ဒီနွေမှာ လီဗာပူးအသင်းကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာသွားပြီးနောက် ပီအက်စ်ဂျီ အသင်းထံ ရောက်ရှိသွားတဲ့ ကွင်းလယ် ကစားသမား ဝိုက်နယ်ဒန်ကတော့ အသင်းဖော်သစ် ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘတ်ပီကို အသင်း မပြောင်းဖို့ စည်းရုံးလိုက်ပါတယ်။ အမ်ဘတ်ပီဟာ လီဗာပူးအသင်း ချိတ်ဆက်နေတယ်လို့ သတင်းကြီးထားသူလည်း ဖြစ်ပါတယ်။

အမ်ဘတ်ပီရဲ့ လက်ရှိစာချုပ်ကလည်း နောက်နှစ်နွေမှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ပြင်သစ်ကလပ်ဟာ ဘတ်ပီ စာချုပ်သစ် သက်တမ်း မတိုးမှာ စိုးရိမ်နေရပြီ ဖြစ်ပါတယ်။ ပြင်သစ်အသင်းနဲ့ အတူ ယူရို ၂၀၂၀ မှာလည်း အိပ်မက်ဆိုး ကြုံတွေ့လာရတဲ့ အမ်ဘတ်ပီဟာ အပြောင်းအရွှေ့ သတင်းတွေကတော့ လှုပ်ခတ်နေဆဲပါ။

ပီအက်စ်ဂျီ အသင်းသားသစ် ဖြစ်လာတဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်သမား ဝိုက်နယ်ဒန်ကတော့ သူ့ အတွေ့အကြုံတွေကို အရင်းခံပြီး အကြံပေး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

” အားလုံးကတော့ အမ်ဘတ်ပီကို အသင်းမှာ ဆက်ေ်နစေချင်တာပေါ့။ ကျနော်လည်း တူတူပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျနော် ပီအက်စ်ဂျီ ကို ရွေးချယ်ဖြစ်တဲ့ အကြောင်းတစ်ချက်ပါ။ သူ့ လို ကစားသမားနဲ့ တွဲ ကစားချင်ကြတယ်လေ။ နေမာ သက်တမ်းတိုးလိုက်တာလည်း ကျနော် သိပ်ဝမ်းသာတယ်။

ကျေနာ်လည်း အမ်ဘတ်ပီ လို (အသင်းပြောင်းရမလား) ဆုံးဖြတ်ရခက်တဲ့ အချိန်တွေ ကြုံဖူးတယ်။ အချိန် တော်တော်များများမှာတော့ စိတ်ခံစားချက် အတိုင်း လိုက်လုပ်ဖြစ်တာပဲ။

ကျနော်လည်း သူ့ စိတ်က ပီအက်စ်ဂျီ ကိုပဲ ဦးတည်ဖို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကလပ်အသင်းက ကမ္ဘာ့ အကောင်းဆုံး ဖြစ်လာအောင် ကြိုးစားနေတဲ့ အသင်းပါ။ ” လို့ ဝိုက်နယ်ဒန်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ဒီေႏြမွာ လီဗာပူးအသင္းကေန စာခ်ဳပ္ကုန္ဆံုးလို႔ ထြက္ခြာသြားျပီးေနာက္ ပီအက္စ္ဂ်ီ အသင္းထံ ေရာက္ရွိသြားတဲ့ ကြင္းလယ္ ကစားသမား ၀ိုက္နယ္ဒန္ကေတာ့ အသင္းေဖာ္သစ္ ပီအက္စ္ဂ်ီ ၾကယ္ပြင့္ အမ္ဘတ္ပီကို အသင္း မေျပာင္းဖို႔ စည္းရံုးလိုက္ပါတယ္။ အမ္ဘတ္ပီဟာ လီဗာပူးအသင္း ခ်ိတ္ဆက္ေနတယ္လို႔ သတင္းၾကီးထားသူလည္း ျဖစ္ပါတယ္။

အမ္ဘတ္ပီရဲ႕ လက္ရွိစာခ်ဳပ္ကလည္း ေနာက္နွစ္ေႏြမွာ ကုန္ဆံုးေတာ့မွာ ျဖစ္တာေၾကာင့္ ျပင္သစ္ကလပ္ဟာ ဘတ္ပီ စာခ်ဳပ္သစ္ သက္တမ္း မတိုးမွာ စိုးရိမ္ေနရျပီ ျဖစ္ပါတယ္။ ျပင္သစ္အသင္းနဲ႕ အတူ ယူရို ၂၀၂၀ မွာလည္း အိပ္မက္ဆိုး ၾကံဳေတြ႕လာရတဲ့ အမ္ဘတ္ပီဟာ အေျပာင္းအေရႊ႕ သတင္းေတြကေတာ့ လႈပ္ခတ္ေနဆဲပါ။

ပီအက္စ္ဂ်ီ အသင္းသားသစ္ ျဖစ္လာတဲ့ နယ္သာလန္ လက္ေရြးစင္ ကြင္းလယ္သမား ၀ိုက္နယ္ဒန္ကေတာ့ သူ႔ အေတြ႔အၾကံဳေတြကို အရင္းခံျပီး အၾကံေပး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

” အားလံုးကေတာ့ အမ္ဘတ္ပီကို အသင္းမွာ ဆက္ေ္နေစခ်င္တာေပါ့။ က်ေနာ္လည္း တူတူပါပဲ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူက က်ေနာ္ ပီအက္စ္ဂ်ီ ကို ေရြးခ်ယ္ျဖစ္တဲ့ အေၾကာင္းတစ္ခ်က္ပါ။ သူ႔ လို ကစားသမားနဲ႕ တြဲ ကစားခ်င္ၾကတယ္ေလ။ ေနမာ သက္တမ္းတိုးလိုက္တာလည္း က်ေနာ္ သိပ္၀မ္းသာတယ္။

ကေ်နာ္လည္း အမ္ဘတ္ပီ လို (အသင္းေျပာင္းရမလား) ဆံုးျဖတ္ရခက္တဲ့ အခ်ိန္ေတြ ၾကံဳဖူးတယ္။ အခ်ိန္ ေတာ္ေတာ္မ်ားမ်ားမွာေတာ့ စိတ္ခံစားခ်က္ အတိုင္း လိုက္လုပ္ျဖစ္တာပဲ။

က်ေနာ္လည္း သူ႔ စိတ္က ပီအက္စ္ဂ်ီ ကိုပဲ ဦးတည္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီကလပ္အသင္းက ကမၻာ့ အေကာင္းဆံုး ျဖစ္လာေအာင္ ၾကိဳးစားေနတဲ့ အသင္းပါ။ ” လို႔ ၀ိုက္နယ္ဒန္က ေျပာဆိုခဲ့ပါတယ္။