စပိန်မန်နေဂျာကြီး ရာဖာ ဘင်နီတက်စ်ဟာ အဲဗာတန်အသင်း မန်နေဂျာရာထူးအတွက် ၃ နှစ်စာချုပ်ဖြင့် သဘောတူညီခဲ့ပြီဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့ အဓိက ရှယ်ရာရှင် ဖာဂတ် မိုရှီရီဟာ သမိုင်းဝင် ကိစ္စတစ်ခုကို လုပ်ဆောင်လိုက်ခြင်းဖြစ်ပြီး ရာဖာ ဘင်နီတက်စ်ဟာ ၁၈၉၀ ခုနှစ်တုန်းက လီဗာပူးနဲ့ အဲဗာတန် နှစ်သင်းလုံးကို ကိုင်တွယ်ခဲ့တဲ့ ဝီလီယမ် အတ်ဝတ် ဘာကလေ နောက်ပိုင်း မာဆေးဆိုဒ် နှစ်သင်းလုံးကို ကိုင်တွယ်တဲ့ ပထမဆုံး မန်နေဂျာ ဖြစ်လာပါတယ်။

အသက် ၆၁ နှစ်အရွယ် စပိန်သားဟာ အီတလီမှာ မိုရှီရီနဲ့ တွေ့ဆုံမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ရာက အဲဗာတန်ကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရခဲ့ခြင်းဖြစ်တယ်။ အဲဗာတန်က ရာဖာကို မန်နေဂျာအဖြစ် ခန့်အပ်ကြောင်း တရားဝင် ကြေညာချက်ကတော့ ဗုဒ္ဓဟူးနေ့မှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

၂၀၀၄ ကနေ ၂၀၁၀ ကြား လီဗာပူးကို ကိုင်တွယ်ခဲ့တဲ့ ရာဖာဟာ ၂၀၀၅ မှာ ချန်ပီယံလိဂ်ဆုဖလား အနိုင်ရအောင် ကြိုးစားပေးနိုင်ခဲ့တယ်။ အဆိုပါဖလားဟာ လီဗာပူးအသင်း သမိုင်းတစ်လျှောက် ၅ ကြိမ်မြောက်အနိုင်ရတဲ့ ချန်ပီယံလိဂ်ဆုဖလားဖြစ်လို့ အသင်းပြတိုက်မှာ ချန်ပီယံလိဂ်ဆုဖလား အစစ်တစ်လုံးကို ရောက်ရှိသွားစေခဲ့ပါတယ်။

ယူအီးအက်ဖ်အေသမိုင်းမှာ ချန်ပီယံလိဂ်ဆုဖလား အစစ် ချီးမြင့်ပေးခဲ့ရတဲ့ ကလပ်တွေအဖြစ် ရီးရဲလ်မက်ဒရစ်၊ အေဂျက်၊ ဘိုင်ယန်၊ မီလန်၊ လီဗာပူးနဲ့ ဘာစီလိုနာဆိုပြီး ၆ သင်းပဲ ရှိထားပါတယ်။ ၂၀၀၈-၂၀၀၉ ဘောလုံးရာသီကစလို့ ချန်ပီယံလိဂ် ၅ ကြိမ် အနိုင်ရ အသင်းတွေကို ဆုဖလား ၁ လုံးပေးမှု စည်းမျဉ်းကို ပယ်ဖျက်ခဲ့ပြီး မူရင်းဆုဖလားကို ယူအီးအက်ဖ်အေက ထိန်းသိမ်းထားကာ ပုံစံတူ ဆုဖလားကိုပဲ ပေးအပ်တော့တာဖြစ်ပါတယ်။

သမိုင်းတွင်စေတဲ့ ကိစ္စဖြစ်ခြင်းကြောင့် ရာဖာနဲ့ ၂၀၀၅ က အသင်းသားတွေကို လီဗာပူးပရိသတ်တွေက တန်ဖိုးထားခြင်းဖြစ်တယ်။ နောက်ပြီး ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်ဖလား အောင်မြင်မှုဟာ ဟေးဘရော့ဖြစ်ရပ်နောက်ပိုင်း လီဗာပူးအသင်းရဲ့ အကြီးကျယ်ဆုံး အောင်ပွဲဖြစ်တာကြောင့် အတိတ်က အောင်မြင်မှုတွေထံ ပြန်ရောက်နိုင်မယ့် ခြေလှမ်းအဖြစ်လည်း ပရိသတ်တွေက တန်ဖိုးထားကြပါတယ်။

လီဗာပူးနဲ့ အောင်မြင်မှုကြီးတွေ ရယူခဲ့သူကို တာဝန်ပေးခြင်းကြောင့်လည်း ပြိုင်ဘက် အဲဗာတန်ပရိသတ်တွေအတွက် ခါးသီးစရာကိစ္စ ဖြစ်နေခဲ့ရတာပါ။ ရာဖာကို ရာထူး ခန့်အပ်မယ်လို့ သတင်းကြီးစဉ်ကတည်းက မာဆေးဆိုဒ်ဘက်မှာ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ကိစ္စတွေပါ ဖြစ်ပေါ်ထားခဲ့ပြီး လာမယ့်ရာသီ လီဗာပူးနဲ့ အဲဗာတန် ဒါဘီပွဲကတော့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါပြီ။

ZAWGYI

စပိန္မန္ေနဂ်ာၾကီး ရာဖာ ဘင္နီတက္စ္ဟာ အဲဗာတန္အသင္း မန္ေနဂ်ာရာထူးအတြက္ ၃ ႏွစ္စာခ်ဳပ္ျဖင့္ သေဘာတူညီခဲ့ျပီျဖစ္ပါတယ္။

