လီဗာပူးဟာ ဘိုင်ယန်မြူးနစ် တိုက်စစ်သမား ကိုးမန်းကို ခေါ်ယူနိုင်မလားအတွက် ကစားသမားရဲ့ ကိုယ်စားလှယ်တွေထံ ချဉ်းကပ် မေးမြန်းခဲ့ကြောင်း အတည်ပြုနိုင်ပါပြီ။

ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နဲ့ ဘိုင်ယန်လို ထိပ်တန်းအသင်းတွေဟာ စီနီယာ အသင်းသားအဖြစ် ပါဝင်ကစားပြီး နှစ်တိုင်း အမှတ်ပေးဖလား အနိုင်ရခဲ့တဲ့ ပြင်သစ်သားဟာ ထိပ်တန်းအဆင့်တွေမှာ ၁၀ နှစ်ကြာ ကျယ်လည်လာခဲ့ပေမယ့် အခုမှ အသက် ၂၅ နှစ်ပဲ ရှိသေးသူ ဖြစ်ပါတယ်။

ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်က သူ့ကကို သက်တမ်းတိုးစာချုပ် ပေးခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ Sky Germany က ထုတ်ပြောထားခဲ့တယ်။ Sky Germany ရဲ့ အဆိုအရ ကိုးမန်းဟာ ပရီးမီးယားလိဂ်ကလပ် တစ်သင်းထံ ပြောင်းလိုပြီး ဘိုင်ယန်မှာ နေသားမကျတော့ဘူး ဖြစ်နေတယ်လို့ ဆိုထားပါတယ်။

လီဗာပူးဘက်က ဘယ်တောင်ပံကို ပိုမိုအားသန်ကာ ညာတောင်ပံမှာလည်း ကစားနိုင်တဲ့ ကိုးမန်းအတွက် ချဉ်းကပ်မှုတွေ လုပ်နေပြီး ပေါင် ၃၀.၁ သန်းဖြင့် ကမ်းလှမ်းမှုပါ လုပ်ထားခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်နေခဲ့တာဖြစ်တယ်။

ဂျာမာန်သတင်းဌာန SPORT1 မှ ဘိုင်ယန်မြူးနစ်အသင်းဆိုင်ရာ သတင်းထောက် Florian Plettenberg က လီဗာပူးဟာ ကိုးမန်းအတွက် ဆက်သွယ်မှု လုပ်ခဲ့တယ်ဆိုတာကို ထုတ်ပြောတယ်။ ၎င်းဟာ လီဗာပူးနဲ့ နွိုက်ဟောက်ကြား အပြောင်းအရွှေ့ ကိစ္စကို ဖော်ထုတ်ခဲ့သေးသူလည်း ဖြစ်ပါတယ်။

သူကပဲ ” လီဗာပူးက ကိုးမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းက မှန်ပါတယ်။ သူတို့က ကစားသမားရဲ့ အုပ်ချုပ်သူတွေထံ ဆက်သွယ်မှုလည်း လုပ်ထားပါတယ်။ ဒါပေမယ့် အခုချိန်မှာ ဒီကိစ္စက ဦးစားပေးကိစ္စတော့ မဟုတ်ပါဘူး။ ဘိုင်ယန်က မန်နေဂျာ နေဂဲလ်စမန်းအတွက် ကစားသမားကို သက်တမ်း ဆက်တိုးလိုနေဆဲပါ။ ကင်စလေရဲ့ ဖခင်ကတော့ သူ့သားကို အင်္ဂလန်လိဂ်ကို ပြောင်းကစားဖို့ တွန်းအားပေးနေပါတယ် ” လို့ ဖော်ထုတ်ခဲ့တယ်။

လီဗာပူးအသင်းဟာ ယူရို ပြိုင်ပွဲဝင် ကစားသမား အများအပြားကို စောင့်ကြည့်မှုတွေ လုပ်နေပြီး နယ်သာလန်၊ ပေါ်တူဂီ၊ ဂျာမနီနဲ့ ပြင်သစ်မှ ကစားသမားအချို့ဖြင့် သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္သမား ကိုးမန္းကို ေခၚယူႏုိင္မလားအတြက္ ကစားသမားရဲ႕ ကိုယ္စားလွယ္ေတြထံ ခ်ဥ္းကပ္ ေမးျမန္းခဲ့ေၾကာင္း အတည္ျပဳႏုိင္ပါျပီ။

ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္နဲ႔ ဘိုင္ယန္လို ထိပ္တန္းအသင္းေတြဟာ စီနီယာ အသင္းသားအျဖစ္ ပါဝင္ကစားျပီး ႏွစ္တိုင္း အမွတ္ေပးဖလား အႏုိင္ရခဲ့တဲ့ ျပင္သစ္သားဟာ ထိပ္တန္းအဆင့္ေတြမွာ ၁၀ ႏွစ္ၾကာ က်ယ္လည္လာခဲ့ေပမယ့္ အခုမွ အသက္ ၂၅ ႏွစ္ပဲ ရွိေသးသူ ျဖစ္ပါတယ္။

ဘြန္ဒက္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္က သူ႔ကကို သက္တမ္းတိုးစာခ်ဳပ္ ေပးခဲ့ေပမယ့္ ျငင္းဆန္ခဲ့တယ္လို႔ Sky Germany က ထုတ္ေျပာထားခဲ့တယ္။ Sky Germany ရဲ႕ အဆိုအရ ကိုးမန္းဟာ ပရီးမီးယားလိဂ္ကလပ္ တစ္သင္းထံ ေျပာင္းလိုျပီး ဘိုင္ယန္မွာ ေနသားမက်ေတာ့ဘူး ျဖစ္ေနတယ္လို႔ ဆိုထားပါတယ္။

လီဗာပူးဘက္က ဘယ္ေတာင္ပံကို ပိုမိုအားသန္ကာ ညာေတာင္ပံမွာလည္း ကစားႏုိင္တဲ့ ကိုးမန္းအတြက္ ခ်ဥ္းကပ္မႈေတြ လုပ္ေနျပီး ေပါင္ ၃၀.၁ သန္းျဖင့္ ကမ္းလွမ္းမႈပါ လုပ္ထားခဲ့တယ္ဆိုျပီး သတင္းေတြ ထြက္ေနခဲ့တာျဖစ္တယ္။

ဂ်ာမာန္သတင္းဌာန SPORT1 မွ ဘိုင္ယန္ျမဴးနစ္အသင္းဆိုင္ရာ သတင္းေထာက္ Florian Plettenberg က လီဗာပူးဟာ ကိုးမန္းအတြက္ ဆက္သြယ္မႈ လုပ္ခဲ့တယ္ဆိုတာကို ထုတ္ေျပာတယ္။ ၄င္းဟာ လီဗာပူးနဲ႔ ႏိြဳက္ေဟာက္ၾကား အေျပာင္းအေရႊ႔ ကိစၥကို ေဖာ္ထုတ္ခဲ့ေသးသူလည္း ျဖစ္ပါတယ္။

သူကပဲ ” လီဗာပူးက ကိုးမန္းကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းက မွန္ပါတယ္။ သူတို႔က ကစားသမားရဲ႕ အုပ္ခ်ဳပ္သူေတြထံ ဆက္သြယ္မႈလည္း လုပ္ထားပါတယ္။ ဒါေပမယ့္ အခုခ်ိန္မွာ ဒီကိစၥက ဦးစားေပးကိစၥေတာ့ မဟုတ္ပါဘူး။ ဘိုင္ယန္က မန္ေနဂ်ာ ေနဂဲလ္စမန္းအတြက္ ကစားသမားကို သက္တမ္း ဆက္တိုးလိုေနဆဲပါ။ ကင္စေလရဲ႕ ဖခင္ကေတာ့ သူ႔သားကို အဂၤလန္လိဂ္ကို ေျပာင္းကစားဖို႔ တြန္းအားေပးေနပါတယ္ ” လို႔ ေဖာ္ထုတ္ခဲ့တယ္။

လီဗာပူးအသင္းဟာ ယူရို ျပိဳင္ပြဲဝင္ ကစားသမား အမ်ားအျပားကို ေစာင့္ၾကည့္မႈေတြ လုပ္ေနျပီး နယ္သာလန္၊ ေပၚတူဂီ၊ ဂ်ာမနီနဲ႔ ျပင္သစ္မွ ကစားသမားအခ်ိဳ႔ျဖင့္ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။