ယူရို ၂၀၂၀ ပြိုင်ပွဲဝင် ဂျာမနီအသင်းရဲ့ ခံစစ်ကစားပုံကို ယာဂင်ကလော့ပ် ဝေဖန်ခြင်းနဲ့ ပတ်သက်လို့ လက်ရွေးစင် မန်နေဂျာ ဂျိုအာချင်လိုးက တုန့်ပြန်လိုက်ပါတယ်။

ဂျာမာန်အသင်းဟာ ခံစစ် သုံးယောက်တန်းနဲ့ အစွန်-တောင်ပံသမားတွေ ထားတဲ့ နည်းစနစ်ကို ယူရို ပြိုင်ပွဲမှာ အသုံးပြုနေတာဖြစ်တယ်။ ယာဂင်ကလော့ပ်က ဂျာမနီကို ကွင်းလယ် ၃ ဦးထားစေတဲ့ နည်းစနစ်ကိုပဲ သုံးစေလိုပြီး ဂျိုအာချင်လိုးက သူလက်ရှိ သုံးနေတဲ့ နည်းစနစ်က အကောင်းဆုံးဖြစ်ကြောင်း ပြန်လည် ဖြေရှင်းလာခဲ့တယ်။

ဂျိုအာချင်လိုးရဲ့ နည်းစနစ်ကို မေးခွန်းထုတ်တဲ့ မန်နေဂျာတွေက ကလော့ပ် တစ်ဦးတည်း မဟုတ်ပေမယ့် ဂျာမနီမှာတော့ ယာဂင်ရဲ့ သြဇာက အတော်လေး ကြီးမားခြင်းကြောင့် လက်ရွေးစင် မန်နေဂျာက ပြန်လည် ဖြေရှင်းချက်ပေးလာရခြင်း ဖြစ်ပါတယ်။

ဂျိုအာချင်လိုးက “ မန်နေဂျာတိုင်းမှာ မတူညီတဲ့ ဘောလုံးအတွေးအမြင်နဲ့ အိုင်ဒီယာတွေ ရှိကြပါတယ်။ ကွင်းထဲမှာ ဘယ်လိုကစားစေတယ်ဆိုတာက အဆုံးအဖြတ် နည်းစနစ် မဟုတ်ပါဘူး။

မန်နေဂျာတိုင်းပေါ့။ ယာဂင်ဖြစ်ဖြစ်၊ ကျနော်ဖြစ်ဖြစ်၊ အင်္ဂလန်မန်နေဂျာဖြစ်ဖြစ် ကိုယ်အသင်းအတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ ခံစစ်အလုပ်နဲ့ တိုက်စစ်အလုပ်ကို လုပ်နိုင်ဖို့က အရေးကြီးပါတယ်။

မန်နေဂျာတိုင်းက ကိုယ်ရဲ့အသင်းအတွက် အကောင်းဆုံးဖြစ်မှာကို သိရပါတယ်။ ဘယ်နည်းပြကမှ ကိုယ်ကစားသမားတွေ မကစားနိုင်တဲ့ နည်းစနစ်မျိုးနဲ့ ကစားစေလိုမှာ မဟုတ်ပါဘူး။

နည်းပြတွေ ဘာပဲပြောပြော အရေးမကြီးပါဘူး။ လူတိုင်းက သူတို့အမြင်ရှိပြီး အဲ့အမြင်ကို ပြောလို့ရပါတယ်။ ဒါပေမယ့် ပွဲစဉ်ကိုတော့ အခြားသော အချက်တွေကပဲ ဆုံးဖြတ်ပေးတာပါ။ စနစ်ကြောင့် မဟုတ်ပါဘူး။

ဒီတစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း ပြောဖို့ လိုပါတယ်။ အနိုင်ရဖို့ကော အရေးနိမ့်မှုနဲ့ ပတ်သက်လို့ပါ အဆုံးအဖြတ် ပေးနိုင်မယ့် အခြားသော ကိစ္စတွေ အများကြီးရှိပါတယ်။ ခံစစ် သုံးယောက်တန်း၊ လေးယောက်တန်း ကစားလို့ရယ်ဆိုပြီးတော့ မဟုတ်ပါဘူး။ ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

ယူရို ၂၀၂၀ ျပိဳင္ပြဲဝင္ ဂ်ာမနီအသင္းရဲ႕ ခံစစ္ကစားပံုကို ယာဂင္ကေလာ့ပ္ ေဝဖန္ျခင္းနဲ႔ ပတ္သက္လို႔ လက္ေရြးစင္ မန္ေနဂ်ာ ဂ်ိဳအာခ်င္လိုးက တုန္႔ျပန္လိုက္ပါတယ္။

