ပီအက်စ်ဗီ မန်နေဂျာ Roger Schmidt က သူ့အသင်း ကစားသမားတွေဖြစ်တဲ့ မာလန်နဲ့ ဒမ်ဖလိုင်းတို့ဟာ ဒီနွေမှာပဲ ကလပ်ကို လမ်းခွဲသွားမယ်လို့ ထုတ်ပြောထားပြီဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် အာဆင်နယ်ကစားသမားဟောင်း မာလန်းဟာ နယ်သာလန် ပြင်ပကလပ်ထံ ပြောင်းဖို့ရှိနေကြောင်း ဒတ်ချ်သတင်းတွေက ဖော်ပြလာခဲ့တယ်။ ပီအက်စ်ဗီအသင်းဆိုင်ရာ နယ်သာလန်သတင်းထောက် Marco Timmer က လီဗာပူးနဲ့ ဒေါ့မွန်တို့ဟာ မာလန်းကို ခေါ်ယူနိုင်ရေးအတွက် ကစားသမားရဲ့ အေးဂျင့် ရိုင်အိုလာနဲ့ ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။

Timmer က ရှင်းပြရာမှာ မာလန်းကော ညာအစွန်လူ ဒမ်ဖလိုင်းအတွက်ပါ အခြားသော ကလပ်တွေဖြင့် ဆွေးနွေးဖို့ကို ပီအက်စ်ဂျီဘက်က ခွင့်ပြုထားတယ်။ အခုချိန်ထိ ကလပ်တွေဘက်က တရားဝင် ချိတ်ဆက်ခြင်းတွေ မလုပ်သေးပေမယ့် ညိနှိုင်း စကားပြောမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဂုဏ်သိက္ခာရှိ နယ်သာလန် သတင်းထောက် Rik Elfrink ကလည်း မာလန်းကို ခေါ်ယူဖို့ လီဗာပူးက အလေးအနက် စိတ်ဝင်စားနေတယ်လို့ ဖော်ပြတယ်။ “ ပီအက်စ်ဗီအသင်းထံ တစ်သင်းသင်းက ဦးအောင် ကမ်းလှမ်းသွားဖို့ကတော့ စောင့်နေရဆဲပါ ” လို့ Elfrink က ဆက်ရှင်းပြပါတယ်။

ဒါဟာ ဒီကနေ့ခေတ် အပြောင်းအရွှေ့ ချိတ်ဆက်မှု ပုံစံဖြစ်ပြီး ကလပ်တွေဟာ ပေးရမယ့် ပြောင်းရွှေ့ကြေးအတွက် အကြို စကားပြောမှုတွေလုပ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး ညိနှိုင်းမှုကို အဖြေရှာကာ အခြေအနေကောင်းမှ တရားဝင် ကမ်းလှမ်းမှုတွေ စတင်လေ့ရှိတာဖြစ်တယ်။

လီဗာပူးက ကလပ်နဲ့ အံဝင်မယ့် တိုက်စစ်သမားသစ်ကို ရှာဖွေနေပြီး အဆိုပါ တိုက်စစ်သမားက အထောင်တိုက်စစ်နေရာကို အဓိက ကစားပေးရဖို့ ရှိနေတယ်လို့ သိထားရတာ ဖြစ်ပါတယ်။

ZAWGYI

ပီအက္စ္ဗီ မန္ေနဂ်ာ Roger Schmidt က သူ႔အသင္း ကစားသမားေတြျဖစ္တဲ့ မာလန္နဲ႔ ဒမ္ဖလိုင္းတို႔ဟာ ဒီေႏြမွာပဲ ကလပ္ကို လမ္းခြဲသြားမယ္လို႔ ထုတ္ေျပာထားျပီျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ အာဆင္နယ္ကစားသမားေဟာင္း မာလန္းဟာ နယ္သာလန္ ျပင္ပကလပ္ထံ ေျပာင္းဖို႔ရွိေနေၾကာင္း ဒတ္ခ်္သတင္းေတြက ေဖာ္ျပလာခဲ့တယ္။ ပီအက္စ္ဗီအသင္းဆိုင္ရာ နယ္သာလန္သတင္းေထာက္ Marco Timmer က လီဗာပူးနဲ႔ ေဒါ့မြန္တို႔ဟာ မာလန္းကို ေခၚယူႏုိင္ေရးအတြက္ ကစားသမားရဲ႕ ေအးဂ်င့္ ရိုင္အိုလာနဲ႔ ခ်ိတ္ဆက္ေနတယ္လို႔ ဆိုပါတယ္။

Timmer က ရွင္းျပရာမွာ မာလန္းေကာ ညာအစြန္လူ ဒမ္ဖလိုင္းအတြက္ပါ အျခားေသာ ကလပ္ေတြျဖင့္ ေဆြးေႏြးဖို႔ကို ပီအက္စ္ဂ်ီဘက္က ခြင့္ျပဳထားတယ္။ အခုခ်ိန္ထိ ကလပ္ေတြဘက္က တရားဝင္ ခ်ိတ္ဆက္ျခင္းေတြ မလုပ္ေသးေပမယ့္ ညိႏိႈင္း စကားေျပာမႈေတြ ရွိေနတယ္လို႔ ဆိုပါတယ္။

ဂုဏ္သိကၡာရွိ နယ္သာလန္ သတင္းေထာက္ Rik Elfrink ကလည္း မာလန္းကို ေခၚယူဖို႔ လီဗာပူးက အေလးအနက္ စိတ္ဝင္စားေနတယ္လို႔ ေဖာ္ျပတယ္။ “ ပီအက္စ္ဗီအသင္းထံ တစ္သင္းသင္းက ဦးေအာင္ ကမ္းလွမ္းသြားဖို႔ကေတာ့ ေစာင့္ေနရဆဲပါ ” လို႔ Elfrink က ဆက္ရွင္းျပပါတယ္။

ဒါဟာ ဒီကေန႔ေခတ္ အေျပာင္းအေရႊ႔ ခ်ိတ္ဆက္မႈ ပံုစံျဖစ္ျပီး ကလပ္ေတြဟာ ေပးရမယ့္ ေျပာင္းေရႊ႔ေၾကးအတြက္ အၾကိဳ စကားေျပာမႈေတြလုပ္ျပီး ကစားသမားနဲ႔ ပုဂၢိဳလ္ေရး ညိႏိႈင္းမႈကို အေျဖရွာကာ အေျခအေနေကာင္းမွ တရားဝင္ ကမ္းလွမ္းမႈေတြ စတင္ေလ့ရွိတာျဖစ္တယ္။

လီဗာပူးက ကလပ္နဲ႔ အံဝင္မယ့္ တိုက္စစ္သမားသစ္ကို ရွာေဖြေနျပီး အဆိုပါ တိုက္စစ္သမားက အေထာင္တုိက္စစ္ေနရာကို အဓိက ကစားေပးရဖို႔ ရွိေနတယ္လို႔ သိထားရတာ ျဖစ္ပါတယ္။