လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့ကို ကိုနာတေးဖြင့် စတင် ဖွင့်လှစ်ထားပေမယ့် အဲ့နောက်ပိုင်းမှာ မည့်သည့် အပြောင်းအရွှေ့ လှုပ်ရှားမှုကိုမှ တရားဝင် စတင်ခြင်း မရှိဘဲ ဈေးနှုန်းစုံစမ်းခြင်းတွေ၊ နွေမှာ ခေါ်ယူနိုင်မလား စုံစမ်းခြင်းတွေကိုပဲ လုပ်ဆောင်ထားပါတယ်။

အသင်းရဲ့ ကစားသမား အချို့ကို ရောင်းထုတ်ခြင်းဟာ လီဗာပူးရဲ့ ကစားသမား ခေါ်ယူမှုတွေကို သက်ရောက်မှုရှိစေမယ်လို့ မျှော်လင့်ရတယ်။ လက်ရှိ အချိန်ထိ ဝဲလ်ဆန် (ဘင်ဖီကာ)၊ နီကိုး (ဘန်လေ၊ ဆောက်သမ်တန်)၊ ဂရုဂျစ် (ပေါ်တို၊ ဟာသာဘာလင်)၊ နက်ဖီးလစ် (ဘန်လေ၊ နယူးကာဆယ်) တို့အတွက် ကမ်းလှမ်းမှုတွေ ရရှိထားပါပြီ။

အထက်က ကစားသမား ၄ ဦးအတွက် လီဗာပူးအသင်း အလိုရှိတဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၁၅ သန်း ဝန်းကျင်စီ ဖြစ်ပါတယ်။ ထပ်ပြီးလည်း အိုရီဂီ အတွက် ပေါင် သန်း ၂၀ အပါအဝင် ရှာကွီရီ၊ မီနာမီနို၊ ကားရီးယက်စ်တို့အတွက် ကမ်းလှမ်းလို့ရကြောင်းလည်း လမ်းဖွင့်ပေးထားတယ်။

အငှားချထားတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ အဝန်နီယီ၊ ရိုဂျို၊ ဝုဒ်ဘမ်းတို့ကိုလည်း ရှင်းထုတ်သွားဖို့ ရှိနေကာ လူငယ်အသင်းမှ အနည်းဆုံး ကစားသမား ၅ ဦးဟာ ရာသီကြိုမှာ စီနီယာအသင်းနဲ့ ပူးပေါင်းလေ့ကျင့်ခွင့်ရမှာဖြစ်တယ်။

ကလပ်ဘက်က ရည်ရွယ်ထားသလို ကစားသမား ရှင်းထုတ်မှုတွေ လုပ်နိုင်မယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၇၈-၁၀၀ သန်း ကြားထိ ရရှိမှာဖြစ်တယ်။ အားကစားဒါရိုက်တာ မိုက်ကယ် အတ်ဝပ် ဦးဆောင်တဲ့ အဖွဲ့က ကစားသမား ရှင်းထုတ်မှုတွေကို ဦးဆောင် ကြိုးစားနေပြီး ရာသီသစ် မစတင်ခင် စီနီယာ အသင်းသား ၃ ဦးကို သက်တမ်းတိုးဖို့လည်း ညိနှိုင်းမှာ ဖြစ်ပါတယ်။

လီဗာပူးဘက်က တိုက်စစ်သမားတစ်ဦးနဲ့ ကွင်းလယ်လူ တစ်ဦးတို့ကို ဈေးကွက်ကနေ ထပ်မံ ခေါ်ယူသွားဦးမှာဖြစ်ပေမယ့် ယူရိုကြောင့် သြဂုတ်လ အစပိုင်းမှပဲ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်နိုင်ဖွယ်ရှိတယ်။

အသင်းဟာ မနှစ်တုန်းက ကိုစတက်ကို ခပ်စောစောမှာတင် ခေါ်ယူနိုင်ခဲ့ပေမယ့် ဂျိုတာနဲ့ သီယာဂိုကို ဈေးကွက် နောက်ဆုံးကာလတွေမှ ခေါ်ယူနိုင်ခဲ့တယ်။ ဒီတစ်ကြိမ် နွေဈေးကွက်ဟာလည်း အပြောင်းအရွှေ့ နောက်ဆုံးရက်တွေမှ ပြီးမြောက်တာမျိုး ဖြစ်လာဖို့ အခွင့်အလမ်း များနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြအေျပာင္းအေရႊ႔ကို ကိုနာေတးျဖင့္ စတင္ ဖြင့္လွစ္ထားေပမယ့္ အဲ့ေနာက္ပိုင္းမွာ မည့္သည့္ အေျပာင္းအေရႊ႔ လႈပ္ရွားမႈကိုမွ တရားဝင္ စတင္ျခင္း မရွိဘဲ ေစ်းႏႈန္းစံုစမ္းျခင္းေတြ၊ ေႏြမွာ ေခၚယူႏုိင္မလား စံုစမ္းျခင္းေတြကိုပဲ လုပ္ေဆာင္ထားပါတယ္။

