လီဗာပူး အသင်းမန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ လက်ရှိ စာချုပ်က ၂၀၂၄ မှာ ကုန်ဆုံးတော့မှာပါ။ ကျနော်တို့ အားလုံးက အဲဒီအချိန်မှာ သူ့ကို လက်လွှတ်ရနိုင်တယ် ဆိုတာ သိတော့ သိထားပြီး ဖြစ်ကြပါတယ်။ တကယ်လို့ ကလော့ပ်သာ ထွက်ခွာမယ် ဆိုရင် ဘယ်သူ့ကို အစားထိုးကြမလဲ..

လီဗာပူး ပရိသတ် တော်တော်များများကတော့ ကလော့ပ် ပြီးရင် စတီဗင် ဂျရတ်ကို အသင်း မန်နေဂျာ ဖြစ်လာစေလိုကြတာပါ။ ဂျရတ်က ရိမ်းဂျားစ် အသင်းမှာတော့ ကောင်းမွန်စွာ လုပ်ဆောင်ပြထားပြီး ပြီးခဲ့တဲ့ရာသီ က အမှတ်ပေးဖလားပါ ဗိုလ်စွဲထားပါတယ်။

ဒါပေမယ့် ဂျရတ်က အခုထိ ကလပ်အသင်း တစ်သင်းကိုသာ နည်းပြ အဖြစ် တာဝန်ယူရသေးတာ ဖြစ်ပါတယ်။ ဒီတော့ ၂၀၂၄ မှာဆို ဂျရတ်က ကမ္ဘာ့အဆင့် ကလပ်အသင်း တစ်သင်းကို တာဝန်ယူဖို့ လုံလောက်မှု ရှိနိုင်မလား၊ လီဗာပူး ပရိသတ်တွေကတော့ ကလပ် ဂန္တဝင်လည်းဖြစ် ဟီးရိုးလည်း ဖြစ်တဲ့ ဂျရတ်ကို ကျရှုံးမှာ မြင်လိုကြမှာ မဟုတ်ပါဘူး။

စကော့တလန်ကလပ် ရိမ်းဂျားစ် အသင်းမှာ ဂျရတ်က အခုထိဆို ပွဲ ၁၆၄ ပွဲ၊ ဘောလုံးရာသီ ၃ ရာသီပြည့် ကိုင်တွယ်ထားပြီ ဖြစ်ပါတယ်။ ပထမဆုံး နှစ်ရာသီမှာ ဂျရတ်က ရှုံးပွဲ တစ်ရာသီ ၉ ပွဲစီသာ ရှိထားခဲ့ပါတယ်။ ထိုရှုံးပွဲတွေရဲ့ တဝက်ကျော်က ယူရိုပါလိဂ်မှာ ကြုံခဲ့ရတာပါ။ ဒီအချက်အလက်က ဂျာရတ် မန်နေဂျာ ဘ၀ အတွက် မှတ်တမ်းကောင်းလို့ ဆိုနိုင်ပါတယ်။

ပြီးသွားခဲ့တဲ့ ဘောလုံးရာသီမှာဆို ဂျရတ်ရဲ့ ရိမ်းဂျားစ်က တစ်ရာသီလုံး လိဂ်ပွဲ ရှုံးပွဲ လုံး၀ မရှိခဲ့ဘဲ အမှတ်ပေးဖလား ချန်ပီယံ ဖြစ်ခဲ့တာဖြစ်လို့ အထင်ကြီးစရာ စွမ်းဆောင်မှုပါ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ရာသီ ကျော်၊ လီဗာပူး ပရီးမီးယားလိဂ် ဗိုလ်စွဲခဲ့တဲ့ ရာသီမှာ ရိမ်းဂျားစ်က လိဂ်ပွဲ ၃ ပွဲသာ ရှိခဲ့တာ ဖြစ်ပြီး ထိုစဉ်က လီဗာပူး ရှုံးပွဲ ၆ ပွဲ ရှိခဲ့ပါတယ်။ လီဗာပူးရော ရိမ်းဂျားစ်ရောက ထိုရာသီ ပြိုင်ပွဲစုံ ၅၆ ပွဲ ကစားခဲ့တာပါ။

ဂျာရတ်ရဲ့ တစ်ပွဲ ပျမ်းမျှ ရမှတ်က ပြီးခဲ့တဲ့ ရာသီမှာ ၂.၅၄ ရှိခဲ့ပြီး ထိုယခင် ရာသီကတော့ ၂.၁၇ ရှိခဲ့ပါတယ်။ ရိမ်းဂျားစ်နဲ့ သူ့ရဲ့ ပွဲဦးထွက် ရာသီပြည့်တုန်းက ပျမ်းမျှ တစ်ပွဲ ၁.၉၁ မှတ် ရခဲ့ပြီး ကလော့ပ် ပြီးခဲ့တဲ့ ရာသီက ပျမ်းမျှ ရမှတ်ထက် သာလွန်ခဲ့ပါတယ်။ ဂျရတ်နဲ့ရိမ်းဂျားစ်က အချိန်ယူ တည်ဆောက်လာတဲ့ အသင်းရဲ့ အောင်မြင်မှုတွေ စတင် ခံစားနေရပြီ ဆိုရမှာပါ။

