ဒီကနေ့မှာပဲ လီဗာပူးအသင်းက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် ဝတ်ဆင်ကစားမယ့် အဝေးကွင်း ဂျာစီသစ်ကို မိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ် စတင်ဖို့ ၅ ပတ်လောက်အလိုမှာပဲ ဂျာစီသစ်ကို ထုတ်ပြခဲ့ခြင်းဖြစ်ကာ ဒီတစ်ကြိမ် Nike ရဲ့ ဖန်တီးမှုက ၉၆-၉၇ ခုနှစ်က လီဗာပူးရဲ့ အဝေးကွင်းဂျာစီ ဒီဇိုင်းကို မှီငြမ်းခြင်းဖြစ်တယ်လို့ သိရတယ်။ အဆိုပါ ဒီဇိုင်းကိုပဲ သုံးရောင်ခြယ် မျဉ်းတွေ ထည့်သွင်းခြင်းတွေဖြင့် ဆန်းသစ်တဲ့ ပြုပြင် ဖန်တီးမှုတွေ ပြုလုပ်ထားခြင်းဖြစ်တယ်။

လည်ကုပ်ပေါ်မှာတော့ ဟေးဘရော့ဖြစ်ရပ်မှာ ကွယ်လွန်သွားကြတဲ့ လီဗာပူးပရိသတ် ၉၆ ဦးအတွက် အောက်မေ့ဖွယ် အမှတ်အသားလည်း ပါဝင်ပါတယ်။ အဖြူရောင်အသားပေးတဲ့ အဆိုပါဂျာစီကို အနက်ရောင် ဘောင်ဘီ၊ ခြေအိတ် အဖြူရောင်တို့ဖြင့် တွဲဘက် ဝတ်ဆင်မှာဖြစ်ပါတယ်။

မာဆေးဆိုဒ်သား ကားတစ်ဂျုံးက “ ပရိသတ်တွေက ဒီဂျာစီကို မြတ်နိုးကြပါလိမ့်မယ်။ ဒါက မြို့တော်ရဲ့ ပုံရိပ်ကို အပြည့်အဝ ထင်ဟပ်စေသလို ၉၀ ခုနှစ်တွေက ဒီဇိုင်းတွေကို ပြန်လည် မှီငြမ်း ဖန်တီးထားခြင်းဖြစ်တယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။

လီဗာပူးအသင်းဟာ ၉၀ ခုနှစ် အကျော်တွေမှာ အဖြူရောင်နဲ့ အစိမ်းရောင်ကို အသားပေးတဲ့ ဂျာစီ ဒီဇိုင်းတွေကို အသုံးပြုခဲ့ပါတယ်။ မန်နေဂျာဟောင်းကြီး ဂျရတ် ဟူးလီယာ ပထမဆုံး ကိုင်တွယ်တဲ့ ဘောလုံးရာသီတုန်းကလည်း အခုလိုပဲ ကော်လံပါတဲ့ အဝေးကွင်းဂျာစီဒီဇိုင်းကို ဝတ်ဆင်ခဲ့ပါတယ်။

