နာပိုလီဘက်က လီဗာပူး ဘယ်အစွန်လူ ကိုစတက်ကို ဒီနွေမှာ ခေါ်ယူဖို့ ကမ်းလှမ်းမှာ မဟုတ်ပါဘူး။ အစောပိုင်းတုန်းက စီးရီးအေကလပ်ဟာ ကိုစတက်အတွက် ကြိုးစားမယ်လို့ သတင်းထွက်ခဲ့ပေမယ့် ခေါ်ယူဖို့ အစီအစဉ် မရှိသလို လီဗာပူးကလည်း ရော်ဘတ်ဆန်နေရာ အင်အားဖြည့်ထားတဲ့ အစွန်လူကို ရောင်းထုတ်လိုစိတ် မရှိပါဘူး။

လီဗာပူးဘက်က စိတ်ဝင်စားမှု ရှိနေတဲ့ ပီအက်စ်ဗီ တိုက်စစ်မှူး မာလန်က ဒီနွေမှာပဲ သူ့ကို ထွက်ခွာခွင့်ပေးဖို့ နယ်သာလန်ကလပ်ကို တောင်းဆိုထားပါတယ်။

ဒီနွေမှာ ရှက်ဖီးကွင်းလယ်လူ ဆန်ဒါဘတ်ကို ခေါ်ယူမယ်ဆိုရင် ပေါင် ၁၀ သန်း ဝန်းကျင်ပဲ ပေးရမယ်လို့ သိရပါတယ်။ အဆိုပါ ကွင်းလယ်လူကို လီဗာပူးဘက်က စောင့်ကြည့်ဖူးပေမယ့် ခေါ်ယူဖို့ ကြိုးစားလာခြင်း မရှိသေးပါဘူး။

ရာသီကြိုမှာ အငှားချထားတဲ့ ကစားသမားတွေဟာ လီဗာပူးအသင်းထံ ပြန်လာပူးပေါင်းမှာဖြစ်ပေမယ့် ကားရီးယက်စ်ကတော့ ယာဂင်ကလော့ပ်ရဲ့ အနာဂတ် အစီအစဉ်တွေမှာ ပါဝင်ရမှာ မဟုတ်တော့ပါဘူး။

ဘာစီလိုနာကနေ ထွက်ခွာလိုနေတဲ့ ကော်တင်ညိုဟာ အန်ဖီးထံ ပြန်လာဖို့ ဆန္ဒရှိနေတယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြနေပါတယ်။ မက်ဆီကို သက်တမ်းတိုးမယ့် ဘာကာဟာ လုပ်ခပိုင်း လျော့ချဖို့ ကော်တင်ညိုကို ရှင်းထုတ်လိုနေတာ ဖြစ်ပါတယ်။

ရှာကွီရီကို ခေါ်ယူမယ့် ကလပ်တွေအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းကို အနည်းဆုံး ပေးချေရပါမယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်သမားဟာ လီဗာပူးနဲ့ စာချုပ်ကုန်ဖို့ နီးစပ်နေပြီး ကလပ်ကတော့ ဒီနွေမှာ သူ့ကို ရောင်းကိုရောင်းထုတ်မယ်လို့ စိတ်ပိုင်းဖြတ်ထားခြင်း မရှိပါဘူး။

လီဗာပူးဘက်က ကိုးမန်းကို ခေါ်ယူနိုင်ဖို့ စုံစမ်းမှု လုပ်ခဲ့ပေမယ့် ဘိုင်ယန်က မန်နေဂျာသစ် နေဂဲလ်စမန်းအတွက် ပြင်သစ်သား တိုက်စစ်သမားကို ဆက်ထိန်းပေးလိုနေပါတယ်။

ဒီနွေမှာ လီဗာပူးက ခေါ်ယူလိုစိတ်ရှိမယ်ဆိုရင် ပေါ်တိုအသင်းမှ ဘရာဇီးသား ကွင်းလယ်လူ Otavio ကို ယူရို သန်း ၄၀ နှင့် ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။

