လီဗာပူးအသင်းဟာ ဘိုင်ယန်မြုူးနစ် တောင်ပံသမား ကိုမန်းအတွက် ကမ်းလှမ်းမှု တစ်ခုလုပ်ခဲ့ပြီး ငြင်းဆန်ခ့ခဲ့ရတယ်လို့ beIN Sports က ဖော်ပြပါတယ်။

အဆိုပါ သတင်းရဲ့ အဆိုအရ လီဗာပူးဘက်က တရားဝင် ကမ်းလှမ်းမှုအဖြစ် ပေါင် သန်း ၃၀ တန် ကမ်းလှမ်းမှုပေးခဲ့တယ်လို့ သိရတယ်။ ဒါပေမယ့်လို့ ဘိုင်ယန်မြူးနစ်ဘက်က ပြင်သစ်တိုက်စစ်သမားအတွက် ပေါင် ၄၂ သန်းထိ ရလိုကြောင်း တောင်းဆိုခဲ့ပြီး လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။

တိုက်စစ်သမားဟာ ဒီအပတ်တွေမှာ လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာတာပါ။ ၎င်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေတုန်းက ချယ်ဆီးအသင်းနဲ့ သတင်းထွက်မှုတွေ ရှိထားခဲ့ပေမယ့် ပရီးမီးယားလိဂ်ကို ရောက်လာခဲ့ခြင်း မရှိပါဘူး။

ကိုးမန်းဟာ ဘိုင်ယန်နဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိသေးပေမယ့် စာချုပ်သစ် ထပ်ချုပ်တော့မှာ မဟုတ်ပါဘူး။ ဒီနွေမှာ မရောင်းထုတ်ဘူးဆိုရင် လာမယ့်ရာသီ ကစားသမားရဲ့ တန်ကြေး လျော့နည်းမှာဖြစ်လို့ ကမ်းလှမ်းမှုတွေကို ဂျာမနီချန်ပီယံဘက်က လမ်းဖွင့်ပေးထားတယ်။

အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ ပြင်သစ်သားကို လီဗာပူးအသင်း ခေါ်ယူလိုခြင်းက ဇန်နဝါရီမှာ မာနေး၊ ဆာလာတို့ကို အာဖရိကပြိုင်ပွဲအတွက် လက်လွတ်ရမှာကြောင့် ဖြစ်မယ်ဆိုတဲ့ ယူဆချက်တွေ ရှိနေတယ်။ လီဗာပူးဟာ ဥရောပတိုက်စစ်သမား တစ်ဦးကို ခေါ်ယူဖို့ ယူရို ပြိုင်ပွဲကို စောင့်ကြည့်နေသေးတာဖြစ်ပါတယ်။

နွေအပြောင်းအရွှေ့မှာ ကိုနာတေးကို ခေါ်ယူထားတဲ့ လီဗာပူးဟာ ကွင်းလယ်လူတစ်ဦးနဲ့ တိုက်စစ်သမား တစ်ဦးတို့ကို ခေါ်ယူလိုကြောင်း သိထားရပေမယ့် အခုချိန်ထိတော့ အသင်းဘက်က ဘာတွေ လှုပ်ရှားနေလဲ ခန့်မှန်းရခက်နေဆဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘိုင္ယန္ျမဳဴးနစ္ ေတာင္ပံသမား ကိုမန္းအတြက္ ကမ္းလွမ္းမႈ တစ္ခုလုပ္ခဲ့ျပီး ျငင္းဆန္ခ့ခဲ့ရတယ္လို႔ beIN Sports က ေဖာ္ျပပါတယ္။

အဆိုပါ သတင္းရဲ႕ အဆိုအရ လီဗာပူးဘက္က တရားဝင္ ကမ္းလွမ္းမႈအျဖစ္ ေပါင္ သန္း ၃၀ တန္ ကမ္းလွမ္းမႈေပးခ့ဲတယ္လို႔ သိရတယ္။ ဒါေပမယ့္လို႔ ဘိုင္ယန္ျမဴးနစ္ဘက္က ျပင္သစ္တိုက္စစ္သမားအတြက္ ေပါင္ ၄၂ သန္းထိ ရလိုေၾကာင္း ေတာင္းဆိုခဲ့ျပီး လီဗာပူးရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ပါတယ္။

တိုက္စစ္သမားဟာ ဒီအပတ္ေတြမွာ လီဗာပူးနဲ႔ အေျပာင္းအေရႊ႔ သတင္းေတြ ထြက္ေပၚလာတာပါ။ ၄င္းဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီေတြတုန္းက ခ်ယ္ဆီးအသင္းနဲ႔ သတင္းထြက္မႈေတြ ရွိထားခဲ့ေပမယ့္ ပရီးမီးယားလိဂ္ကို ေရာက္လာခဲ့ျခင္း မရွိပါဘူး။

ကိုးမန္းဟာ ဘိုင္ယန္နဲ႔ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ရွိေသးေပမယ့္ စာခ်ဳပ္သစ္ ထပ္ခ်ဳပ္ေတာ့မွာ မဟုတ္ပါဘူး။ ဒီေႏြမွာ မေရာင္းထုတ္ဘူးဆိုရင္ လာမယ့္ရာသီ ကစားသမားရဲ႕ တန္ေၾကး ေလ်ာ့နည္းမွာျဖစ္လို႔ ကမ္းလွမ္းမႈေတြကို ဂ်ာမနီခ်န္ပီယံဘက္က လမ္းဖြင့္ေပးထားတယ္။

အသက္ ၂၅ ႏွစ္ပဲ ရွိေသးတဲ့ ျပင္သစ္သားကို လီဗာပူးအသင္း ေခၚယူလိုျခင္းက ဇန္နဝါရီမွာ မာေနး၊ ဆာလာတို႔ကို အာဖရိကျပိဳင္ပြဲအတြက္ လက္လြတ္ရမွာေၾကာင့္ ျဖစ္မယ္ဆိုတဲ့ ယူဆခ်က္ေတြ ရွိေနတယ္။ လီဗာပူးဟာ ဥေရာပတိုက္စစ္သမား တစ္ဦးကို ေခၚယူဖို႔ ယူရို ျပိဳင္ပြဲကို ေစာင့္ၾကည့္ေနေသးတာျဖစ္ပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ ကိုနာေတးကို ေခၚယူထားတဲ့ လီဗာပူးဟာ ကြင္းလယ္လူတစ္ဦးနဲ႔ တိုက္စစ္သမား တစ္ဦးတို႔ကို ေခၚယူလိုေၾကာင္း သိထားရေပမယ့္ အခုခ်ိန္ထိေတာ့ အသင္းဘက္က ဘာေတြ လႈပ္ရွားေနလဲ ခန္႔မွန္းရခက္ေနဆဲျဖစ္ပါတယ္။