အပြောင်းအရွှေ့ဆိုင်ရာ အားကစားသတင်းထောက် Fabrizio Romano က လီဗာပူးနဲ့ အမ်ဘတ်ပီကြား ဒီနွေမှာ ဖြစ်လာနိုင်တဲ့ အပြောင်းအရွှေ့ကိစ္စအတွက် တုန့်ပြန်လိုက်ပါတယ်။

ဒီနွေမှာ ရီးရဲလ်မက်ဒရစ်က အမ်ဘတ်ပီအတွက် ကြိုးစားမှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်တဲ့နောက် ပြင်သစ်သားရဲ့ အနာဂတ်က အတော်လေး စိတ်ဝင်စားစရာ ဖြစ်လာခဲ့တာပါ။ အမ်ဘတ်ပီဟာ ပီအက်စ်ဂျီနဲ့ တစ်နှစ်ပဲ စာချုပ်ကျန်ရှိတာဖြစ်ပြီး သက်တမ်းတိုးဖို့ သဘောမတူသေးတာကြောင့် နောက်နှစ် နွေမှာ အလွတ်ဖြင့် ထွက်ခွာလို့ရနိုင်မှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က လက်ရှောင်ခဲ့တဲ့ အမ်ဘတ်ပီကို ခေါ်ယူရေးကို လီဗာပူးက ပြန်စိတ်ဝင်စားလာတယ်။ ဒီနွေမှာ အမ်ဘတ်ပီကို ခေါ်ယူနိုင်ဖို့ မာဆေးဆိုဒ်ဘက်က ကမ်းလှမ်းမှုကြီး ပေးလိမ့်မယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်နေတာဖြစ်တယ်။

ဒီနွေမှာ အမ်ဘတ်ပီကို ခေါ်ယူရေး လီဗာပူးဘက်က ကြိုးစားမလားအမေးကို Fabrizio Romano က ” မဟုတ်ပါဘူး။ လီဗာပူးနဲ့ အမ်ဘတ်ပီကြားမှာ အပြောင်းအရွှေ့အတွက် ဘာထူးခြားမှုမှ မရှိပါဘူး ” လို့ တုန့်ပြန်ပါတယ်။

၎င်းကပဲ ” လီဗာပူးနဲ့ အမ်ဘတ်ပီအကြောင်း မေးခွန်းတွေ အများကြီး ရှိနေပါတယ်။ သတင်းမှားတွေက ဘယ်ကနေ ထွက်ပေါ်လာလဲ မသိပါဘူး။ မေးခွန်းတွေ အများကြီး မေးနေကြပေမယ့် ဒီနွေမှာ လီဗာပူးနဲ့ အမ်ဘတ်ပီကြား ဘာအကြောင်းမှ မရှိပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

အမ်ဘတ်ပီဟာ မန်နေဂျာကလော့ပ်နဲ့ လီဗာပူးပရိသတ်တွေကို လေးစားရင်းစွဲ ရှိသူဖြစ်တယ်။ ဒါပေမယ့်လို့ အနာဂတ်အတွက် ဆုံးဖြတ်ချိန်မှာတော့ ဆုဖလား ပုံမှန် စိန်ခေါ်နိုင်စွမ်းအပြင် ကလပ်ရဲ့ ဘဏ္ဍာရေးတောင့်တင်းမှုကလည်း အဓိက ကျပါလိမ့်မယ်။

ပီအက်စ်ဂျီရဲ့ လူအင်အားဖြည့်တင်းမှုကို အားမရဖြစ်နေဆဲ အမ်ဘတ်ပီရဲ့ လုပ်ခကလည်း စံချိန်တင် လုပ်ခမျိးဖြစ်လို သူ့ကို ခေါ်ယူလိုရင် လီဗာပူးဘက်က ဆာလာ (သို့) မာနေးကို ပြောင်းရွှေ့ကြေးကြီးဖြင့် ရောင်းထုတ်နိုင်မှပဲ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

ZAWGYI

အေျပာင္းအေရႊ႔ဆိုင္ရာ အားကစားသတင္းေထာက္ Fabrizio Romano က လီဗာပူးနဲ႔ အမ္ဘတ္ပီၾကား ဒီေႏြမွာ ျဖစ္လာႏုိင္တဲ့ အေျပာင္းအေရႊ႔ကိစၥအတြက္ တုန္႔ျပန္လိုက္ပါတယ္။

