တီကိုက ထွက်လိုတဲ့ ဆော

အက်သလက်တီကို ကွင်းလယ်လူ ဆောနီဂွက်စ်ဟာ ဒီနွေမှာ မက်ဒရစ်အခြေစိုက် ကလပ်ကနေ ထွက်ခွာလိုနေပါပြီ။ စပိန်ကွင်းလယ်လူဟာ တီကိုမှာပဲ ကာလရှည် နေလိုခဲ့ပေမယ့် လာလီဂါ အနိုင်ရမှုမှာ အရေးပါတဲ့ အသင်းသား မဟုတ်ခဲ့သလို ယူရို ပြိုင်ပွဲဝင် စပိန်အသင်းမှာလည်း နေရာမရခြင်းကြောင့် သူ့စိတ်ကူးကို ပြောင်းလဲလာခဲ့တာပါ။

ဆောကို ခေါ်ယူလိုတဲ့ ကလပ်တွေက များပြားပြီး အဆိုပါ အသင်းတွေထဲ လီဗာပူးလည်း ပါဝင်တယ်။ တီကိုဘက်က ဒီနွေမှာ ယူရို သန်း ၄၀ ဖြင့် ကစားသမားကို ရောင်းထုတ်နိုင်ပြီး ဒါဟာ မနှစ်က နွေထက်စာရင် အတော်လေးကို လျော့ကျသွားတဲ့ ပြောင်းရွှေ့ကြေးပဲ ဖြစ်ပါတယ်။

မာလန် အသင်းပြောင်းမယ်လို့ ပီအက်စ်ဗီမန်နေဂျာ ပြော

လီဗာပူးအသင်းက စောင့်ကြည့်နေကြောင်း သတင်းကြီးတွေ ထွက်ထားတဲ့ ပီအက်စ်ဗီ တိုက်စစ်သမား မာလန်ဟာ ဒီနွေမှာပဲ ကလပ်ကနေ ထွက်ခွာသွားနိုင်ကြောင်း မန်နေဂျာဖြစ်သူက ဝန်ခံပါတယ်။

မနှစ်ကရာသီ ၄၅ ပွဲကစား ၂၇ ဂိုး သွင်းယူထားတဲ့ မာလန်ကို လီဗာပူးက တိုက်စစ်ပိုင်း အားဖြည့်ဖို့ သဘောတွေ့နေပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်း ဝန်းကျင်သုံးရမယ်လို့ သိထားရတယ်။ သူဟာ ဖာမင်နိုနေရာ ကစားနိုင်သူဖြစ်ကာ လီဗာပူးဘက်က မာလန်ကို ခေါ်ယူခြင်း မတိုင်ခင် အိုရီဂီကို ထုတ်ရောင်းနိုင်ဖို့ ကြိုးစားရပါမယ်။

ကိုးမန်းကိစ္စ အဆင်မပြေခဲ့ဟန်ရှိ

SkySportNews ရဲ့ ဖော်ပြမှုအရ လီဗာပူးဟာ ကိုးမန်းအတွက် တရားဝင် ကမ်းလှမ်းမှု မလုပ်သေးသလို သဘောတူညီမှု ရနိုင်ဖို့လည်း မလွယ်ဘူးလို့ သိရပါတယ်။ ဘိုင်ယန်ဘက်က သတင်းတွေမှာ ဖော်ပြနေသလို ကိုးမန်းအတွက် ယူရို သန်း ၅၀ တောင်းခံခြင်း မဟုတ်ဘဲ ယူရို သန်း ၁၀၀ အထက် လိုချင်နေတယ်။

လီဗာပူးဘက်က ကမ်းလှမ်းမှုဟာ ယူရို သန်း ၁၀၀ ထက် အများကြီး နည်းပါးနေပါတယ်။ ဒီအခြေအနေမှာတော့ လီဗာပူး အပါအဝင် မည်သည့် ကလပ်ကမှ ဘိုင်ယန်ရဲ့ တောင်းဆိုဈေးကို လိုက်နိုင်ဖွယ် မရှိသေးပါဘူး။

အဲဗာတန်မန်နေဂျာသစ်ဖြစ်လာမယ့် ရာဖာ ဘင်နီတက်စ်ဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတာကြောင့် မာဆေးဆိုဒ် ရဲအဖွဲ့က အဆိုပါကိစ္စ စတင် စုံစမ်းနေပြီဖြစ်ပါတယ်။

လီဗာပူးကွင်းလယ်လူ ရှာကွီရီနဲ့ သီယာဂိုတို့ရဲ့ လက်ရွေးစင်အသင်းတွေဖြစ်တဲ့ ဆွစ်ဇလန်နဲ့ စပိန်တို့ဟာ ယူရို ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့နေကြပါတယ်။

အင်္ဂလန်နဲ့ ဂျာမနီတို့ ယှဉ်ပြိုင်ကစားမယ့် ယူရိုပြိုင်ပွဲမှာ ဟန်ဒါဆန်ဟာ အရန်စာရင်းကပဲ ပါဝင်ခွင့်ရမယ်လို့ သတင်းထွက်နေပါတယ်။

