ဘာစီလိုနာဟာ ကလပ်တွင်း ဘဏ္ဍာရေး အခက်အခဲတွေကြောင့် ဒီနွေမှာ ကစားသမား ရောင်းထုတ်မှုတွေကို ပြုလုပ်နေပြီး ကော်တင်ညိုကိုလည်း ပြန်လည် ရောင်းထုတ်လိုနေပါတယ်။

လက်တလော ထွက်ပေါ်နေတဲ့ သတင်းအရ ၂၀၁၈ တုန်းက လီဗာပူးကနေ ပေါင် ၁၄၃ သန်းဖြင့် ခေါ်ယူထားခဲ့တဲ့ ကော်တင်ညိုအတွက် ပေါင် ၂၁ သန်း ရရင်ကို ရောင်းထုတ်ပေးဖို့ ဘာစီလိုနာဘက်က ပြင်ဆင်ထားတယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်သမားဟာ ဘာစီလိုနာရဲ့ တတိယမြောက် လုပ်ခအမြင့်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ကလပ်ရဲ့ လုပ်ခကို ဆက်တိုက် လျော့ချနေရခြင်းကြောင့်လည်း ကော်တင်ညိုကို ရောင်းထုတ်လိုနေခြင်းဖြစ်ကာ ယာဂင်ကလော့ပ်ကတော့ ဘရာဇီးသား ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ကူးမရှိတာ ဖြစ်ပါတယ်။

စပိန်သတင်းဌာနက ဖော်ပြရာမှာ ” ကော်တင်ညိုရဲ့ အိပ်မက်က ဒီနွေမှာ လီဗာပူးအသင်းထံ ပြန်ခွင့်ရဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ယာဂင်က အပြောင်းအရွှေ့ကိစ္စ ဖြစ်လာဖို့ကို လက်ခံမှာ မဟုတ်ပါဘူး။ ဂျာမာန်သားမန်နေဂျာက တိုက်စစ်သမားနဲ့ ပြန်လည် လက်တွဲဖို့ဖြစ်လာနိုင်တဲ့ ကိစ္စကို ခပ်မြန်မြန် တံခါးပိတ်ထားခဲ့တယ်။ သူက ကော်တင်ညိုကို ပြန်ခေါ်ယူလိုခြင်း မရှိပါဘူး။ ” လို့ ဖြစ်ပါတယ်။

လက်တလောမှာ လီဗာပူးအသင်းက ပီအက်စ်ဗီတိုက်စစ်သမား မာလန်း၊ လိုင်လီကွင်းလယ်လူ ဆန်းချက်တို့ဖြင့် သတင်းတွေ ထွက်နေဆဲဖြစ်တယ်။ ဒီရက်ပိုင်းမှာ လီဗာပူးနဲ့ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ဆောတို့ကြား သတင်းထွက်နေမှုလည်း ရှိပေမယ့် အတည်ပြုနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။

ZAWGYI

ဘာစီလိုနာဟာ ကလပ္တြင္း ဘ႑ာေရး အခက္အခဲေတြေၾကာင့္ ဒီေႏြမွာ ကစားသမား ေရာင္းထုတ္မႈေတြကို ျပဳလုပ္ေနျပီး ေကာ္တင္ညိဳကိုလည္း ျပန္လည္ ေရာင္းထုတ္လိုေနပါတယ္။

လက္တေလာ ထြက္ေပၚေနတ့ဲ သတင္းအရ ၂၀၁၈ တုန္းက လီဗာပူးကေန ေပါင္ ၁၄၃ သန္းျဖင့္ ေခၚယူထားခဲ့တဲ့ ေကာ္တင္ညိဳအတြက္ ေပါင္ ၂၁ သန္း ရရင္ကို ေရာင္းထုတ္ေပးဖို႔ ဘာစီလိုနာဘက္က ျပင္ဆင္ထားတယ္။ အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ဘာစီလိုနာရဲ႕ တတိယေျမာက္ လုပ္ခအျမင့္ဆံုး ကစားသမားလည္း ျဖစ္ပါတယ္။

ဘာစီလိုနာဟာ ကလပ္ရဲ႕ လုပ္ခကို ဆက္တိုက္ ေလ်ာ့ခ်ေနရျခင္းေၾကာင့္လည္း ေကာ္တင္ညိဳကို ေရာင္းထုတ္လိုေနျခင္းျဖစ္ကာ ယာဂင္ကေလာ့ပ္ကေတာ့ ဘရာဇီးသား ကြင္းလယ္လူကို ေခၚယူဖို႔ စိတ္ကူးမရွိတာ ျဖစ္ပါတယ္။

စပိန္သတင္းဌာနက ေဖာ္ျပရာမွာ ” ေကာ္တင္ညိဳရဲ႕ အိပ္မက္က ဒီေႏြမွာ လီဗာပူးအသင္းထံ ျပန္ခြင့္ရဖို႔ ျဖစ္ပါတယ္။ ဒါေပမယ့္ ယာဂင္က အေျပာင္းအေရႊ႔ကိစၥ ျဖစ္လာဖို႔ကို လက္ခံမွာ မဟုတ္ပါဘူး။ ဂ်ာမာန္သားမန္ေနဂ်ာက တိုက္စစ္သမားနဲ႔ ျပန္လည္ လက္တြဲဖို႔ျဖစ္လာႏုိင္တဲ့ ကိစၥကို ခပ္ျမန္ျမန္ တံခါးပိတ္ထားခဲ့တယ္။ သူက ေကာ္တင္ညိဳကို ျပန္ေခၚယူလိုျခင္း မရွိပါဘူး။ ” လို႔ ျဖစ္ပါတယ္။

လက္တေလာမွာ လီဗာပူးအသင္းက ပီအက္စ္ဗီတိုက္စစ္သမား မာလန္း၊ လိုင္လီကြင္းလယ္လူ ဆန္းခ်က္တို႔ျဖင့္ သတင္းေတြ ထြက္ေနဆဲျဖစ္တယ္။ ဒီရက္ပိုင္းမွာ လီဗာပူးနဲ႔ အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္လူ ေဆာတို႔ၾကား သတင္းထြက္ေနမႈလည္း ရွိေပမယ့္ အတည္ျပဳႏုိင္ျခင္း မရွိေသးတာျဖစ္ပါတယ္။