ဒီေႏြမွာ ရီးရဲလ္မက္ဒရစ္က အမ္ဘတ္ပီအတြက္ ၾကိဳးစားမွာ မဟုတ္ဘူးဆိုတဲ့ သတင္းေတြ ထြက္ေပၚတဲ့ေနာက္ ျပင္သစ္သားရဲ႕ အနာဂတ္က အေတာ္ေလး စိတ္ဝင္စားစရာ ျဖစ္လာခဲ့တာပါ။ အမ္ဘတ္ပီဟာ ပီအက္စ္ဂ်ီနဲ႔ တစ္ႏွစ္ပဲ စာခ်ဳပ္က်န္ရွိတာျဖစ္ျပီး သက္တမ္းတိုးဖို႔ သေဘာမတူေသးတာေၾကာင့္ ေနာက္ႏွစ္ ေႏြမွာ အလြတ္ျဖင့္ ထြက္ခြာလို႔ရႏုိင္မွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္က လက္ေရွာင္ခ့ဲတဲ့ အမ္ဘတ္ပီကို ေခၚယူေရးကို လီဗာပူးက ျပန္စိတ္ဝင္စားလာတယ္။ ဒီေႏြမွာ အမ္ဘတ္ပီကို ေခၚယူႏုိင္ဖို႔ မာေဆးဆိုဒ္ဘက္က ကမ္းလွမ္းမႈၾကီး ေပးလိမ့္မယ္ဆိုတဲ့ ေကာလဟာလေတြလည္း ထြက္ေပၚေနတာျဖစ္တယ္။

ဒီေႏြမွာ အမ္ဘတ္ပီကို ေခၚယူေရး လီဗာပူးဘက္က ၾကိဳးစားမလားအေမးကို Fabrizio Romano က ” မဟုတ္ပါဘူး။ လီဗာပူးနဲ႔ အမ္ဘတ္ပီၾကားမွာ အေျပာင္းအေရႊ႔အတြက္ ဘာထူးျခားမႈမွ မရွိပါဘူး ” လို႔ တုန္႔ျပန္ပါတယ္။

၄င္းကပဲ ” လီဗာပူးနဲ႔ အမ္ဘတ္ပီအေၾကာင္း ေမးခြန္းေတြ အမ်ားၾကီး ရွိေနပါတယ္။ သတင္းမွားေတြက ဘယ္ကေန ထြက္ေပၚလာလဲ မသိပါဘူး။ ေမးခြန္းေတြ အမ်ားၾကီး ေမးေနၾကေပမယ့္ ဒီေႏြမွာ လီဗာပူးနဲ႔ အမ္ဘတ္ပီၾကား ဘာအေၾကာင္းမွ မရွိပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အမ္ဘတ္ပီဟာ မန္ေနဂ်ာကေလာ့ပ္နဲ႔ လီဗာပူးပရိသတ္ေတြကို ေလးစားရင္းစြဲ ရွိသူျဖစ္တယ္။ ဒါေပမယ့္လို႔ အနာဂတ္အတြက္ ဆံုးျဖတ္ခ်ိန္မွာေတာ့ ဆုဖလား ပံုမွန္ စိန္ေခၚႏုိင္စြမ္းအျပင္ ကလပ္ရဲ႕ ဘ႑ာေရးေတာင့္တင္းမႈကလည္း အဓိက က်ပါလိမ့္မယ္။

ပီအက္စ္ဂ်ီရဲ႕ လူအင္အားျဖည့္တင္းမႈကို အားမရျဖစ္ေနဆဲ အမ္ဘတ္ပီရဲ႕ လုပ္ခကလည္း စံခ်ိန္တင္ လုပ္ခမ်ိးျဖစ္လို သူ႔ကို ေခၚယူလိုရင္ လီဗာပူးဘက္က ဆာလာ (သို႔) မာေနးကို ေျပာင္းေရႊ႔ေၾကးၾကီးျဖင့္ ေရာင္းထုတ္ႏုိင္မွပဲ ျဖစ္လာႏုိင္ဖြယ္ ရွိေနပါတယ္။