ဒီနွေအတွက် လီဗာပူးရဲ့ ပထမဆုံးခေါ်ယူမှုဖြစ်တဲ့ ခံစစ်မှူး ကိုနတေးက လီဗာပူးအသင်းမှာ သူဝတ်ဆင်ကစားမယ့် ကျောနံပါတ်ကို မိတ်ဆက်မှု ပြုလုပ်သွားပါတယ်။

လာမယ့်အပတ်မှာတော့ လိုက်ဇစ်ကနေ ပေါင် ၃၆ သန်း အကုန်အကျခံ ခေါ်ယူထားတဲ့ ကိုနတေးဟာ ခါဘီမှာ တရားဝင် လေ့ကျင့်ရေး ဆင်းမှာဖြစ်တယ်။ အသက် ၂၂ နှစ်အရွယ် ပြင်သစ်သားဟာ ပြီးခဲ့တဲ့လကပဲ လီဗာပူးအသင်းနဲ့ ၅ နှစ်စာချုပ်ရှိမယ့် တရားဝင် စာချုပ်ကို လက်မှတ်ထိုးထားခဲ့သူဖြစ်တယ်။

မနှစ်ကရာသီမှာ ကာလရှည် ဒဏ်ရာတွေဖြင့် ဗဟိုခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေ ရှိခဲ့ခြင်းကြောင့် ရာသီသစ်အတွက် ရည်ရွယ်ပြီး မန်နေဂျာကလော့ပ်က သူ့ကို ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့က ကာလရှည် ဒဏ်ရာတွေရခဲ့ခြင်းကြောင့် လာမယ့်ရာသီမှာ မန်နေဂျာကလော့ပ်က ကိုနတေးကို အဓိက ထုတ်သုံးရမယ်လို့လည်း ယူဆထားရတာဖြစ်တယ်။

ရာသီကြို အားလပ်ရက်မှာ ကိုနတေးကို လီဗာပူးအလံ၊ အသုံးအဆောင်ပစ္စည်းတွေဖြင့် မကြာခဏ မြင်ထားရတယ်။ အခုလို သူ့ကျောနံပါတ်ပါ လီဗာပူးဂျာစီကို ကိုင်ဆောင်ပြခဲ့တာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုက ပြင်သစ်က သူ့ရဲ့ နေအိမ်နးမှာ လုပ်ခဲ့ခြင်းလို့ ယူဆရပါတယ်။

ကိုနတေးက ကျောနံပါတ် ၅ ပါ လီဗာပူးဂျာစီကို ကိုင်ဆောင်ထားပြီး နောက်မှာတော့ လီဗာပူးအလံကို ကိုင်ထားတဲ့ အပေါင်းအပါတွေနဲ့အတူ မီးရှုးမီးပန်းတွေပါ ပစ်ဖောက်ပြီး ဂုဏ်ပြုနေကြတာဖြစ်တယ်။ အဆိုပါနံပါတ်ဟာ ကွင်းလယ်လူဟောင်း ဝိုက်နယ်ဒမ် ဝတ်ဆင်ခဲ့ကာ လက်ရှိမှာ ဝတ်ဆင်သူမရှိ လစ်လှပ်နေတာ ဖြစ်ပါတယ်။

ဂျူလိုင်လ ၁၂ ရက်နေ့မှာပဲ ကိုနတေးက ခါဘီကို ရောက်ရှိကြောင်း သတင်းပို့ရမှာဖြစ်တယ်။ သူဟာ သြဂုတ်လ ၁၄ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် နော့ဝစ်နဲ့ပွဲမှာ ပါဝင်ကစားခွင့်ရမယ်လို့ မှန်းဆခံထားရပါတယ်။

ZAWGYI

ဒီေႏြအတြက္ လီဗာပူးရဲ႕ ပထမဆံုးေခၚယူမႈျဖစ္တဲ့ ခံစစ္မွဴး ကိုနေတးက လီဗာပူးအသင္းမွာ သူဝတ္ဆင္ကစားမယ့္ ေက်ာနံပါတ္ကို မိတ္ဆက္မႈ ျပဳလုပ္သြားပါတယ္။