တစ်ချက် စဉ်းစားစရာ ရှိတာက စကော့တလန် အမှတ်ပေးလိဂ်ဟာ ပရီးမီးယားလိဂ်နဲ့ ယှဉ်ရင်တော့ ချန်ပီယံရှစ် အဆင့်ကနေ တန်းတက်လာတာမျိုးသာ ဖြစ်ပြီး ဖရန့်လမ်းပတ် ချယ်ဆီးနဲ့ ပြီးခဲ့တဲ့ ရာသီက ကြုံခဲ့သလို ခပ်ကြမ်းကြမ်း အပြောင်းအလဲတွေ ရင်ဆိုင်ရနိုင်ပါတယ်။

ဂျရတ်က ပရီးမီးယားလိဂ် အသင်းငယ် တစ်သင်းလောက်ကို အရင် ကိုင်တွယ်သင့်သလား ? အဲဒီလိုသာ ဆိုရင်တော့ ၂၀၂၄ မှာ ကလော့ပ် ထွက်ခွာဖြစ်ရင် လီဗာပူးအသင်းက အစားထိုးဖို့ ဂျရတ် မဟုတ်တဲ့ တခြား နည်းပြကို ရွေးချယ် ရမှာ ဖြစ်ပါတယ်။

လီဗာပူး ပရိသတ်တွေ အနေနဲ့ ဂျရတ်က လီဗာပူး အသင်း မန်နေဂျာ အဖြစ် ၂၀၂၄ မှာ တာဝန်ယူဖို့ အဆင်သင့် ဖြစ်နေပြီ လို့ ယူဆကြသလား အမြင်လေးတွေ ပြောခဲ့ပေးကြပါဦး။

Zawgyi – လီဗာပူး အသင္းမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၄ မွာ ကုန္ဆံုးေတာ့မွာပါ။ က်ေနာ္တို႔ အားလံုးက အဲဒီအခ်ိန္မွာ သူ႔ကို လက္လႊတ္ရနိုင္တယ္ ဆိုတာ သိေတာ့ သိထားျပီး ျဖစ္ၾကပါတယ္။ တကယ္လို႔ ကေလာ့ပ္သာ ထြက္ခြာမယ္ ဆိုရင္ ဘယ္သူ႔ကို အစားထိုးၾကမလဲ..

လီဗာပူး ပရိသတ္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ကေလာ့ပ္ ျပီးရင္ စတီဗင္ ဂ်ရတ္ကို အသင္း မန္ေနဂ်ာ ျဖစ္လာေစလိုၾကတာပါ။ ဂ်ရတ္က ရိမ္းဂ်ားစ္ အသင္းမွာေတာ့ ေကာင္းမြန္စြာ လုပ္ေဆာင္ျပထားျပီး ျပီးခဲ့တဲ့ရာသီ က အမွတ္ေပးဖလားပါ ဗိုလ္စြဲထားပါတယ္။

ဒါေပမယ့္ ဂ်ရတ္က အခုထိ ကလပ္အသင္း တစ္သင္းကိုသာ နည္းျပ အျဖစ္ တာ၀န္ယူရေသးတာ ျဖစ္ပါတယ္။ ဒီေတာ့ ၂၀၂၄ မွာဆို ဂ်ရတ္က ကမၻာ့အဆင့္ ကလပ္အသင္း တစ္သင္းကို တာ၀န္ယူဖို႔ လံုေလာက္မႈ ရွိနိုင္မလား၊ လီဗာပူး ပရိသတ္ေတြကေတာ့ ကလပ္ ဂႏၱ၀င္လည္းျဖစ္ ဟီးရိုးလည္း ျဖစ္တဲ့ ဂ်ရတ္ကို က်ရွံဳးမွာ ျမင္လိုၾကမွာ မဟုတ္ပါဘူး။

စေကာ့တလန္ကလပ္ ရိမ္းဂ်ားစ္ အသင္းမွာ ဂ်ရတ္က အခုထိဆို ပြဲ ၁၆၄ ပြဲ၊ ေဘာလံုးရာသီ ၃ ရာသီျပည့္ ကိုင္တြယ္ထားျပီ ျဖစ္ပါတယ္။ ပထမဆံုး နွစ္ရာသီမွာ ဂ်ရတ္က ရွံဳးပြဲ တစ္ရာသီ ၉ ပြဲစီသာ ရွိထားခဲ့ပါတယ္။ ထိုရွံဳးပြဲေတြရဲ႕ တ၀က္ေက်ာ္က ယူရိုပါလိဂ္မွာ ၾကံဳခဲ့ရတာပါ။ ဒီအခ်က္အလက္က ဂ်ာရတ္ မန္ေနဂ်ာ ဘ၀ အတြက္ မွတ္တမ္းေကာင္းလို႔ ဆိုနုိင္ပါတယ္။