ဂ်ာမာန္အသင္းဟာ ခံစစ္ သံုးေယာက္တန္းနဲ႔ အစြန္-ေတာင္ပံသမားေတြ ထားတဲ့ နည္းစနစ္ကို ယူရို ျပိဳင္ပြဲမွာ အသံုးျပဳေနတာျဖစ္တယ္။ ယာဂင္ကေလာ့ပ္က ဂ်ာမနီကို ကြင္းလယ္ ၃ ဦးထားေစတဲ့ နည္းစနစ္ကိုပဲ သံုးေစလိုျပီး ဂ်ိဳအာခ်င္လိုးက သူလက္ရွိ သံုးေနတဲ့ နည္းစနစ္က အေကာင္းဆံုးျဖစ္ေၾကာင္း ျပန္လည္ ေျဖရွင္းလာခဲ့တယ္။

ဂ်ိဳအာခ်င္လိုးရဲ႕ နည္းစနစ္ကို ေမးခြန္းထုတ္တဲ့ မန္ေနဂ်ာေတြက ကေလာ့ပ္ တစ္ဦးတည္း မဟုတ္ေပမယ့္ ဂ်ာမနီမွာေတာ့ ယာဂင္ရဲ႕ ၾသဇာက အေတာ္ေလး ၾကီးမားျခင္းေၾကာင့္ လက္ေရြးစင္ မန္ေနဂ်ာက ျပန္လည္ ေျဖရွင္းခ်က္ေပးလာရျခင္း ျဖစ္ပါတယ္။

ဂ်ိဳအာခ်င္လိုးက “ မန္ေနဂ်ာတိုင္းမွာ မတူညီတဲ့ ေဘာလံုးအေတြးအျမင္နဲ႔ အိုင္ဒီယာေတြ ရွိၾကပါတယ္။ ကြင္းထဲမွာ ဘယ္လိုကစားေစတယ္ဆိုတာက အဆံုးအျဖတ္ နည္းစနစ္ မဟုတ္ပါဘူး။

မန္ေနဂ်ာတိုင္းေပါ့။ ယာဂင္ျဖစ္ျဖစ္၊ က်ေနာ္ျဖစ္ျဖစ္၊ အဂၤလန္မန္ေနဂ်ာျဖစ္ျဖစ္ ကိုယ္အသင္းအတြက္ အေကာင္းဆံုးျဖစ္မယ္ထင္တဲ့ ခံစစ္အလုပ္နဲ႔ တိုက္စစ္အလုပ္ကို လုပ္ႏုိင္ဖို႔က အေရးၾကီးပါတယ္။

မန္ေနဂ်ာတိုင္းက ကိုယ္ရဲ႕အသင္းအတြက္ အေကာင္းဆံုးျဖစ္မွာကို သိရပါတယ္။ ဘယ္နည္းျပကမွ ကိုယ္ကစားသမားေတြ မကစားနုိင္တဲ့ နည္းစနစ္မ်ိဳးနဲ႔ ကစားေစလိုမွာ မဟုတ္ပါဘူး။

နည္းျပေတြ ဘာပဲေျပာေျပာ အေရးမၾကီးပါဘူး။ လူတိုင္းက သူတုိ႔အျမင္ရွိျပီး အဲ့အျမင္ကို ေျပာလို႔ရပါတယ္။ ဒါေပမယ့္ ပြဲစဥ္ကိုေတာ့ အျခားေသာ အခ်က္ေတြကပဲ ဆံုးျဖတ္ေပးတာပါ။ စနစ္ေၾကာင့္ မဟုတ္ပါဘူး။

ဒီတစ္ခုကိုေတာ့ ရွင္းရွင္းလင္းလင္း ေျပာဖို႔ လိုပါတယ္။ အႏုိင္ရဖို႔ေကာ အေရးနိမ့္မႈနဲ႔ ပတ္သက္လို႔ပါ အဆံုးအျဖတ္ ေပးႏုိင္မယ့္ အျခားေသာ ကိစၥေတြ အမ်ားၾကီးရွိပါတယ္။ ခံစစ္ သံုးေယာက္တန္း၊ ေလးေယာက္တန္း ကစားလို႔ရယ္ဆိုျပီးေတာ့ မဟုတ္ပါဘူး။ ” လို႔ ဆိုသြားခဲ့ပါတယ္။