လီဗာပူးပရိသတ်တွေက နွေဈေးကွက်ထဲမှာ တိုက်စစ်သမားသစ် တစ်ဦး ရှာဖွေနေတဲ့ ကလပ် အားကစားဒါရိုက်တာအား ယူရိုပြိုင်ပွဲဝင် အသင်းသားတစ်ဦးကို စောင့်ကြည့်ဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

လီဗာပူးပရိသတ်တွေ နှစ်သက်နေတဲ့ ကစားသမားက ယူရို ၂၀၂၀ ပြိုင်ပွဲဝင် ဒိန်းမတ်အသင်း တောင်ပံသမား ဒမ်းစဂတ်ပဲဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ပဲရှိသေးပြီး စီးရီးအေကလပ် ဆမ့်ဒိုးရီးယားမှာ ကစားနေသူဖြစ်တယ်။ ဒိန်းမတ်အသင်းက ဝေလ်းအသင်းကို အနိုင်ယူပြီး ယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်တဲ့နောက် သူ့နာမည်ကို လူသိများလာခဲ့ပါတယ်။

အုပ်စုတွင်း အဖွင့်ပွဲအဖြစ် ဖင်လန်နဲ့ပွဲမှာ မပါခဲ့ပေမယ့် ဘယ်ဂျီယံကို ၂-၁ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့တယ်။ အုပ်စုတွင်း နောက်ဆုံးပွဲဖြစ်တဲ့ ရုရှားနဲ့ပွဲမှာတော့ အဖွင့်ဂိုးကို စတင်သွင်းယူပါတယ်။ လူငယ်လေးဟာ နည်းစနစ်ပိုင်း ကောင်းမွန်သူအဖြစ်လည်း ရှုမြင်ခြင်း ခံလာနေရတယ်။ ဒါကြောင့်လည်း လီဗာပူးပရိသတ်တွေက ကော်တင်ညို လက်သစ်အဖြစ်ပါ နှိုင်းယှဉ်နေကြပါတယ်။

ဒိန်းမတ်လိဂ်မှာ တစ်နှစ်တာအကောင်းဆုံး လူငယ်ဆုရပြီးမှ ဆမ့်ဒိုးရီးယားကို ယူရို ၆ သန်းလောက်ဖြင့် ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်သမားလေးဟာ မနှစ်တုန်းက ပြိုင်ပွဲစုံ ၃၇ ပွဲထိ ကစားနိုင်ခဲ့ပါတယ်။ ယူရိုမှာ ပြသနေတဲ့ ခြေစွမ်းကြောင့် ထိပ်သီးကလပ် အတော်များများကလည်း သူ့ကို စောင့်ကြည့်လာပါတယ်။

ဒမ်းစဂတ်ဟာ ဘယ်တောင်ပံကို အားပြုကစားတယ်ဆိုပေမယ့် ကွင်းလယ် နံပါတ် ၁၀ နေရာမှာ ပိုအံဝင်မယ်လို့လည်း မှတ်ချက်ပေးခံရတယ်။ ဒီနွေမှာ ခေါ်ယူမယ်ဆိုရင် အမြင့်ဆုံးအားဖြင့် ယူရို သန်း ၃၀ ထိပဲ ဈေးပေးရမှာဖြစ်လို့ အသင်းဘက်က သူ့ခြေစွမ်းကို ဆက်လက် စောင့်ကြည့်ပြီး အနာဂတ်အတွက် ထည့်သွင်းစဉ်းစားသင့်တယ်ဆိုတဲ့ အကြံပေးချက်တွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးပရိသတ္ေတြက ေႏြေစ်းကြက္ထဲမွာ တိုက္စစ္သမားသစ္ တစ္ဦး ရွာေဖြေနတဲ့ ကလပ္ အားကစားဒါရိုက္တာအား ယူရိုျပိဳင္ပြဲဝင္ အသင္းသားတစ္ဦးကို ေစာင့္ၾကည့္ဖို႔ ေတာင္းဆိုမႈေတြ ရွိေနပါတယ္။