ျပီးသြားခဲ့တဲ့ ေဘာလံုးရာသီမွာဆို ဂ်ရတ္ရဲ႕ ရိမ္းဂ်ားစ္က တစ္ရာသီလံုး လိဂ္ပြဲ ရွံဳးပြဲ လံုး၀ မရွိခဲ့ဘဲ အမွတ္ေပးဖလား ခ်န္ပီယံ ျဖစ္ခဲ့တာျဖစ္လို႔ အထင္ၾကီးစရာ စြမ္းေဆာင္မႈပါ ျဖစ္ခဲ့ပါတယ္။ ျပီးခဲ့တဲ့ တစ္ရာသီ ေက်ာ္၊ လီဗာပူး ပရီးမီးယားလိဂ္ ဗိုလ္စြဲခဲ့တဲ့ ရာသီမွာ ရိမး္ဂ်ားစ္က လိဂ္ပြဲ ၃ ပြဲသာ ရွိခဲ့တာ ျဖစ္ျပီး ထိုစဥ္က လီဗာပူး ရွံဳးပြဲ ၆ ပြဲ ရွိခဲ့ပါတယ္။ လီဗာပူးေရာ ရိမ္းဂ်ားစ္ေရာက ထိုရာသီ ျပိဳင္ပြဲစံု ၅၆ ပြဲ ကစားခဲ့တာပါ။

ဂ်ာရတ္ရဲ႕ တစ္ပြဲ ပ်မ္းမွ် ရမွတ္က ျပီးခဲ့တဲ့ ရာသီမွာ ၂.၅၄ ရွိခဲ့ျပီး ထိုယခင္ ရာသီကေတာ့ ၂.၁၇ ရွိခဲ့ပါတယ္။ ရိမ္းဂ်ားစ္နဲ႕ သူ႔ရဲ႕ ပြဲဦးထြက္ ရာသီျပည့္တုန္းက ပ်မ္းမွ် တစ္ပြဲ ၁.၉၁ မွတ္ ရခဲ့ျပီး ကေလာ့ပ္ ျပီးခဲ့တဲ့ ရာသီက ပ်မ္းမွ် ရမွတ္ထက္ သာလြန္ခဲ့ပါတယ္။ ဂ်ရတ္နဲ႕ရိမ္းဂ်ားစ္က အခ်ိန္ယူ တည္ေဆာက္လာတဲ့ အသင္းရဲ႕ ေအာင္ျမင္မႈေတြ စတင္ ခံစားေနရျပီ ဆိုရမွာပါ။

တစ္ခ်က္ စဥ္းစားစရာ ရွိတာက စေကာ့တလန္ အမွတ္ေပးလိဂ္ဟာ ပရီးမီးယားလိဂ္နဲ႕ ယွဥ္ရင္ေတာ့ ခ်န္ပီယံရွစ္ အဆင့္ကေန တန္းတက္လာတာမ်ိဳးသာ ျဖစ္ျပီး ဖရန္႔လမ္းပတ္ ခ်ယ္ဆီးနဲ႕ ျပီးခဲ့တဲ့ ရာသီက ၾကံဳခဲ့သလို ခပ္ၾကမ္းၾကမ္း အေျပာင္းအလဲေတြ ရင္ဆိုင္ရနုိင္ပါတယ္။

ဂ်ရတ္က ပရီးမီးယားလိဂ္ အသင္းငယ္ တစ္သင္းေလာက္ကို အရင္ ကိုင္တြယ္သင့္သလား ? အဲဒီလိုသာ ဆိုရင္ေတာ့ ၂၀၂၄ မွာ ကေလာ့ပ္ ထြက္ခြာျဖစ္ရင္ လီဗာပူးအသင္းက အစားထိုးဖို႔ ဂ်ရတ္ မဟုတ္တဲ့ တျခား နည္းျပကို ေရြးခ်ယ္ ရမွာ ျဖစ္ပါတယ္။

လီဗာပူး ပရိသတ္ေတြ အေနနဲ႕ ဂ်ရတ္က လီဗာပူး အသင္း မန္ေနဂ်ာ အျဖစ္ ၂၀၂၄ မွာ တာ၀န္ယူဖို႔ အဆင္သင့္ ျဖစ္ေနျပီ လို႔ ယူဆၾကသလား အျမင္ေလးေတြ ေျပာခဲ့ေပးၾကပါဦး။