လီဗာပူးအသင်းနဲ့ ပေါ်တိုအသင်းတို့ဟာ ကွင်းလယ်လူ အိုထိဗီယိုကို ခေါ်ယူဖို့ စကားပြောမှု အခြေအနေ ကောင်းမွန်နေကြောင်း ပေါ်တူဂီသတင်းဌာန A Bola က ဖော်ပြသွားပါတယ်။

ယာဂင်ကလော့ပ်က အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူကို နှစ်သက်မှုရှိပြီး ဘောလုံးဆိုင်ရာ အရည်အချင်း ပြည့်ဝသူလို့ တင်စားထားကြောင်း သိရတယ်။ ကလပ်နှစ်သင်းဟာ ပြောင်းရွှေ့ကြေးအတွက် ညိနှိုင်းနေကြပြီဖြစ်ကာ ကွင်းလယ်လူ ဂရုဂျစ်ကလည်း ဒီအပြောင်းအရွှေ့ထဲ ပါဝင်သွားနိုင်ပါတယ်။

ပေါ်တိုဘက်က ကစားသမားကို ယူရို သန်း ၆၀ ရရင် ထွက်ခွင့်ပေးရမယ့် သဘောတူညီချက် ရှိထားပေမယ့် ဒီနွေမှာ ယူရို သန်း ၄၀ (ပေါင် ၃၄.၃ သန်း) ဖြင့် ထွက်ခွင့်ပေးဖွယ်ရှိတယ်။ လာမယ့် ရက်ပိုင်းအတွင်း လီဗာပူးဘက်က ကမ်းလှမ်းမှုကို အရှိန်မြင့်နိုင်ကာ ပေါ်တိုကလည်း ငွေလိုအပ်နေခြင်းကြောင့် ဒီကမ်းလှမ်းမှုကို သဘောတူပေးဖွယ် ရှိပါတယ်။

သို့ပေမယ့် လီဗာပူးဘက်က အိုထိဗီယိုကို ခေါ်ယူတဲ့အခါ ဂရုဂျစ်ကိုလည်း အလိုက်ပေးပြီး ထည့်သွင်း ရောင်းချလိုတယ်။ ဂရုဂျစ်အတွက် ပေါင် ၁၅ သန်း ဈေးသတ်မှတ်ထားခြင်းကြောင့် အိုထိဗီယိုအတွက် ပေါင် သန်း ၂၀ မကျော်တဲ့ ပြောင်းရွှေ့ကြေး ပေးဖို့ပဲ လီဗာပူးဘက်က ဆန္ဒရှိပါတယ်။

ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့ လီဗာပူး၊ ပေါ်တို၊ အိုထိဗီယိုနဲ့ ဂရုဂျစ်တို့ လေးပွင့်ဆိုင် သဘောတူညီမှု ရဖို့ လိုအပ်မှာဖြစ်ကာ ဂျူလိုင်လ ၁ ရက်နေ့ မတိုင်ခင် ညိနှိုင်းမှု ပြီးဆုံးဖို့ ခက်ခဲနိုင်ပါတယ်။

အိုထိဗီယိုဟာ ၂၀၂၁ မတ်လတုန်းကပဲ ပေါ်တူဂီ နိုင်ငံသား ခံယူသွားခဲ့ပါပြီ။ သူဟာ နံပါတ် ၈ ၊ နံပါတ် ၁၀ နဲ့ တောင်ပံ နှစ်ဘက်မှာ ကစားနိုင်စွမ်းရှိသလို နောက်ချန် တိုက်စစ်သမားပုံစံလည်း ကစားနိုင်တယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းနဲ႔ ေပၚတိုအသင္းတို႔ဟာ ကြင္းလယ္လူ အိုထိဗီယိုကို ေခၚယူဖို႔ စကားေျပာမႈ အေျခအေန ေကာင္းမြန္ေနေၾကာင္း ေပၚတူဂီသတင္းဌာန A Bola က ေဖာ္ျပသြားပါတယ္။

ယာဂင္ကေလာ့ပ္က အသက္ ၂၆ ႏွစ္အရြယ္ ကြင္းလယ္လူကို ႏွစ္သက္မႈရွိျပီး ေဘာလံုးဆိုင္ရာ အရည္အခ်င္း ျပည့္ဝသူလို႔ တင္စားထားေၾကာင္း သိရတယ္။ ကလပ္ႏွစ္သင္းဟာ ေျပာင္းေရႊ႔ေၾကးအတြက္ ညိႏိႈင္းေနၾကျပီျဖစ္ကာ ကြင္းလယ္လူ ဂရုဂ်စ္ကလည္း ဒီအေျပာင္းအေရႊ႔ထဲ ပါဝင္သြားႏုိင္ပါတယ္။

ေပၚတိုဘက္က ကစားသမားကို ယူရို သန္း ၆၀ ရရင္ ထြက္ခြင့္ေပးရမယ့္ သေဘာတူညီခ်က္ ရွိထားေပမယ့္ ဒီေႏြမွာ ယူရို သန္း ၄၀ (ေပါင္ ၃၄.၃ သန္း) ျဖင့္ ထြက္ခြင့္ေပးဖြယ္ရွိတယ္။ လာမယ့္ ရက္ပိုင္းအတြင္း လီဗာပူးဘက္က ကမ္းလွမ္းမႈကို အရွိန္ျမင့္ႏုိင္ကာ ေပၚတိုကလည္း ေငြလိုအပ္ေနျခင္းေၾကာင့္ ဒီကမ္းလွမ္းမႈကို သေဘာတူေပးဖြယ္ ရွိပါတယ္။

သို႔ေပမယ့္ လီဗာပူးဘက္က အိုထိဗီယိုကို ေခၚယူတဲ့အခါ ဂရုဂ်စ္ကိုလည္း အလိုက္ေပးျပီး ထည့္သြင္း ေရာင္းခ်လိုတယ္။ ဂရုဂ်စ္အတြက္ ေပါင္ ၁၅ သန္း ေစ်းသတ္မွတ္ထားျခင္းေၾကာင့္ အိုထိဗီယိုအတြက္ ေပါင္ သန္း ၂၀ မေက်ာ္တဲ့ ေျပာင္းေရႊ႔ေၾကး ေပးဖို႔ပဲ လီဗာပူးဘက္က ဆႏၵရွိပါတယ္။

ဒီအေျပာင္းအေရႊ႔ ျဖစ္လာဖို႔ လီဗာပူး၊ ေပၚတို၊ အိုထိဗီယိုနဲ႔ ဂရုဂ်စ္တို႔ ေလးပြင့္ဆိုင္ သေဘာတူညီမႈ ရဖို႔ လိုအပ္မွာျဖစ္ကာ ဂ်ဴလိုင္လ ၁ ရက္ေန႔ မတုိင္ခင္ ညိႏိႈင္းမႈ ျပီးဆံုးဖို႔ ခက္ခဲႏုိင္ပါတယ္။

အိုထိဗီယိုဟာ ၂၀၂၁ မတ္လတုန္းကပဲ ေပၚတူဂီ ႏုိင္ငံသား ခံယူသြားခဲ့ပါျပီ။ သူဟာ နံပါတ္ ၈ ၊ နံပါတ္ ၁၀ နဲ႔ ေတာင္ပံ ႏွစ္ဘက္မွာ ကစားႏုိင္စြမ္းရွိသလို ေနာက္ခ်န္ တိုက္စစ္သမားပံုစံလည္း ကစားႏုိင္တယ္လို႔ သိရပါတယ္။