လီဗာပူးအသင်းဟာ ဒီနွေမှာ အိုရီဂီ၊ ဂရုဂျစ်တို့ကို ရှင်းထုတ်ဖို့ ကြိုးစားနေပြီး ညိနှိုင်းမှုတွေ ရှိနေမယ်လို့ ယုံကြည်ထားရတယ်။

လီဗာပူးသတင်းထောက်တွေရဲ့ ဖော်ပြနေမှုမှာ ကလပ်လိုချင်တဲ့ ပမာဏနဲ့ နီးနီးကပ်ကပ် ကမ်းလှမ်းမှုတွေ မရှိသေးပါဘူး။ တရားဝင် ကမ်းလှမ်းမှုတွေလည်း မရသေးတဲ့ အနေအထားမှာ အားကစားဒါရိုက်တာ အတ်ဝပ်က သူတို့ကို ရောင်းထုတ်ဖို့ ဝယ်လက်ရှာနေတယ်လို့ နားလည်ထားရတာဖြစ်တယ်။

ဘယ်ဂျီယံ တိုက်စစ်သမားကို ခေါ်ယူဖို့ ဝုဗ်အသင်းက ကာလရှည် စိတ်ဝင်စားနေခဲ့ပြီး မနှစ်တုန်းကဆိုရင် ကလပ်နှစ်သင်းကြား သဘောတူညီမှုတောင် ရခဲ့ပါသေးတယ်။ ဒါပေမယ့် အိုရီဂီက အသင်းပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့နောက် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့သလို ဘယ်ဂျီယံကို ပြန်ဖို့လည်း အိုရီဂီက ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေ ကြားသိရတယ်။

ဒီနွေမှာလည်း အိုရီဂီအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဝန်းကျင်ရဖို့ လီဗာပူးဘက်က မျှော်လင့်ထားတယ်။ ဘယ်ဂျီယံကလပ် ဂျန့်အသင်းက အိုရီဂီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူတို့ဘက်ကတော့ ပေါင် ၁၀.၂၇ သန်းထက် ပိုပေးသွားဖွယ် မရှိပါဘူး။

ထိုနည်းတူ ပေါ်တိုအသင်းထံ အငှားချထားတဲ့ ကွင်းလယ်လူ ဂရုဂျစ်ကိုလည်း ယူရို ၁၇ သန်းလောက်ဖြင့် ရောင်းထုတ်ဖို့ လီဗာပူးဘက်က မျှော်လင့်ထားတယ်။ ပေါ်တိုကတော့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၈.၅ သန်း အပါအဝင် ပြောင်းရွှေ့ကြေး ပေါင် ၁၁.၁ သန်းလောက်ပဲ ပေးဖို့ မျှော်လင့်ထားပါတယ်။

ဥရောပဘောလုံးအသင်းတွေဟာ လာမယ့်ရာသီမှာ ပရိသတ်တွေကို ကွင်းထဲ ပြန်ဝင်ခွင့် ပေးနိုင်မှာဖြစ်ပေမယ့် ကိုဗစ်ကပ်ဘေး ရိုက်ခတ်မှုကနေ အလုံးစုံ လွတ်မြောက်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘဏ္ဍာရေး ချွေတာမှုတွေ ရှိနိုင်လို့ လီဗာပူးရဲ့ ကစားသမား ရှင်းထုတ်ရေးတွေက ခက်ခဲမှုတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာ အိုရီဂီ၊ ဂရုဂ်စ္တို႔ကို ရွင္းထုတ္ဖို႔ ၾကိဳးစားေနျပီး ညိႏိႈင္းမႈေတြ ရွိေနမယ္လို႔ ယံုၾကည္ထားရတယ္။

လီဗာပူးသတင္းေထာက္ေတြရဲ႕ ေဖာ္ျပေနမႈမွာ ကလပ္လိုခ်င္တဲ့ ပမာဏနဲ႔ နီးနီးကပ္ကပ္ ကမ္းလွမ္းမႈေတြ မရွိေသးပါဘူး။ တရားဝင္ ကမ္းလွမ္းမႈေတြလည္း မရေသးတဲ့ အေနအထားမွာ အားကစားဒါရိုက္တာ အတ္ဝပ္က သူတို႔ကို ေရာင္းထုတ္ဖို႔ ဝယ္လက္ရွာေနတယ္လို႔ နားလည္ထားရတာျဖစ္တယ္။

ဘယ္ဂ်ီယံ တိုက္စစ္သမားကို ေခၚယူဖို႔ ဝုဗ္အသင္းက ကာလရွည္ စိတ္ဝင္စားေနခဲ့ျပီး မႏွစ္တုန္းကဆိုရင္ ကလပ္ႏွစ္သင္းၾကား သေဘာတူညီမႈေတာင္ ရခဲ့ပါေသးတယ္။ ဒါေပမယ့္ အိုရီဂီက အသင္းေျပာင္းဖို႔ ျငင္းဆန္ခဲ့တဲ့ေနာက္ အေျပာင္းအေရႊ႔ မျဖစ္ေျမာက္ခဲ့သလို ဘယ္ဂ်ီယံကို ျပန္ဖို႔လည္း အိုရီဂီက ျငင္းဆန္ခဲ့တယ္လို႔ သတင္းေတြ ၾကားသိရတယ္။

ဒီေႏြမွာလည္း အိုရီဂီအတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၂၀ ဝန္းက်င္ရဖို႔ လီဗာပူးဘက္က ေမွ်ာ္လင့္ထားတယ္။ ဘယ္ဂ်ီယံကလပ္ ဂ်န္႔အသင္းက အိုရီဂီကို ေခၚယူဖို႔ စိတ္ဝင္စားေနျပီး သူတို႔ဘက္ကေတာ့ ေပါင္ ၁၀.၂၇ သန္းထက္ ပိုေပးသြားဖြယ္ မရွိပါဘူး။

ထိုနည္းတူ ေပၚတိုအသင္းထံ အငွားခ်ထားတဲ့ ကြင္းလယ္လူ ဂရုဂ်စ္ကိုလည္း ယူရို ၁၇ သန္းေလာက္ျဖင့္ ေရာင္းထုတ္ဖို႔ လီဗာပူးဘက္က ေမွ်ာ္လင့္ထားတယ္။ ေပၚတိုကေတာ့ ကနဦး ေျပာင္းေရႊ႔ေၾကး ေပါင္ ၈.၅ သန္း အပါအဝင္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၁.၁ သန္းေလာက္ပဲ ေပးဖို႔ ေမွ်ာ္လင့္ထားပါတယ္။

ဥေရာပေဘာလံုးအသင္းေတြဟာ လာမယ့္ရာသီမွာ ပရိသတ္ေတြကို ကြင္းထဲ ျပန္ဝင္ခြင့္ ေပးႏုိင္မွာျဖစ္ေပမယ့္ ကိုဗစ္ကပ္ေဘး ရိုက္ခတ္မႈကေန အလံုးစံု လြတ္ေျမာက္ဦးမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဘ႑ာေရး ေခၽြတာမႈေတြ ရွိႏုိင္လို႔ လီဗာပူးရဲ႕ ကစားသမား ရွင္းထုတ္ေရးေတြက ခက္ခဲမႈေတြ ရွိေနဦးမွာ ျဖစ္ပါတယ္။