ယူရို ၂၀၂၀ ဗိုလ်လုပွဲကို အင်္ဂလန်အသင်းနဲ့အတူ တက်ရောက်နိုင်ခဲ့တဲ့ ဟန်ဒါဆန်ဟာ သြဂုတ်လ ပထမအပတ်တိုင်အောင် လီဗာပူးအသင်းနဲ့ ပြန်လည်ပူးပေါင်းရမှာ မဟုတ်ဘဲ အားလပ်ရက် ရထားပါတယ်။

ဒါပေမယ့်လို့ အသက် ၃၁ နှစ်အရွယ် ဟန်ဒါဆန်ဟာ အားလပ်ရက်ကို အပြည့်အဝကြီး အနားယူနေတာ မဟုတ်ဘဲ အသင်းဖော်ဟောင်း ဒန်နီရယ်စတားရစ်နဲ့အတူ စပိန်မှာ လေ့ကျင့်ရေးတွေလည်း ဝင်နေတာဖြစ်တယ်။ ဟန်ဒါဆန်ဟာ အပေါ့စား လေ့ကျင့်ရေးတွေ လုပ်နေခြင်းမျိုး မဟုတ်ဘဲ တစ်ဦးချင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် ပြင်းပြင်းထန်ထန်ကို ကြိုးစားနေပါတယ်။

ဟန်ဒါဆန်ဟာ မနှစ်က ရာသီဝက်မှာ ပေါင်ခြံဒဏ်ရာရခဲ့ခြင်းကြောင့် လီဗာပူးပွဲစဉ် အများအပြားကို လွဲချော်ခဲ့သလို ဒဏ်ရာက ပြန်သက်သာလာပြီးပြီးချင်း အင်္ဂလန်အသင်းရဲ့ ရွေးချယ်ခြင်း ခံရတာအတွက်လည်း သူ့အပေါ် သံသယဝင်မှုတွေ အများကြီး ရှိခဲ့တယ်။ အားလပ်ရက်တွေမှာ တစ်ဦးချင်း ကြံ့ခိုင်မှုတွေကို အာရုံစိုက်ခြင်းက ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေဖို့ဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ မကြာသေးခင်ကလည်း လီဗာပူးအသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်နိုင်ဖွယ် မရှိဘဲ ဒီနွေမှာ နယ်မြေသစ်ကို ပြောင်းရွှေ့ရမယ်လို့ သတင်းကြီးနေတာပါ။ လီဗာပူးအသင်းခေါင်းဆောင်က သူ့ထုံးစံအတိုင်းပဲ ဝေဖန်မှုတွေကို ဘေးချိတ်ကာ ပရော်ဖက်ရှင်နယ် ပီသစွာ ကိုယ်အလုပ်ကို လုပ်ပြဖို့ပဲ ကြိုးစားနေတာဖြစ်တယ်။

ဟန်ဒါဆန်ဟာ လီဗာပူးအသင်းအပေါ် လွှမ်းမိုးမှု ကြီးမားသူတစ်ဦးဖြစ်ပြီး ကိုဗစ်ကပ်ဘေး၊ လူမျိုးရေးခွဲခြားမှုဆိုင်ရာ ရိုက်ခတ်မှုနဲ့ ဥရောပစူပါလိဂ်တွေမှာ လီဗာပူးအသင်းကို ဦးဆောင်ခဲ့သူဖြစ်တယ်။ ကိုဗစ်ကပ်ဘေးမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီပေးဖို့နဲ့ ဥရောပကို ပျံ့နှံ့လာတဲ့ လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်ရေးမှာ တစ်သင်းလုံးကို စည်းရုံးပြီး သာတူညီမျှရေးတွေကို ဦးဆောင်ခဲ့သူဖြစ်တယ်။

ဒီနောက်ပိုင်းနှစ်တွေမှာ ဟန်ဒါဆန်ဟာ လီဗာပူးပရိသတ်တွေ လေးစားရတဲ့ အသင်းသားဖြစ်ပါတယ်။ ကလပ်က သူ့ကို စာချုပ်သစ်မပေးဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်ချိန်မှာဆိုရင် အမာခံပရိသတ်တွေက အသင်းရဲ့ နှေးကွေးတဲ့ ညိနှိုင်းမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ကြပြီး ဟန်ဒိုကို သက်တမ်းတိုးဖို့ တိုက်တွန်းမှုတွေ ရှိထားတာဖြစ်ပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့မှာတော့ လီဗာပူးအသင်းဟာ နော့ဝစ်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခြင်းဖြင့် ပရီးမီးယားလိဂ်ပွဲကို စတင်မှာဖြစ်တယ်။ ဟန်ဒါဆန်ရဲ့ ရာသီကြိုမှာ အဆင်သင့်ဖြစ်ရေး ကြိုးစားနေမှုဟာ နော့ဝစ်ပွဲမှာ သီယေဂို၊ ဖာဘင်ညို၊ ဟန်ဒါဆန် ကွင်းလယ်အတွဲကို မြင်ရဖို့ အခွင့်အလမ်း များလာစေခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ယူရို ၂၀၂၀ ဗိုလ္လုပြဲကို အဂၤလန္အသင္းနဲ႔အတူ တက္ေရာက္ႏုိင္ခဲ့တဲ့ ဟန္ဒါဆန္ဟာ ၾသဂုတ္လ ပထမအပတ္တိုင္ေအာင္ လီဗာပူးအသင္းနဲ႔ ျပန္လည္ပူးေပါင္းရမွာ မဟုတ္ဘဲ အားလပ္ရက္ ရထားပါတယ္။

