ရော်ဘတ်ဆန်က ရာသီကြိုအတွက် အသင်းနဲ့ ပထမဆုံး ပူးပေါင်းမှုမှာပဲ လာမယ့်ရာသီအတွက် သူရဲ့ ရည်မှန်းချက်ကို ထုတ်ပြောခဲ့ပါတယ်။

သောကြာနေ့က လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးမှာ စတင်ပါဝင်ခဲ့တဲ့ ရိုဘိုက ကုန်ခဲ့တဲ့ ၄ ရာသီအတွင်း သူလုပ်ပြထားတဲ့ ဖန်တီးမှုတွေကို တစ်ဆင့်တက်ပြီး သွင်းဂိုး ရယူနိုင်စွမ်းရှိကြောင်းကိုပါ လုပ်ပြလိုနေပါတယ်။

ကလပ်အသင်းဖော် ထရန့်နဲ့ ဘယ်သူက ဂိုးထောက်ပံ့မှု အများဆုံး လုပ်နိုင်သလဲဆိုတာ နှစ်တိုင်း စိန်ခေါ်လေ့ရှိတဲ့ ရိုဘိုဟာ ဒီတစ်ကြိမ်မှာတော့ ကစားသမားဘဝ အမြင့်ဆုံး သွင်းဂိုးရယူဖို့ကို ပစ်မှတ်ထားလာတာပါ။

မနှစ်တုန်းက ထရန့်ဟာ ကိုဗစ်ကြောင့်ကော ဒဏ်ရာကြောင့်ပါ ပွဲအတော်များများကို မကစားနိုင်ခဲဘဲ ဘယ်အစွန်မှာ ရိုဘိုကပဲ မပြောင်းမလဲ ပွဲထွက်ခဲ့ရပါတယ်။ ဒါပေမယ့်လို့ ဗဟိုခံစစ်အတွဲဖြစ်တဲ့ ဗန်ဒိုက်-ဂိုးမက်စ်တို့ ဒဏ်ရာရနေပြီး လူငယ်ခံစစ်မှူးတွေ ပွဲထွက်ရတာကြောင့် ရိုဘိုက ပုံမှန်အတိုင်း တိုက်စစ်ကို အားသွန်းမလိုက်နိုင်ဘဲ ခံစစ်ကို ပိုကူနေခဲ့ရတာဖြစ်တယ်။

လီဗာပူးကစားသမားဘဝ တစ်လျှောက်လုံး သွင်းဂိုး ၅ ဂိုးပဲ သွင်းယူဖူးတဲ့ ရိုဘိုဟာ အမြင့်ဆုံးအားဖြင့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ သွင်းဂိုး ၃ ဂိုးရခဲ့တာဖြစ်တယ်။ ဒီမှတ်တမ်းကို နှစ်ဆတင်ဖို့ ရိုဘိုက ကြွေးကြော်ထားကြောင်း နည်းပြ ပပ်လင်ဒါးက ထုတ်ပြောလာပါတယ်။

“ သူရောက်ရောက်လာချင်းနေ့မှာပဲ ရိုဘိုက ဒီရာသီမှာ သူ သွင်းဂိုး ၅ ဂိုးရအောင် သွင်းပြမယ်လို့ ပြောပါတယ် ” လို့ အသိပေးခဲ့ခဲ့တယ်။ “ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ရေးကို အသင်းနဲ့ ပြုလုပ်အပြီးမှာတော့ ရိုဘိုက ဒီအတိုင်းဆိုရင် သူ ၇ ဂိုးလောက် သွင်းယူနိုင်မယ်လို့ မှန်းဆထားကြောင်း ပြောပါတယ်။ ” လို့ လင်ဒါးက ထုတ်ပြောခဲ့ပါတယ်။

လေ့ကျင့်ရေးအပြီး ပြောဆိုမှုကြောင့် လာမယ့်ရာသီမှာ ရိုဘိုဟာ ယခင်နှစ်တွေလိုပဲ တိုက်စစ်ကို ပိုလိုက်ရမယ်လို့ ယူဆရတယ်။ ရာသီသစ်မှာတော့ ဗန်ဒိုက်၊ ဂိုးမက်စ်တို့ ပြန်ကစားနိုင်မှာဖြစ်သလို ကိုနတေး၊ မာတစ်၊ နက်ဖီးလစ်တို့လည်း ရှိနေတာကြောင့် ယာဂင်ဟာ အစွန်သမား အားပြုမှုတွေကို ပြန်အားပြုဖွယ် ရှိနေတာဖြစ်ပါတယ်။

ZAWGYI

ေရာ္ဘတ္ဆန္က ရာသီၾကိဳအတြက္ အသင္းနဲ႔ ပထမဆံုး ပူးေပါင္းမႈမွာပဲ လာမယ့္ရာသီအတြက္ သူရဲ႕ ရည္မွန္းခ်က္ကို ထုတ္ေျပာခဲ့ပါတယ္။