လာမယ့္အပတ္မွာေတာ့ လိုက္ဇစ္ကေန ေပါင္ ၃၆ သန္း အကုန္အက်ခံ ေခၚယူထားတဲ့ ကိုနေတးဟာ ခါဘီမွာ တရားဝင္ ေလ့က်င့္ေရး ဆင္းမွာျဖစ္တယ္။ အသက္ ၂၂ ႏွစ္အရြယ္ ျပင္သစ္သားဟာ ျပီးခဲ့တဲ့လကပဲ လီဗာပူးအသင္းနဲ႔ ၅ ႏွစ္စာခ်ဳပ္ရွိမယ့္ တရားဝင္ စာခ်ဳပ္ကို လက္မွတ္ထိုးထားခဲ့သူျဖစ္တယ္။

မႏွစ္ကရာသီမွာ ကာလရွည္ ဒဏ္ရာေတြျဖင့္ ဗဟိုခံစစ္ပိုင္းမွာ ဒဏ္ရာျပႆနာေတြ ရွိခဲ့ျခင္းေၾကာင့္ ရာသီသစ္အတြက္ ရည္ရြယ္ျပီး မန္ေနဂ်ာကေလာ့ပ္က သူ႔ကို ေခၚယူခဲ့ျခင္း ျဖစ္ပါတယ္။ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔က ကာလရွည္ ဒဏ္ရာေတြရခဲ့ျခင္းေၾကာင့္ လာမယ့္ရာသီမွာ မန္ေနဂ်ာကေလာ့ပ္က ကိုနေတးကို အဓိက ထုတ္သံုးရမယ္လို႔လည္း ယူဆထားရတာျဖစ္တယ္။

ရာသီၾကိဳ အားလပ္ရက္မွာ ကိုနေတးကို လီဗာပူးအလံ၊ အသံုးအေဆာင္ပစၥည္းေတြျဖင့္ မၾကာခဏ ျမင္ထားရတယ္။ အခုလို သူ႔ေက်ာနံပါတ္ပါ လီဗာပူးဂ်ာစီကို ကိုင္ေဆာင္ျပခဲ့တာကေတာ့ ပထမဆံုးအၾကိမ္ ျဖစ္ပါတယ္။ အဆိုပါ ဗီဒီယိုက ျပင္သစ္က သူ႔ရဲ႕ ေနအိမ္နးမွာ လုပ္ခဲ့ျခင္းလို႔ ယူဆရပါတယ္။

ကိုနေတးက ေက်ာနံပါတ္ ၅ ပါ လီဗာပူးဂ်ာစီကို ကိုင္ေဆာင္ထားျပီး ေနာက္မွာေတာ့ လီဗာပူးအလံကို ကိုင္ထားတဲ့ အေပါင္းအပါေတြနဲ႔အတူ မီးရႈးမီးပန္းေတြပါ ပစ္ေဖာက္ျပီး ဂုဏ္ျပဳေနၾကတာျဖစ္တယ္။ အဆိုပါနံပါတ္ဟာ ကြင္းလယ္လူေဟာင္း ဝိုက္နယ္ဒမ္ ဝတ္ဆင္ခဲ့ကာ လက္ရွိမွာ ဝတ္ဆင္သူမရွိ လစ္လွပ္ေနတာ ျဖစ္ပါတယ္။

ဂ်ဴလိုင္လ ၁၂ ရက္ေန႔မွာပဲ ကိုနေတးက ခါဘီကို ေရာက္ရွိေၾကာင္း သတင္းပို႔ရမွာျဖစ္တယ္။ သူဟာ ၾသဂုတ္လ ၁၄ ရက္ေန႔မွာ ယွဥ္ျပိဳင္မယ့္ ေနာ့ဝစ္နဲ႔ပြဲမွာ ပါဝင္ကစားခြင့္ရမယ္လို႔ မွန္းဆခံထားရပါတယ္။