ZAWGYI

တီကိုက ထြက္လိုတဲ့ ေဆာ

အက္သလက္တီကို ကြင္းလယ္လူ ေဆာနီဂြက္စ္ဟာ ဒီေႏြမွာ မက္ဒရစ္အေျခစိုက္ ကလပ္ကေန ထြက္ခြာလိုေနပါျပီ။ စပိန္ကြင္းလယ္လူဟာ တီကိုမွာပဲ ကာလရွည္ ေနလိုခဲ့ေပမယ့္ လာလီဂါ အႏုိင္ရမႈမွာ အေရးပါတဲ့ အသင္းသား မဟုတ္ခဲ့သလို ယူရို ျပိဳင္ပြဲဝင္ စပိန္အသင္းမွာလည္း ေနရာမရျခင္းေၾကာင့္ သူ႔စိတ္ကူးကို ေျပာင္းလဲလာခဲ့တာပါ။

ေဆာကို ေခၚယူလိုတဲ့ ကလပ္ေတြက မ်ားျပားျပီး အဆိုပါ အသင္းေတြထဲ လီဗာပူးလည္း ပါဝင္တယ္။ တီကိုဘက္က ဒီေႏြမွာ ယူရို သန္း ၄၀ ျဖင့္ ကစားသမားကို ေရာင္းထုတ္ႏုိင္ျပီး ဒါဟာ မႏွစ္က ေႏြထက္စာရင္ အေတာ္ေလးကို ေလ်ာ့က်သြားတဲ့ ေျပာင္းေရႊ႔ေၾကးပဲ ျဖစ္ပါတယ္။

မာလန္ အသင္းေျပာင္းမယ္လို႔ ပီအက္စ္ဗီမန္ေနဂ်ာ ေျပာ

လီဗာပူးအသင္းက ေစာင့္ၾကည့္ေနေၾကာင္း သတင္းၾကီးေတြ ထြက္ထားတဲ့ ပီအက္စ္ဗီ တိုက္စစ္သမား မာလန္ဟာ ဒီေႏြမွာပဲ ကလပ္ကေန ထြက္ခြာသြားႏုိင္ေၾကာင္း မန္ေနဂ်ာျဖစ္သူက ဝန္ခံပါတယ္။

မႏွစ္ကရာသီ ၄၅ ပြဲကစား ၂၇ ဂိုး သြင္းယူထားတဲ့ မာလန္ကို လီဗာပူးက တိုက္စစ္ပိုင္း အားျဖည့္ဖို႔ သေဘာေတြ႔ေနျပီး ေျပာင္းေရႊ႔ေၾကး ေပါင္ ၃၄ သန္း ဝန္းက်င္သံုးရမယ္လို႔ သိထားရတယ္။ သူဟာ ဖာမင္ႏိုေနရာ ကစားႏုိင္သူျဖစ္ကာ လီဗာပူးဘက္က မာလန္ကို ေခၚယူျခင္း မတိုင္ခင္ အိုရီဂီကို ထုတ္ေရာင္းႏုိင္ဖို႔ ၾကိဳးစားရပါမယ္။

ကိုးမန္းကိစၥ အဆင္မေျပခဲ့ဟန္ရွိ

SkySportNews ရဲ႕ ေဖာ္ျပမႈအရ လီဗာပူးဟာ ကိုးမန္းအတြက္ တရားဝင္ ကမ္းလွမ္းမႈ မလုပ္ေသးသလို သေဘာတူညီမႈ ရႏုိင္ဖို႔လည္း မလြယ္ဘူးလို႔ သိရပါတယ္။ ဘိုင္ယန္ဘက္က သတင္းေတြမွာ ေဖာ္ျပေနသလို ကိုးမန္းအတြက္ ယူရို သန္း ၅၀ ေတာင္းခံျခင္း မဟုတ္ဘဲ ယူရို သန္း ၁၀၀ အထက္ လိုခ်င္ေနတယ္။

လီဗာပူးဘက္က ကမ္းလွမ္းမႈဟာ ယူရို သန္း ၁၀၀ ထက္ အမ်ားၾကီး နည္းပါးေနပါတယ္။ ဒီအေျခအေနမွာေတာ့ လီဗာပူး အပါအဝင္ မည္သည့္ ကလပ္ကမွ ဘိုင္ယန္ရဲ႕ ေတာင္းဆိုေစ်းကို လိုက္ႏုိင္ဖြယ္ မရွိေသးပါဘူး။

အဲဗာတန္မန္ေနဂ်ာသစ္ျဖစ္လာမယ့္ ရာဖာ ဘင္နီတက္စ္ဟာ အသက္အႏၱရာယ္ ျခိမ္းေျခာက္မႈေတြ ရင္ဆိုင္ေနရတာေၾကာင့္ မာေဆးဆိုဒ္ ရဲအဖြဲ႔က အဆိုပါကိစၥ စတင္ စံုစမ္းေနျပီျဖစ္ပါတယ္။

လီဗာပူးကြင္းလယ္လူ ရွာကီြရီနဲ႔ သီယာဂိုတို႔ရဲ႕ လက္ေရြးစင္အသင္းေတြျဖစ္တဲ့ ဆြစ္ဇလန္နဲ႔ စပိန္တို႔ဟာ ယူရို ကြာတားဖိုင္နယ္အဆင့္မွာ ထိပ္တိုက္ေတြ႔ေနၾကပါတယ္။

အဂၤလန္နဲ႔ ဂ်ာမနီတို႔ ယွဥ္ျပိဳင္ကစားမယ့္ ယူရိုျပိဳင္ပြဲမွာ ဟန္ဒါဆန္ဟာ အရန္စာရင္းကပဲ ပါဝင္ခြင့္ရမယ္လို႔ သတင္းထြက္ေနပါတယ္။