ဒါေပမယ့္လို႔ အသက္ ၃၁ ႏွစ္အရြယ္ ဟန္ဒါဆန္ဟာ အားလပ္ရက္ကို အျပည့္အဝၾကီး အနားယူေနတာ မဟုတ္ဘဲ အသင္းေဖာ္ေဟာင္း ဒန္နီရယ္စတားရစ္နဲ႔အတူ စပိန္မွာ ေလ့က်င့္ေရးေတြလည္း ဝင္ေနတာျဖစ္တယ္။ ဟန္ဒါဆန္ဟာ အေပါ့စား ေလ့က်င့္ေရးေတြ လုပ္ေနျခင္းမ်ိဳး မဟုတ္ဘဲ တစ္ဦးခ်င္းဆိုင္ရာ ၾကံ႕ခိုင္မႈအတြက္ ျပင္းျပင္းထန္ထန္ကို ၾကိဳးစားေနပါတယ္။

ဟန္ဒါဆန္ဟာ မႏွစ္က ရာသီဝက္မွာ ေပါင္ျခံဒဏ္ရာရခဲ့ျခင္းေၾကာင့္ လီဗာပူးပြဲစဥ္ အမ်ားအျပားကို လြဲေခ်ာ္ခဲ့သလို ဒဏ္ရာက ျပန္သက္သာလာျပီးျပီးခ်င္း အဂၤလန္အသင္းရဲ႕ ေရြးခ်ယ္ျခင္း ခံရတာအတြက္လည္း သူ႔အေပၚ သံသယဝင္မႈေတြ အမ်ားၾကီး ရွိခဲ့တယ္။ အားလပ္ရက္ေတြမွာ တစ္ဦးခ်င္း ၾကံ႕ခိုင္မႈေတြကို အာရုံစိုက္ျခင္းက ရာသီသစ္အတြက္ အဆင္သင့္ျဖစ္ေနဖို႔ျဖစ္ပါတယ္။

ဟန္ဒါဆန္ဟာ မၾကာေသးခင္ကလည္း လီဗာပူးအသင္းနဲ႔ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ႏုိင္ဖြယ္ မရွိဘဲ ဒီေႏြမွာ နယ္ေျမသစ္ကို ေျပာင္းေရႊ႔ရမယ္လို႔ သတင္းၾကီးေနတာပါ။ လီဗာပူးအသင္းေခါင္းေဆာင္က သူ႔ထံုးစံအတိုင္းပဲ ေဝဖန္မႈေတြကို ေဘးခ်ိတ္ကာ ပေရာ္ဖက္ရွင္နယ္ ပီသစြာ ကိုယ္အလုပ္ကို လုပ္ျပဖို႔ပဲ ၾကိဳးစားေနတာျဖစ္တယ္။

ဟန္ဒါဆန္ဟာ လီဗာပူးအသင္းအေပၚ လႊမ္းမိုးမႈ ၾကီးမားသူတစ္ဦးျဖစ္ျပီး ကိုဗစ္ကပ္ေဘး၊ လူမ်ိဳးေရးခြဲျခားမႈဆိုင္ရာ ရိုက္ခတ္မႈနဲ႔ ဥေရာပစူပါလိဂ္ေတြမွာ လီဗာပူးအသင္းကို ဦးေဆာင္ခဲ့သူျဖစ္တယ္။ ကိုဗစ္ကပ္ေဘးမွာ က်န္းမာေရးဝန္ထမ္းေတြကို ကူညီေပးဖို႔နဲ႔ ဥေရာပကို ပ်ံ႔ႏွံ႔လာတဲ့ လူမ်ိဳးေရး ခြဲျခားမႈ တိုက္ဖ်က္ေရးမွာ တစ္သင္းလံုးကို စည္းရံုးျပီး သာတူညီမွ်ေရးေတြကို ဦးေဆာင္ခဲ့သူျဖစ္တယ္။

ဒီေနာက္ပိုင္းႏွစ္ေတြမွာ ဟန္ဒါဆန္ဟာ လီဗာပူးပရိသတ္ေတြ ေလးစားရတဲ့ အသင္းသားျဖစ္ပါတယ္။ ကလပ္က သူ႔ကို စာခ်ဳပ္သစ္မေပးဘူးဆိုတဲ့ သတင္းေတြ ထြက္ေပၚခ်ိန္မွာဆိုရင္ အမာခံပရိသတ္ေတြက အသင္းရဲ႕ ေႏွးေကြးတဲ့ ညိနိႈင္းမႈကို ျပင္းျပင္းထန္ထန္ ေဝဖန္ၾကျပီး ဟန္ဒိုကို သက္တမ္းတိုးဖို႔ တိုက္တြန္းမႈေတြ ရွိထားတာျဖစ္ပါတယ္။

ၾသဂုတ္လ ၁၄ ရက္ေန႔မွာေတာ့ လီဗာပူးအသင္းဟာ ေနာ့ဝစ္အသင္းကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ျခင္းျဖင့္ ပရီးမီးယားလိဂ္ပြဲကို စတင္မွာျဖစ္တယ္။ ဟန္ဒါဆန္ရဲ႕ ရာသီၾကိဳမွာ အဆင္သင့္ျဖစ္ေရး ၾကိဳးစားေနမႈဟာ ေနာ့ဝစ္ပြဲမွာ သီေယဂို၊ ဖာဘင္ညိဳ၊ ဟန္ဒါဆန္ ကြင္းလယ္အတြဲကို ျမင္ရဖို႔ အခြင့္အလမ္း မ်ားလာေစခဲ့ျပီျဖစ္ပါတယ္။