ယူရို ၂၀၂၀ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာတော့ အင်္ဂလန်ဟာ ၂၀၁၄ ကမ္ဘာဖလားချန်ပီယံ ဂျာမနီအသင်းနှင့် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

အင်္ဂလန်ကလပ် လီဗာပူးအသင်းရဲ့ မန်နေဂျာဖြစ်သူ ဂျာမာန်သားကြီး ကလော့ပ်က ပွဲကြိုမှာပဲ သူဟာ ဂျာမနီအသင်းကို အားပေးမယ့် သဘောကို ထုတ်ပြခဲ့တယ်။ ဂျာမနီဟာ ယူရိုပြိုင်ပွဲရဲ့ အကြပ်တည်းဆုံး အုပ်စုကနေ ရံှူးထွက်ကို တက်လာခဲ့ပြီး အုပ်စုတွင်းမှာ တစ်ပွဲ အရေးနိမ့်ထားပေမယ့် အင်္ဂလန်ကတော့ အုပ်စုတွင်း ရံှူးပွဲမရှိခဲ့သလို ပေးဂိုးလည်း မရှိထားတဲ့အသင်းဖြစ်တယ်။

ကလော့ပ်က ” ဂျာမနီကို ဖယ်ထုတ်လိုက်ဖို့ဆိုတာက ရူးတာပါပဲ။ ကျနေ်ာတို့က ပြင်သစ် ကို ရင်ဆိုင်တုန်းက ကစားပုံကောင်းခဲ့တယ်။ ဒီဘက်နှစ်တွေမှာ ပေါ်တူဂီကို လွှမ်းမိုး ကစားနိုင်ဖို့ဆိုတာက ဘယ်အသင်းအတွက်မဆို ခက်ခဲပါတယ်။

ဟန်ဂေရီကို ရင်ဆိုင်ရာမှာတော့ ကျနေ်ာတို့ ရုန်းကန်ခ့ရတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ အသင်းအနေနဲ့ ကျနေ်ာတို့တွေ ဒီလိုပွဲကို ရင်ဆိုင်ကစားဖို့ လိုအပ်ပါတယ် ” ဆိုပြီး အင်္ဂလန်အသင်းနဲ့ ပွဲကြိုမှာ သူ့ရဲ့ အမြင်ကို ထုတ်ပြောခဲ့တယ်။

ကလော့ပ်က ဂျာမနီနဲ့ အင်္ဂလန် နှစ်သင်းထဲက တစ်သင်းကို အားပေးဖို့ကို နာမည်တပ်ပြီး မပြောခဲ့ပါဘူး။ ဒါပေမယ့်လို့ ‘ကျနေ်ာတို့’ ဆိုတဲ့ နာမ်စားကို သုံးနှုန်းခဲ့ခြင်းကြောင့် ၁၆ သင်းအဆင့်မှာ သူက ဂျာမနီအသင်းကို အားပေးသွားမယ်ဆိုတာ သေချာလှပါတယ်။

ကလော့ပ်ဟာ အင်္ဂလန်အသင်း ကွင်းလယ်လူ ဟန်ဒါဆန်နဲ့ ပုံမှန် စကားပြောမှုလည်းရှိပြီး ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင်ကို ယူရို ပြိုင်ပွဲတစ်လျှောက် အားပေးမှုတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ZAWGYI

ယူရို ၂၀၂၀ ျပိဳင္ပြဲ ၁၆ သင္းအဆင့္မွာေတာ့ အဂၤလန္ဟာ ၂၀၁၄ ကမၻာဖလားခ်န္ပီယံ ဂ်ာမနီအသင္းႏွင့္ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။

အဂၤလန္ကလပ္ လီဗာပူးအသင္းရဲ႕ မန္ေနဂ်ာျဖစ္သူ ဂ်ာမာန္သားၾကီး ကေလာ့ပ္က ပြဲၾကိဳမွာပဲ သူဟာ ဂ်ာမနီအသင္းကို အားေပးမယ့္ သေဘာကို ထုတ္ျပခဲ့တယ္။ ဂ်ာမနီဟာ ယူရိုျပိဳင္ပြဲရဲ႕ အၾကပ္တည္းဆံုး အုပ္စုကေန ရံွဴးထြက္ကို တက္လာခဲ့ျပီး အုပ္စုတြင္းမွာ တစ္ပြဲ အေရးနိမ့္ထားေပမယ့္ အဂၤလန္ကေတာ့ အုပ္စုတြင္း ရံွဴးပြဲမရွိခဲ့သလို ေပးဂိုးလည္း မရွိထားတဲ့အသင္းျဖစ္တယ္။

ကေလာ့ပ္က ” ဂ်ာမနီကို ဖယ္ထုတ္လိုက္ဖို႔ဆိုတာက ရူးတာပါပဲ။ က်ေန္ာတို႔က ျပင္သစ္ ကို ရင္ဆိုင္တုန္းက ကစားပံုေကာင္းခဲ့တယ္။ ဒီဘက္ႏွစ္ေတြမွာ ေပၚတူဂီကို လႊမ္းမိုး ကစားႏုိင္ဖို႔ဆိုတာက ဘယ္အသင္းအတြက္မဆို ခက္ခဲပါတယ္။

ဟန္ေဂရီကို ရင္ဆိုင္ရာမွာေတာ့ က်ေန္ာတို႔ ရုန္းကန္ခ့ရတယ္။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ အသင္းအေနနဲ႔ က်ေန္ာတို႔ေတြ ဒီလိုပြဲကို ရင္ဆုိင္ကစားဖို႔ လိုအပ္ပါတယ္ ” ဆိုျပီး အဂၤလန္အသင္းနဲ႔ ပြဲၾကိဳမွာ သူ႔ရဲ႕ အျမင္ကို ထုတ္ေျပာခဲ့တယ္။

ကေလာ့ပ္က ဂ်ာမနီနဲ႔ အဂၤလန္ ႏွစ္သင္းထဲက တစ္သင္းကို အားေပးဖို႔ကို နာမည္တပ္ျပီး မေျပာခဲ့ပါဘူး။ ဒါေပမယ့္လို႔ ‘က်ေန္ာတို႔’ ဆိုတဲ့ နာမ္စားကို သံုးႏႈန္းခဲ့ျခင္းေၾကာင့္ ၁၆ သင္းအဆင့္မွာ သူက ဂ်ာမနီအသင္းကို အားေပးသြားမယ္ဆိုတာ ေသခ်ာလွပါတယ္။

ကေလာ့ပ္ဟာ အဂၤလန္အသင္း ကြင္းလယ္လူ ဟန္ဒါဆန္နဲ႔ ပံုမွန္ စကားေျပာမႈလည္းရွိျပီး ကလပ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ကို ယူရို ျပိဳင္ပြဲတစ္ေလွ်ာက္ အားေပးမႈေတြ လုပ္ခဲ့တယ္လို႔လည္း သိရပါတယ္။