ZAWGYI

နာပိုလီဘက္က လီဗာပူး ဘယ္အစြန္လူ ကိုစတက္ကို ဒီေႏြမွာ ေခၚယူဖို႔ ကမ္းလွမ္းမွာ မဟုတ္ပါဘူး။ အေစာပိုင္းတုန္းက စီးရီးေအကလပ္ဟာ ကိုစတက္အတြက္ ၾကိဳးစားမယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ ေခၚယူဖို႔ အစီအစဥ္ မရွိသလို လီဗာပူးကလည္း ေရာ္ဘတ္ဆန္ေနရာ အင္အားျဖည့္ထားတဲ့ အစြန္လူကို ေရာင္းထုတ္လိုစိတ္ မရွိပါဘူး။

လီဗာပူးဘက္က စိတ္ဝင္စားမႈ ရွိေနတဲ့ ပီအက္စ္ဗီ တိုက္စစ္မွဴး မာလန္က ဒီေႏြမွာပဲ သူ႔ကို ထြက္ခြာခြင့္ေပးဖို႔ နယ္သာလန္ကလပ္ကို ေတာင္းဆိုထားပါတယ္။

ဒီေႏြမွာ ရွက္ဖီးကြင္းလယ္လူ ဆန္ဒါဘတ္္္္္္္္္္္္္္္္္္္္္ကို ေခၚယူမယ္ဆိုရင္ ေပါင္ ၁၀ သန္း ဝန္းက်င္ပဲ ေပးရမယ္လို႔ သိရပါတယ္။ အဆိုပါ ကြင္းလယ္လူကို လီဗာပူးဘက္က ေစာင့္ၾကည့္ဖူးေပမယ့္ ေခၚယူဖို႔ ၾကိဳးစားလာျခင္း မရွိေသးပါဘူး။

ရာသီၾကိဳမွာ အငွားခ်ထားတဲ့ ကစားသမားေတြဟာ လီဗာပူးအသင္းထံ ျပန္လာပူးေပါင္းမွာျဖစ္ေပမယ့္ ကားရီးယက္စ္ကေတာ့ ယာဂင္ကေလာ့ပ္ရဲ႕ အနာဂတ္ အစီအစဥ္ေတြမွာ ပါဝင္ရမွာ မဟုတ္ေတာ့ပါဘူး။

ဘာစီလိုနာကေန ထြက္ခြာလိုေနတဲ့ ေကာ္တင္ညိဳဟာ အန္ဖီးထံ ျပန္လာဖို႔ ဆႏၵရွိေနတယ္လို႔ စပိန္သတင္းဌာနေတြက ေဖာ္ျပေနပါတယ္။ မက္ဆီကို သက္တမ္းတိုးမယ့္ ဘာကာဟာ လုပ္ခပိုင္း ေလ်ာ့ခ်ဖို႔ ေကာ္တင္ညိဳကို ရွင္းထုတ္လိုေနတာ ျဖစ္ပါတယ္။

ရွာကီြရီကို ေခၚယူမယ့္ ကလပ္ေတြအေနနဲ႔ ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၃ သန္းကို အနည္းဆံုး ေပးေခ်ရပါမယ္။ အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္သမားဟာ လီဗာပူးနဲ႔ စာခ်ဳပ္ကုန္ဖို႔ နီးစပ္ေနျပီး ကလပ္ကေတာ့ ဒီေႏြမွာ သူ႔ကို ေရာင္းကိုေရာင္းထုတ္မယ္လို႔ စိတ္ပိုင္းျဖတ္ထားျခင္း မရွိပါဘူး။

လီဗာပူးဘက္က ကိုးမန္းကို ေခၚယူႏုိင္ဖို႔ စံုစမ္းမႈ လုပ္ခဲ့ေပမယ့္ ဘိုင္ယန္က မန္ေနဂ်ာသစ္ ေနဂဲလ္စမန္းအတြက္ ျပင္သစ္သား တိုက္စစ္သမားကို ဆက္ထိန္းေပးလိုေနပါတယ္။

ဒီေႏြမွာ လီဗာပူးက ေခၚယူလိုစိတ္ရွိမယ္ဆိုရင္ ေပၚတုိအသင္းမွ ဘရာဇီးသား ကြင္းလယ္လူ Otavio ကို ယူရို သန္း ၄၀ ႏွင့္ ေခၚယူႏုိင္မယ္လို႔ သိရပါတယ္။