အသင္းရဲ႕ ကစားသမား အခ်ိဳ႔ကို ေရာင္းထုတ္ျခင္းဟာ လီဗာပူးရဲ႕ ကစားသမား ေခၚယူမႈေတြကို သက္ေရာက္မႈရွိေစမယ္လို႔ ေမွ်ာ္လင့္ရတယ္။ လက္ရွိ အခ်ိန္ထိ ဝဲလ္ဆန္ (ဘင္ဖီကာ)၊ နီကိုး (ဘန္ေလ၊ ေဆာက္သမ္တန္)၊ ဂရုဂ်စ္ (ေပၚတို၊ ဟာသာဘာလင္)၊ နက္ဖီးလစ္ (ဘန္ေလ၊ နယူးကာဆယ္) တို႔အတြက္ ကမ္းလွမ္းမႈေတြ ရရွိထားပါျပီ။

အထက္က ကစားသမား ၄ ဦးအတြက္ လီဗာပူးအသင္း အလိုရွိတဲ့ ေျပာင္းေရႊ႔ေၾကးဟာ ယူရို ၁၅ သန္း ဝန္းက်င္စီ ျဖစ္ပါတယ္။ ထပ္ျပီးလည္း အိုရီဂီ အတြက္ ေပါင္ သန္း ၂၀ အပါအဝင္ ရွာကီြရီ၊ မီနာမီႏို၊ ကားရီးယက္စ္တို႔အတြက္ ကမ္းလွမ္းလို႔ရေၾကာင္းလည္း လမ္းဖြင့္ေပးထားတယ္။

အငွားခ်ထားတဲ့ လူငယ္ကစားသမားေတြျဖစ္တဲ့ အဝန္နီယီ၊ ရိုဂ်ိဳ၊ ဝုဒ္ဘမ္းတို႔ကိုလည္း ရွင္းထုတ္သြားဖို႔ ရွိေနကာ လူငယ္အသင္းမွ အနည္းဆံုး ကစားသမား ၅ ဦးဟာ ရာသီၾကိဳမွာ စီနီယာအသင္းနဲ႔ ပူးေပါင္းေလ့က်င့္ခြင့္ရမွာျဖစ္တယ္။

ကလပ္ဘက္က ရည္ရြယ္ထားသလို ကစားသမား ရွင္းထုတ္မႈေတြ လုပ္ႏုိင္မယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၇၈-၁၀၀ သန္း ၾကားထိ ရရွိမွာျဖစ္တယ္။ အားကစားဒါရိုက္တာ မိုက္ကယ္ အတ္ဝပ္ ဦးေဆာင္တဲ့ အဖြဲ႔က ကစားသမား ရွင္းထုတ္မႈေတြကို ဦးေဆာင္ ၾကိဳးစားေနျပီး ရာသီသစ္ မစတင္ခင္ စီနီယာ အသင္းသား ၃ ဦးကို သက္တမ္းတိုးဖို႔လည္း ညိႏိႈင္းမွာ ျဖစ္ပါတယ္။

လီဗာပူးဘက္က တိုက္စစ္သမားတစ္ဦးနဲ႔ ကြင္းလယ္လူ တစ္ဦးတို႔ကို ေစ်းကြက္ကေန ထပ္မံ ေခၚယူသြားဦးမွာျဖစ္ေပမယ့္ ယူရိုေၾကာင့္ ၾသဂုတ္လ အစပိုင္းမွပဲ တရားဝင္ ကမ္းလွမ္းမႈေတြ လုပ္ႏုိင္ဖြယ္ရွိတယ္။

အသင္းဟာ မႏွစ္တုန္းက ကိုစတက္ကို ခပ္ေစာေစာမွာတင္ ေခၚယူႏုိင္ခဲ့ေပမယ့္ ဂ်ိဳတာနဲ႔ သီယာဂိုကို ေစ်းကြက္ ေနာက္ဆံုးကာလေတြမွ ေခၚယူႏုိင္ခဲ့တယ္။ ဒီတစ္ၾကိမ္ ေႏြေစ်းကြက္ဟာလည္း အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္ေတြမွ ျပီးေျမာက္တာမ်ိဳး ျဖစ္လာဖို႔ အခြင့္အလမ္း မ်ားေနတာျဖစ္ပါတယ္။