ရာသီသစ်အတွက် လီဗာပူးရဲ့ ပထမဆုံး လက်မှတ်ထိုးမှုဟာ ပြင်သစ်သား ခံစစ်မှူး ကိုနာတေး ဖြစ်လာတဲ့နောက် ယာဂင်ရဲ့ နည်းဗျူဟာ အပြောင်းအလဲ မြင်လာရတော့မလားဆိုပြီး ပရိသတ်တွေကြား မေးခွန်းရှိလာခဲ့ပါတယ်။

ယာဂင်ဟာ စာရွက်ပေါ်မှာ ၄-၃-၃ နည်းဗျူဟာ ချလေ့ရှိပေမယ့် တကယ်တမ်းမှာတော့ ဘယ်အစွန်နဲ့ ညာအစွန်ကိုပါ တိုက်စစ်တင်လေ့ရှိပြီး ၂-၃-၅ ဗျူဟာမျိုး ဆင်နွှဲသူလို့ မှတ်ချက်တွေလည်း ရထားခဲ့တယ်။ ဒါကြောင့် ရာသီသစ်မှာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ ကိုနာတေးတို့ဖြင့် ခံစစ် ၃ ဦးထားကာ ထရန့်၊ ရော်ဘတ်ဆန်တို့ကို အစွန်-တောင်ပံ ကစားစေမလားဆိုတဲ့ ယူဆချက်တွေ ထွက်ပေါ်ထားခဲ့ပါတယ်။

သို့ပေမယ့် အဆိုပါ နည်းစနစ်က ဖြစ်လာဖွယ် မရှိပါဘူး။ ယူရိုပြိုင်ပွဲမှာ ဂျာမနီအသင်း ၃-၄-၃ စနစ် အသုံးပြုနေမှုကို ကြည့်ပြီး အဆိုပါစနစ်ကို မနှစ်သက်ကြောင်း ယာဂင်က ထုတ်ပြောခဲ့တယ်။ ခံစစ်မှာ ၃ ယောက်တန်း ထားတာက အသင်းကို သက်သောင့်သက်သာ မရှိစေဘဲ ၄ ယောက်တန် ပုံစံကပဲ ပိုမို အဆင်ပြေတယ်လို့ သူက မြင်ပါတယ်။

ကလော့ပ်က ပြောရာမှာ “ မန်နေဂျာတိုင်းက ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ရှိကြတယ်ဆိုတော့ အကဲဖြတ်ပေးဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် ကျနော်က ခံစစ် ၄ ယောက်တန်း ကစားတာကိုပဲ ပိုပြီး သဘောကျပါတယ်။ ခံစစ် ၃ ယောက်တန်းကိုတော့ သိပ်မကြိုက်လှပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယာဂင်ဟာ ဒေါ့မွန်မှာတော့ ၄-၂-၃-၁ ကစားကွက်ဖြင့် နာမည်ကျော်ခဲ့ပါတယ်။ သူဟာ လီဗာပူးအသင်းမှာ ၄-၃-၃ ကစားကွက်ကို အကောင်အထည် ဖော်ခဲ့ပြီး တိုက်စစ် လူစာရင်း အပြည့်ထုတ်တဲ့ Fab Four ကစားကွက်ကလည်း ပရိသတ်တွေကို သဘောကျထားစေတာ ဖြစ်ပါတယ်။

ZAWGYI

ရာသီသစ္အတြက္ လီဗာပူးရဲ႕ ပထမဆံုး လက္မွတ္ထိုးမႈဟာ ျပင္သစ္သား ခံစစ္မွဴး ကိုနာေတး ျဖစ္လာတဲ့ေနာက္ ယာဂင္ရဲ႕ နည္းဗ်ဴဟာ အေျပာင္းအလဲ ျမင္လာရေတာ့မလားဆိုျပီး ပရိသတ္ေတြၾကား ေမးခြန္းရွိလာခဲ့ပါတယ္။

ယာဂင္ဟာ စာရြက္ေပၚမွာ ၄-၃-၃ နည္းဗ်ဴဟာ ခ်ေလ့ရွိေပမယ့္ တကယ္တမ္းမွာေတာ့ ဘယ္အစြန္နဲ႔ ညာအစြန္ကိုပါ တိုက္စစ္တင္ေလ့ရွိျပီး ၂-၃-၅ ဗ်ဴဟာမ်ိဳး ဆင္ႏႊဲသူလို႔ မွတ္ခ်က္ေတြလည္း ရထားခဲ့တယ္။ ဒါေၾကာင့္ ရာသီသစ္မွာ ဗန္ဒိုက္၊ ဂိုးမက္စ္၊ ကိုနာေတးတို႔ျဖင့္ ခံစစ္ ၃ ဦးထားကာ ထရန္႔၊ ေရာ္ဘတ္ဆန္တို႔ကို အစြန္-ေတာင္ပံ ကစားေစမလားဆိုတဲ့ ယူဆခ်က္ေတြ ထြက္ေပၚထားခဲ့ပါတယ္။

သို႔ေပမယ့္ အဆိုပါ နည္းစနစ္က ျဖစ္လာဖြယ္ မရွိပါဘူး။ ယူရိုျပိဳင္ပြဲမွာ ဂ်ာမနီအသင္း ၃-၄-၃ စနစ္ အသံုးျပဳေနမႈကို ၾကည့္ျပီး အဆိုပါစနစ္ကို မႏွစ္သက္ေၾကာင္း ယာဂင္က ထုတ္ေျပာခဲ့တယ္။ ခံစစ္မွာ ၃ ေယာက္တန္း ထားတာက အသင္းကို သက္ေသာင့္သက္သာ မရွိေစဘဲ ၄ ေယာက္တန္ ပံုစံကပဲ ပိုမို အဆင္ေျပတယ္လို႔ သူက ျမင္ပါတယ္။

ကေလာ့ပ္က ေျပာရာမွာ “ မန္ေနဂ်ာတိုင္းက ကိုယ္ပိုင္ ဆံုးျဖတ္ခ်က္ေတြ ရွိၾကတယ္ဆိုေတာ့ အကဲျဖတ္ေပးဖို႔က ခက္ခဲပါတယ္။ ဒါေပမယ့္ က်ေနာ္က ခံစစ္ ၄ ေယာက္တန္း ကစားတာကိုပဲ ပိုျပီး သေဘာက်ပါတယ္။ ခံစစ္ ၃ ေယာက္တန္းကိုေတာ့ သိပ္မၾကိဳက္လွပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယာဂင္ဟာ ေဒါ့မြန္မွာေတာ့ ၄-၂-၃-၁ ကစားကြက္ျဖင့္ နာမည္ေက်ာ္ခဲ့ပါတယ္။ သူဟာ လီဗာပူးအသင္းမွာ ၄-၃-၃ ကစားကြက္ကို အေကာင္အထည္ ေဖာ္ခဲ့ျပီး တိုက္စစ္ လူစာရင္း အျပည့္ထုတ္တဲ့ Fab Four ကစားကြက္ကလည္း ပရိသတ္ေတြကို သေဘာက်ထားေစတာ ျဖစ္ပါတယ္။