ခံစစ်မှူး ကိုနာတေးဟာ လီဗာပူးရဲ့ ရာသီကြို ပြင်ဆင်မှုမှာ အပြည့်အဝ ပါဝင်သွားနိုင်မှာဖြစ်ပြီး သူ့ကို အိုလံပစ်ပြိုင်ပွဲထံ ပါဝင်ခွင့်မပေးဖို့ လီဗာပူးရဲ့ ကြိုးစားမှု အောင်မြင်ခဲ့ပါပြီ။

ပြင်သစ် အိုလံပစ် ပြိုင်ပွဲဝင် လူစာရင်းကို ကြေညာခဲ့ပြီဖြစ်ကာ အဆိုပါ အသင်းမှာ ယူ-၂၁ အသင်းသား ကိုနာတေး မပါဝင်ခဲ့ပါဘူး။ ဒီအပတ် အစောပိုင်းမှာပဲ လီဗာပူးဘက်က ကိုနာတေး၊ ဆာလာတို့ကို အိုလံပစ် ပြိုင်ပွဲဝင် လက်ရွေးစင်အသင်းတွေနှင့် ပူးပေါင်းခွင့် ပေးမှာ မဟုတ်ဘဲ ပယ်ချသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ထားခဲ့တာပါ။

အိုလံပစ်ပြိုင်ပွဲကို ဂျူလိုင်လ ၂၁ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့ထိ ယှဉ်ပြိုင်မှာဖြစ်လို့ အဆိုပါ ပြိုင်ပွဲထံ ပါဝင်လိုက်မယ်ဆိုရင် ရာသီကြိုပြင်ဆင်မှုကို လွဲချော်ရုံတင် မကဘဲ ရာသီစ ပွဲစဉ် အချို့ကိုလည်း လွဲသွားမှာပါ။ ဒီအခြေအနေကို မနှစ်သက်တဲ့ လီဗာပူးက အသင်းသားတွေကို လုံးဝ စေလွှတ်ပေးမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆန်ထားတာဖြစ်တယ်။

အိုလံပစ်ပြိုင်ပွဲဟာ ဖီဖာရဲ့ အသိအမှတ်ပြု ပြိုင်ပွဲထဲမှာ မပါဝင်ခြင်းကြောင့် ကစားသမားတွေကို စေလွှတ်ဖို့ ငြင်းဆန်ခြင်းအတွက် လီဗာပူးအသင်းကို သက်ဆိုင်ရာ ဘောလုံးအာဏာပိုင်တွေက အရေးယူခွင့်ရမှာလည်း မဟုတ်ပါဘူး။

အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အပြီးမှာပဲ ယူ-၂၁ ယူရို ပြိုင်ပွဲမှာလည်း ပြင်သစ်အသင်းနဲ့ ပါဝင် ကစားခဲ့ပါသေးတယ်။ သူဟာ လက်တလောမှာတော့ အားလပ်ရက် ရထားပြီး ဂျူလိုင်လ ၁၂ ရက်နေ့မှာတော့ လီဗာပူးအသင်းထံ တရားဝင် လာရောက် ပူးပေါင်းသွားမှာဖြစ်တယ်။

တူညီတဲ့ ကိစ္စအဖြစ် မီနာမီနိုကိုလည်း အိုလံပစ် ပြိုင်ပွဲထံ စေလွှတ်ပေးမှာ မဟုတ်ဘူး။ ဂျပန် တိုက်စစ်သမားကလည်း လီဗာပူးအသင်းနဲ့ ရာသီကြို လာရောက် ပူးပေါင်းရမှာဖြစ်ကာ ဆောက်သမ်တန်ဘက်က လီဗာပူးအလိုရှိတဲ့ ကမ်းလှမ်းမှုမျိုး မပေးသေးတာကြောင့် သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းလင်စွာ သိရခြင်း မရှိသေးတာဖြစ်ပါတယ်။

ZAWGYI

ခံစစ္မွဴး ကိုနာေတးဟာ လီဗာပူးရဲ႕ ရာသီၾကိဳ ျပင္ဆင္မႈမွာ အျပည့္အဝ ပါဝင္သြားႏုိင္မွာျဖစ္ျပီး သူ႔ကို အိုလံပစ္ျပိဳင္ပြဲထံ ပါဝင္ခြင့္မေပးဖို႔ လီဗာပူးရဲ႕ ၾကိဳးစားမႈ ေအာင္ျမင္ခဲ့ပါျပီ။

