လီဗာပူးအသင်းဟာ ကလပ်ရဲ့ တိုက်စစ်သမား မီလာကို ရောင်းထုတ်ဖို့ စကားပြောနေပြီး ဆွစ်ဇလန်ကလပ် ဘေဇယ်အသင်းက ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။

The Athletic မှ လီဗာပူးသတင်းထောက် ဂျိမ်းပီယော့ဇ်က အသက် ၂၁ နှစ်အရွယ် ကနေဒါ တိုက်စစ်သမားအတွက် နှစ်သင်းကြား ညိနှိုင်းနေမှုဟာ ပေါင် ၂ သန်း တန်ကြေးရှိမယ်လို့ ဖော်ပြခဲ့တယ်။ ကလပ်နှစ်သင်းဟာ အပြီးသတ် ငွေပေးချေမှု ပုံစံတွေအတွက် ဆက်လက် ညိနှိုင်းနေဆဲဖြစ်ပါတယ်။

လီဗာပူးဘက်က မီလာကို ဘေဇယ်အသင်းထံ ရောင်းထုတ်ပေးရာမှာ အနာဂတ် ပြောင်းရွှေ့ကြေးရဲ့ တစိတ်တပိုင်း ခံစားခွင့်ပါတဲ့ သဘောတူညီမှုကို ထည့်သွင်း စာချုပ်ချုပ်လိုနေပါတယ်။ မီလာကို ခေါ်ယူဖို့ နယူးယော့ခ် ရတ်ဘူလ်း၊ ဘလက်ပူးလ်နဲ့ ချာတန်အသင်းတို့ကလည်း စိတ်ဝင်စားနေတာဖြစ်တယ်။

မနှစ်ကရာသီမှာ မီလာဟာ ချာတန်အသင်းထံ ရာသီဝက် ထွက်ကစားခဲ့ပြီး ၂၇ ပွဲအတွင်း ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၆ မှာ ဖူလ်ဟမ်ကနေ လီဗာပူးအကယ်ဒမီကို ရောက်လာခဲ့တဲ့ မီလာဟာ ယူ-၂၃ အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တယ်။ ၂၀၂၀ ဖေဖော်ဝါရီလမှာတုန်းက အက်ဖ်အေဖလားပွဲအဖြစ် ရှရှီဘူရီအသင်းကို ရင်ဆိုင်စဉ် စီနီယာအသင်းအတွက် ပွဲကစားခွင့် ရခဲ့ပါတယ်။

မီလာဟာ ကလပ်အဆင့်မှာ စီနီယာပွဲကစားခွင့်အတွက် ရုန်းကန်နေရခြင်းကြောင့် အငှား ထွက်ကစားမှုတွေ လူငယ်အသင်းမှာ ကစားမှုတွေပဲ လုပ်ထားနိုင်တယ်။ သို့ပေမယ့် သူဟာ ကနေဒါ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရတဲ့ တိုက်စစ်သမားဖြစ်ပြီး ၁၁ ပွဲထိ ကစားပေးထားနိုင်ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကလပ္ရဲ႕ တိုက္စစ္သမား မီလာကို ေရာင္းထုတ္ဖို႔ စကားေျပာေနျပီး ဆြစ္ဇလန္ကလပ္ ေဘဇယ္အသင္းက ေခၚယူႏုိင္ဖို႔ ေရပန္းစားေနပါတယ္။

The Athletic မွ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္က အသက္ ၂၁ ႏွစ္အရြယ္ ကေနဒါ တိုက္စစ္သမားအတြက္ ႏွစ္သင္းၾကား ညိႏိႈင္းေနမႈဟာ ေပါင္ ၂ သန္း တန္ေၾကးရွိမယ္လို႔ ေဖာ္ျပခဲ့တယ္။ ကလပ္ႏွစ္သင္းဟာ အျပီးသတ္ ေငြေပးေခ်မႈ ပံုစံေတြအတြက္ ဆက္လက္ ညိႏိႈင္းေနဆဲျဖစ္ပါတယ္။

လီဗာပူးဘက္က မီလာကို ေဘဇယ္အသင္းထံ ေရာင္းထုတ္ေပးရာမွာ အနာဂတ္ ေျပာင္းေရႊ႔ေၾကးရဲ႕ တစိတ္တပိုင္း ခံစားခြင့္ပါတဲ့ သေဘာတူညီမႈကို ထည့္သြင္း စာခ်ဳပ္ခ်ဳပ္လိုေနပါတယ္။ မီလာကို ေခၚယူဖို႔ နယူးေယာ့ခ္ ရတ္ဘူလ္း၊ ဘလက္ပူးလ္နဲ႔ ခ်ာတန္အသင္းတို႔ကလည္း စိတ္ဝင္စားေနတာျဖစ္တယ္။

မႏွစ္ကရာသီမွာ မီလာဟာ ခ်ာတန္အသင္းထံ ရာသီဝက္ ထြက္ကစားခဲ့ျပီး ၂၇ ပြဲအတြင္း ၃ ဂိုး သြင္းယူႏုိင္ခဲ့ပါတယ္။ ၂၀၁၆ မွာ ဖူလ္ဟမ္ကေန လီဗာပူးအကယ္ဒမီကို ေရာက္လာခဲ့တဲ့ မီလာဟာ ယူ-၂၃ အသင္းေခါင္းေဆာင္ေဟာင္းလည္းျဖစ္တယ္။ ၂၀၂၀ ေဖေဖာ္ဝါရီလမွာတုန္းက အက္ဖ္ေအဖလားပြဲအျဖစ္ ရွရွီဘူရီအသင္းကို ရင္ဆုိင္စဥ္ စီနီယာအသင္းအတြက္ ပြဲကစားခြင့္ ရခဲ့ပါတယ္။

မီလာဟာ ကလပ္အဆင့္မွာ စီနီယာပြဲကစားခြင့္အတြက္ ရုန္းကန္ေနရျခင္းေၾကာင့္ အငွား ထြက္ကစားမႈေတြ လူငယ္အသင္းမွာ ကစားမႈေတြပဲ လုပ္ထားႏုိင္တယ္။ သို႔ေပမယ့္ သူဟာ ကေနဒါ လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံထားရတဲ့ တိုက္စစ္သမားျဖစ္ျပီး ၁၁ ပြဲထိ ကစားေပးထားႏုိင္ျပီျဖစ္ပါတယ္။