ေသာၾကာေန႔က လီဗာပူးအသင္းရဲ႕ ေလ့က်င့္ေရးမွာ စတင္ပါဝင္ခဲ့တဲ့ ရိုဘိုက ကုန္ခဲ့တဲ့ ၄ ရာသီအတြင္း သူလုပ္ျပထားတဲ့ ဖန္တီးမႈေတြကို တစ္ဆင့္တက္ျပီး သြင္းဂိုး ရယူႏုိင္စြမ္းရွိေၾကာင္းကိုပါ လုပ္ျပလိုေနပါတယ္။

ကလပ္အသင္းေဖာ္ ထရန္႔နဲ႔ ဘယ္သူက ဂိုးေထာက္ပံ့မႈ အမ်ားဆံုး လုပ္ႏုိင္သလဲဆိုတာ ႏွစ္တိုင္း စိန္ေခၚေလ့ရွိတဲ့ ရိုဘိုဟာ ဒီတစ္ၾကိမ္မွာေတာ့ ကစားသမားဘဝ အျမင့္ဆံုး သြင္းဂိုးရယူဖို႔ကို ပစ္မွတ္ထားလာတာပါ။

မႏွစ္တုန္းက ထရန္႔ဟာ ကိုဗစ္ေၾကာင့္ေကာ ဒဏ္ရာေၾကာင့္ပါ ပြဲအေတာ္မ်ားမ်ားကို မကစားႏုိင္ခဲဘဲ ဘယ္အစြန္မွာ ရိုဘိုကပဲ မေျပာင္းမလဲ ပြဲထြက္ခဲ့ရပါတယ္။ ဒါေပမယ့္လို႔ ဗဟိုခံစစ္အတြဲျဖစ္တဲ့ ဗန္ဒိုက္-ဂိုးမက္စ္တို႔ ဒဏ္ရာရေနျပီး လူငယ္ခံစစ္မွဴးေတြ ပြဲထြက္ရတာေၾကာင့္ ရိုဘိုက ပံုမွန္အတိုင္း တိုက္စစ္ကို အားသြန္းမလိုက္ႏုိင္ဘဲ ခံစစ္ကို ပိုကူေနခဲ့ရတာျဖစ္တယ္။

လီဗာပူးကစားသမားဘဝ တစ္ေလွ်ာက္လံုး သြင္းဂိုး ၅ ဂိုးပဲ သြင္းယူဖူးတဲ့ ရိုဘိုဟာ အျမင့္ဆံုးအားျဖင့္ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ သြင္းဂိုး ၃ ဂိုးရခဲ့တာျဖစ္တယ္။ ဒီမွတ္တမ္းကို ႏွစ္ဆတင္ဖို႔ ရိုဘိုက ေၾကြးေၾကာ္ထားေၾကာင္း နည္းျပ ပပ္လင္ဒါးက ထုတ္ေျပာလာပါတယ္။

“ သူေရာက္ေရာက္လာခ်င္းေန႔မွာပဲ ရိုဘိုက ဒီရာသီမွာ သူ သြင္းဂိုး ၅ ဂိုးရေအာင္ သြင္းျပမယ္လို႔ ေျပာပါတယ္ ” လို႔ အသိေပးခဲ့ခ့ဲတယ္။ “ သူ႔ရဲ႕ ပထမဆံုး ေလ့က်င့္ေရးကို အသင္းနဲ႔ ျပဳလုပ္အျပီးမွာေတာ့ ရိုဘိုက ဒီအတိုင္းဆိုရင္ သူ ၇ ဂိုးေလာက္ သြင္းယူႏုိင္မယ္လို႔ မွန္းဆထားေၾကာင္း ေျပာပါတယ္။ ” လို႔ လင္ဒါးက ထုတ္ေျပာခဲ့ပါတယ္။

ေလ့က်င့္ေရးအျပီး ေျပာဆိုမႈေၾကာင့္ လာမယ့္ရာသီမွာ ရိုဘိုဟာ ယခင္ႏွစ္ေတြလိုပဲ တိုက္စစ္ကို ပိုလိုက္ရမယ္လို႔ ယူဆရတယ္။ ရာသီသစ္မွာေတာ့ ဗန္ဒိုက္၊ ဂိုးမက္စ္တို႔ ျပန္ကစားႏုိင္မွာျဖစ္သလို ကိုနေတး၊ မာတစ္၊ နက္ဖီးလစ္တို႔လည္း ရွိေနတာေၾကာင့္ ယာဂင္ဟာ အစြန္သမား အားျပဳမႈေတြကို ျပန္အားျပဳဖြယ္ ရွိေနတာျဖစ္ပါတယ္။