လီဗာပူးပရိသတ္ေတြ ႏွစ္သက္ေနတဲ့ ကစားသမားက ယူရို ၂၀၂၀ ျပိဳင္ပြဲဝင္ ဒိန္းမတ္အသင္း ေတာင္ပံသမား ဒမ္းစဂတ္ပဲျဖစ္ပါတယ္။ အသက္ ၂၀ အရြယ္ပဲရွိေသးျပီး စီးရီးေအကလပ္ ဆမ့္ဒိုးရီးယားမွာ ကစားေနသူျဖစ္တယ္။ ဒိန္းမတ္အသင္းက ေဝလ္းအသင္းကို အႏုိင္ယူျပီး ယူရိုျပိဳင္ပြဲ ကြာတားဖိုင္နယ္ကို တက္ေရာက္ႏုိင္တဲ့ေနာက္ သူ႔နာမည္ကို လူသိမ်ားလာခဲ့ပါတယ္။

အုပ္စုတြင္း အဖြင့္ပြဲအျဖစ္ ဖင္လန္နဲ႔ပြဲမွာ မပါခဲ့ေပမယ့္ ဘယ္ဂ်ီယံကို ၂-၁ ျဖင့္ အေရးနိမ့္တဲ့ပြဲမွာ ပါဝင္ကစားခြင့္ရခဲ့တယ္။ အုပ္စုတြင္း ေနာက္ဆံုးပြဲျဖစ္တဲ့ ရုရွားနဲ႔ပြဲမွာေတာ့ အဖြင့္ဂိုးကို စတင္သြင္းယူပါတယ္။ လူငယ္ေလးဟာ နည္းစနစ္ပိုင္း ေကာင္းမြန္သူအျဖစ္လည္း ရႈျမင္ျခင္း ခံလာေနရတယ္။ ဒါေၾကာင့္လည္း လီဗာပူးပရိသတ္ေတြက ေကာ္တင္ညိဳ လက္သစ္အျဖစ္ပါ ႏိႈင္းယွဥ္ေနၾကပါတယ္။

ဒိန္းမတ္လိဂ္မွာ တစ္ႏွစ္တာအေကာင္းဆံုး လူငယ္ဆုရျပီးမွ ဆမ့္ဒိုးရီးယားကို ယူရို ၆ သန္းေလာက္ျဖင့္ ေျပာင္းေရႊ႔ခဲ့တဲ့ တိုက္စစ္သမားေလးဟာ မႏွစ္တုန္းက ျပိဳင္ပြဲစံု ၃၇ ပြဲထိ ကစားႏုိင္ခဲ့ပါတယ္။ ယူရိုမွာ ျပသေနတဲ့ ေျခစြမ္းေၾကာင့္ ထိပ္သီးကလပ္ အေတာ္မ်ားမ်ားကလည္း သူ႔ကို ေစာင့္ၾကည့္လာပါတယ္။

ဒမ္းစဂတ္ဟာ ဘယ္ေတာင္ပံကို အားျပဳကစားတယ္ဆိုေပမယ့္ ကြင္းလယ္ နံပါတ္ ၁၀ ေနရာမွာ ပိုအံဝင္မယ္လို႔လည္း မွတ္ခ်က္ေပးခံရတယ္။ ဒီေႏြမွာ ေခၚယူမယ္ဆိုရင္ အျမင့္ဆံုးအားျဖင့္ ယူရို သန္း ၃၀ ထိပဲ ေစ်းေပးရမွာျဖစ္လို႔ အသင္းဘက္က သူ႔ေျခစြမ္းကို ဆက္လက္ ေစာင့္ၾကည့္ျပီး အနာဂတ္အတြက္ ထည့္သြင္းစဥ္းစားသင့္တယ္ဆိုတဲ့ အၾကံေပးခ်က္ေတြ ျမင့္တက္ေနတာ ျဖစ္ပါတယ္။