ္ ကစားသမားေတြက ျပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ ေဘာလံုးပြဲေတြကို ဘယ္လို စီမံသလဲဆိုတဲ့အေပၚ သူတို႔ေလးေတြ ခံစားမိေစဖို႔ ျဖစ္ပါတယ္။

လီဗာပူး ယူ-၁၈ မန္ေနဂ်ာကေတာ့ လူငယ္ေလးေတြ သူတို႔ရဲ႕ ပါဝင္ႏုိင္ခြင့္ကို အသံုးခ်ျပီး အေကာင္းဆံုး စြမ္းေဆာင္ျပႏုိင္တာအတြက္ ေက်နပ္မိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တယ္။ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ခ်ိန္မွာ ထရန္႔ကိုယ္တိုင္ကလည္း အကယ္ဒမီအသင္းမွ လူငယ္ေလးကို သီးသန္႔ေတြ႔ဆံုမႈနဲ႔ ဂုဏ္ျပဳခဲ့ပါေသးတယ္။

ေနာက္ပိုင္းမွာေတာ့ ကန္နနီရာဟာ လီဗာပူး ယူ-၁၆ နဲ႔ ယူ-၁၈ အသင္းေတြထံ တိုးျမင့္ကစားခြင့္ရခဲ့တယ္။ အသက္ ၁၇ ႏွစ္ ျပည့္ခဲ့ျပီျဖစ္တဲ့ လူငယ္ေလးဟာ ဒီကေန႔မွာေတာ့ သူ႔ရဲ႕ ပထမဆံုး ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကို လီဗာပူးအသင္းနဲ႔ ခ်ဳပ္ဆိုႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ယူ-၁၂ အသင္းသားမွာ လိဒ္ယူႏုိက္တက္ကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ ကန္နနီရာရဲ႕ ပရိုစာခ်ဳပ္ခ်ဳပ္ဆိုမႈကို ဒီကေန႔မွာပဲ လီဗာပူးအသင္းဝဘ္ဆုိဒ္က တရားဝင္ ေဖာ္ျပသြားခဲ့တယ္။ စြမ္းရည္ေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ တိုက္စစ္သမားေလးဟာ ေဘာလံုးထိန္းခ်ဳပ္မႈ ေကာင္းမြန္သလို အဆံုးသတ္လည္း ေကာင္းမြန္ပါေၾကာင္း အသင္းဘက္က ထည့္သြင္း ေဖာ္ျပခဲ့ပါတယ္။