အဲဗာတန္အသင္းရဲ႕ အဓိက ရွယ္ရာရွင္ ဖာဂတ္ မိုရွီရီဟာ သမိုင္းဝင္ ကိစၥတစ္ခုကို လုပ္ေဆာင္လိုက္ျခင္းျဖစ္ျပီး ရာဖာ ဘင္နီတက္စ္ဟာ ၁၈၉၀ ခုႏွစ္တုန္းက လီဗာပူးနဲ႔ အဲဗာတန္ ႏွစ္သင္းလံုးကို ကိုင္တြယ္ခဲ့တဲ့ ဝီလီယမ္ အတ္ဝတ္ ဘာကေလ ေနာက္ပိုင္း မာေဆးဆိုဒ္ ႏွစ္သင္းလံုးကို ကိုင္တြယ္တဲ့ ပထမဆံုး မန္ေနဂ်ာ ျဖစ္လာပါတယ္။

အသက္ ၆၁ ႏွစ္အရြယ္ စပိန္သားဟာ အီတလီမွာ မိုရွီရီနဲ႔ ေတြ႔ဆံုမႈေတြ အၾကိမ္ၾကိမ္ လုပ္ခဲ့ရာက အဲဗာတန္ကို ကိုင္တြယ္ဖို႔ သေဘာတူညီမႈ ရခဲ့ျခင္းျဖစ္တယ္။ အဲဗာတန္က ရာဖာကို မန္ေနဂ်ာအျဖစ္ ခန္႔အပ္ေၾကာင္း တရားဝင္ ေၾကညာခ်က္ကေတာ့ ဗုဒၶဟူးေန႔မွာ ထြက္ရွိလာမယ္လို႔ သိရပါတယ္။

၂၀၀၄ ကေန ၂၀၁၀ ၾကား လီဗာပူးကို ကိုင္တြယ္ခဲ့တဲ့ ရာဖာဟာ ၂၀၀၅ မွာ ခ်န္ပီယံလိဂ္ဆုဖလား အႏုိင္ရေအာင္ ၾကိဳးစားေပးႏုိင္ခဲ့တယ္။ အဆိုပါဖလားဟာ လီဗာပူးအသင္း သမိုင္းတစ္ေလွ်ာက္ ၅ ၾကိမ္ေျမာက္အႏုိင္ရတဲ့ ခ်န္ပီယံလိဂ္ဆုဖလားျဖစ္လို႔ အသင္းျပတိုက္မွာ ခ်န္ပီယံလိဂ္ဆုဖလား အစစ္တစ္လံုးကို ေရာက္ရွိသြားေစခဲ့ပါတယ္။

ယူအီးအက္ဖ္ေအသမိုင္းမွာ ခ်န္ပီယံလိဂ္ဆုဖလား အစစ္ ခ်ီးျမင့္ေပးခဲ့ရတဲ့ ကလပ္ေတြအျဖစ္ ရီးရဲလ္မက္ဒရစ္၊ ေအဂ်က္၊ ဘိုင္ယန္၊ မီလန္၊ လီဗာပူးနဲ႔ ဘာစီလိုနာဆိုျပီး ၆ သင္းပဲ ရွိထားပါတယ္။ ၂၀၀၈-၂၀၀၉ ေဘာလံုးရာသီကစလို႔ ခ်န္ပီယံလိဂ္ ၅ ၾကိမ္ အႏုိင္ရ အသင္းေတြကို ဆုဖလား ၁ လံုးေပးမႈ စည္းမ်ဥ္းကို ပယ္ဖ်က္ခဲ့ျပီး မူရင္းဆုဖလားကို ယူအီးအက္ဖ္ေအက ထိန္းသိမ္းထားကာ ပံုစံတူ ဆုဖလားကိုပဲ ေပးအပ္ေတာ့တာျဖစ္ပါတယ္။

သမုိင္းတြင္ေစတဲ့ ကိစၥျဖစ္ျခင္းေၾကာင့္ ရာဖာနဲ႔ ၂၀၀၅ က အသင္းသားေတြကို လီဗာပူးပရိသတ္ေတြက တန္ဖိုးထားျခင္းျဖစ္တယ္။ ေနာက္ျပီး ၂၀၀၅ ခုႏွစ္ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္မႈဟာ ေဟးဘေရာ့ျဖစ္ရပ္ေနာက္ပိုင္း လီဗာပူးအသင္းရဲ႕ အၾကီးက်ယ္ဆံုး ေအာင္ပြဲျဖစ္တာေၾကာင့္ အတိတ္က ေအာင္ျမင္မႈေတြထံ ျပန္ေရာက္ႏုိင္မယ့္ ေျခလွမ္းအျဖစ္လည္း ပရိသတ္ေတြက တန္ဖိုးထားၾကပါတယ္။

လီဗာပူးနဲ႔ ေအာင္ျမင္မႈၾကီးေတြ ရယူခဲ့သူကို တာဝန္ေပးျခင္းေၾကာင့္လည္း ျပိဳင္ဘက္ အဲဗာတန္ပရိသတ္ေတြအတြက္ ခါးသီးစရာကိစၥ ျဖစ္ေနခဲ့ရတာပါ။ ရာဖာကို ရာထူး ခန္႔အပ္မယ္လို႔ သတင္းၾကီးစဥ္ကတည္းက မာေဆးဆိုဒ္ဘက္မွာ အသက္အႏၱရာယ္ ျခိမ္းေျခာက္တဲ့ ကိစၥေတြပါ ျဖစ္ေပၚထားခဲ့ျပီး လာမယ့္ရာသီ လီဗာပူးနဲ႔ အဲဗာတန္ ဒါဘီပြဲကေတာ့ အေတာ္ေလး စိတ္ဝင္စားဖို႔ ေကာင္းလာခဲ့ပါျပီ။