လီဗာပူးအသင်းက အဝေးကွင်းဂျာစီနဲ့အတူ ခံစစ်မှူးသစ် ကိုနတေးကိုလည်း တရားဝင် မိတ်ဆက်ပေးမှု ပြုလုပ်ခဲ့တယ်။ လာမယ့်ရာသီအတွက် အဝေးကွင်းဂျာစီဟာ လီဗာပူးပရိသတ်တွေကြား သဘောတွေ့ခြင်းခံရတဲ့ ဂျာစီဒီဇိုင်းဖြစ်လာသလို Nike နဲ့ လက်တွဲမှု ကာလအတွင်း အကောင်းဆုံး ဂျာစီအဖြစ်ပါ အမှတ်ပေးခံနေရတာဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔မွာပဲ လီဗာပူးအသင္းက ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီအတြက္ ဝတ္ဆင္ကစားမယ့္ အေဝးကြင္း ဂ်ာစီသစ္ကို မိတ္ဆက္ခဲ့ျပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ စတင္ဖို႔ ၅ ပတ္ေလာက္အလိုမွာပဲ ဂ်ာစီသစ္ကို ထုတ္ျပခဲ့ျခင္းျဖစ္ကာ ဒီတစ္ၾကိမ္ Nike ရဲ႕ ဖန္တီးမႈက ၉၆-၉၇ ခုႏွစ္က လီဗာပူးရဲ႕ အေဝးကြင္းဂ်ာစီ ဒီဇိုင္းကို မွီျငမ္းျခင္းျဖစ္တယ္လို႔ သိရတယ္။ အဆိုပါ ဒီဇိုင္းကိုပဲ သံုးေရာင္ျခယ္ မ်ဥ္းေတြ ထည့္သြင္းျခင္းေတြျဖင့္ ဆန္းသစ္တဲ့ ျပဳျပင္ ဖန္တီးမႈေတြ ျပဳလုပ္ထားျခင္းျဖစ္တယ္။

လည္ကုပ္ေပၚမွာေတာ့ ေဟးဘေရာ့ျဖစ္ရပ္မွာ ကြယ္လြန္သြားၾကတဲ့ လီဗာပူးပရိသတ္ ၉၆ ဦးအတြက္ ေအာက္ေမ့ဖြယ္ အမွတ္အသားလည္း ပါဝင္ပါတယ္။ အျဖဴေရာင္အသားေပးတဲ့ အဆိုပါဂ်ာစီကို အနက္ေရာင္ ေဘာင္ဘီ၊ ေျခအိတ္ အျဖဴေရာင္တို႔ျဖင့္ တြဲဘက္ ဝတ္ဆင္မွာျဖစ္ပါတယ္။

မာေဆးဆိုဒ္သား ကားတစ္ဂ်ံဳးက “ ပရိသတ္ေတြက ဒီဂ်ာစီကို ျမတ္ႏိုးၾကပါလိမ့္မယ္။ ဒါက ျမိဳ႔ေတာ္ရဲ႕ ပံုရိပ္ကို အျပည့္အဝ ထင္ဟပ္ေစသလို ၉၀ ခုႏွစ္ေတြက ဒီဇိုင္းေတြကို ျပန္လည္ မွီျငမ္း ဖန္တီးထားျခင္းျဖစ္တယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တယ္။

လီဗာပူးအသင္းဟာ ၉၀ ခုႏွစ္ အေက်ာ္ေတြမွာ အျဖဴေရာင္နဲ႔ အစိမ္းေရာင္ကို အသားေပးတဲ့ ဂ်ာစီ ဒီဇိုင္းေတြကို အသံုးျပဳခဲ့ပါတယ္။ မန္ေနဂ်ာေဟာင္းၾကီး ဂ်ရတ္ ဟူးလီယာ ပထမဆံုး ကိုင္တြယ္တဲ့ ေဘာလံုးရာသီတုန္းကလည္း အခုလိုပဲ ေကာ္လံပါတဲ့ အေဝးကြင္းဂ်ာစီဒီဇိုင္းကို ဝတ္ဆင္ခဲ့ပါတယ္။

လီဗာပူးအသင္းက အေဝးကြင္းဂ်ာစီနဲ႔အတူ ခံစစ္မွဴးသစ္ ကိုနေတးကိုလည္း တရားဝင္ မိတ္ဆက္ေပးမႈ ျပဳလုပ္ခဲ့တယ္။ လာမယ့္ရာသီအတြက္ အေဝးကြင္းဂ်ာစီဟာ လီဗာပူးပရိသတ္ေတြၾကား သေဘာေတြ႔ျခင္းခံရတဲ့ ဂ်ာစီဒီဇိုင္းျဖစ္လာသလို Nike နဲ႔ လက္တြဲမႈ ကာလအတြင္း အေကာင္းဆံုး ဂ်ာစီအျဖစ္ပါ အမွတ္ေပးခံေနရတာျဖစ္ပါတယ္။