ျပင္သစ္ အိုလံပစ္ ျပိဳင္ပြဲဝင္ လူစာရင္းကို ေၾကညာခဲ့ျပီျဖစ္ကာ အဆိုပါ အသင္းမွာ ယူ-၂၁ အသင္းသား ကိုနာေတး မပါဝင္ခဲ့ပါဘူး။ ဒီအပတ္ အေစာပိုင္းမွာပဲ လီဗာပူးဘက္က ကိုနာေတး၊ ဆာလာတို႔ကို အိုလံပစ္ ျပိဳင္ပြဲဝင္ လက္ေရြးစင္အသင္းေတြႏွင့္ ပူးေပါင္းခြင့္ ေပးမွာ မဟုတ္ဘဲ ပယ္ခ်သြားမယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚထားခဲ့တာပါ။

အိုလံပစ္ျပိဳင္ပြဲကို ဂ်ဴလိုင္လ ၂၁ ရက္ေန႔ကေန ၾသဂုတ္လ ၇ ရက္ေန႔ထိ ယွဥ္ျပိဳင္မွာျဖစ္လို႔ အဆိုပါ ျပိဳင္ပြဲထံ ပါဝင္လိုက္မယ္ဆိုရင္ ရာသီၾကိဳျပင္ဆင္မႈကို လြဲေခ်ာ္ရံုတင္ မကဘဲ ရာသီစ ပြဲစဥ္ အခ်ိဳ႔ကိုလည္း လြဲသြားမွာပါ။ ဒီအေျခအေနကို မႏွစ္သက္တဲ့ လီဗာပူးက အသင္းသားေတြကို လံုးဝ ေစလႊတ္ေပးမွာ မဟုတ္ဘူးလို႔ ျပတ္ျပတ္သားသား ျငင္းဆန္ထားတာျဖစ္တယ္။

အိုလံပစ္ျပိဳင္ပြဲဟာ ဖီဖာရဲ႕ အသိအမွတ္ျပဳ ျပိဳင္ပြဲထဲမွာ မပါဝင္ျခင္းေၾကာင့္ ကစားသမားေတြကို ေစလႊတ္ဖို႔ ျငင္းဆန္ျခင္းအတြက္ လီဗာပူးအသင္းကို သက္ဆိုင္ရာ ေဘာလံုးအာဏာပိုင္ေတြက အေရးယူခြင့္ရမွာလည္း မဟုတ္ပါဘူး။

အသက္ ၂၂ ႏွစ္အရြယ္ ခံစစ္မွဴးဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီ အျပီးမွာပဲ ယူ-၂၁ ယူရို ျပိဳင္ပြဲမွာလည္း ျပင္သစ္အသင္းနဲ႔ ပါဝင္ ကစားခဲ့ပါေသးတယ္။ သူဟာ လက္တေလာမွာေတာ့ အားလပ္ရက္ ရထားျပီး ဂ်ဴလိုင္လ ၁၂ ရက္ေန႔မွာေတာ့ လီဗာပူးအသင္းထံ တရားဝင္ လာေရာက္ ပူးေပါင္းသြားမွာျဖစ္တယ္။

တူညီတဲ့ ကိစၥအျဖစ္ မီနာမီႏိုကိုလည္း အိုလံပစ္ ျပိဳင္ပြဲထံ ေစလႊတ္ေပးမွာ မဟုတ္ဘူး။ ဂ်ပန္ တိုက္စစ္သမားကလည္း လီဗာပူးအသင္းနဲ႔ ရာသီၾကိဳ လာေရာက္ ပူးေပါင္းရမွာျဖစ္ကာ ေဆာက္သမ္တန္ဘက္က လီဗာပူးအလိုရွိတဲ့ ကမ္းလွမ္းမႈမ်ိဳး မေပးေသးတာေၾကာင့္ သူ႔အနာဂတ္နဲ႔ ပတ္သက္ျပီး ရွင္းလင္စြာ သိရျခင္း မရွိေသးတာျဖစ္ပါတယ္။