ယာဂင်ကလော့ပ်ဟာ အေစီမီလန်နဲ့ပွဲမှာ ဂျိုဂိုးမက်နဲ့ အိုရီဂီတို့ကို ၂၀၂၁-၂၂ ရာသီအတွက် ပထမဆုံး ပွဲထွက်ခွင့်တွေ ပေးခဲ့ပါတယ်။ ပဲလေစ့်နဲ့ပွဲမှာလည်း အပြောင်းအလဲတွေ ထပ်ရှိမယ်လို့ သိထားရတာဖြစ်တယ်။

ဒီရာသီမှာ ပွဲထွက်ခွင့်အတွက် အဓိက ပြိုင်ဆိုင်ရမှာက ကွင်းလယ်နဲ့ ခံစစ်ပိုင်းပဲဖြစ်တယ်။ ဟန်ဒါဆန်၊ ဖာဘင်ညို၊ သီယာဂို၊ ချိန်ဘာလိန်၊ ကိတ်တာ၊ မီနာနဲ့ ဂျုံးတို့ အားလုံးဟာ ကွင်းလယ်နေရာအတွက် ကစားချိန်ရဖို့ မျှော်လင့်နေကြတာပါ။ ဒါပေမယ့်လို့ ဒီရာသီအတွက် အဓိက ကွင်းလယ်လူအဖြစ် ဖာဘင်ညို ပုံမှန် နေရာရတာကလွဲလို့ အာမခံချက် မရှိသေးပါဘူး။

ကိတ်တာဟာ ဒီရာသီ လီဗာပူးအတွက် လေးပွဲ ကစားပေးထားပြီးတော့ ၃ ပွဲက ပွဲထွက် ခဲ့ရတာပါ။ ယာဂင် ကလော့ပ်က သူ့ရဲ့ ထိုက်တန်မှုကို ပြသဖို့ ကိတ်တာကို အခွင့်အရေးတွေ ပေးနေပေမယ့် လီဗာပူးဟာ ဗဟိုကွင်းလယ်လူ အင်အားက အလုံအလောက် ရှိထားတာဖြစ်လို့ သူကလည်း အဓိက ကွင်းလယ်လူလို့ ပြောလို မရနိုင်သေးပါဘူး။

သီယာဂို အနေနဲ့လည်း ပုံမှန်ကစားခွင့်ကို ရယူချင်ရင် သူ့ရဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ဖို့ လိုအပ်မှာဖြစ်တယ်။ ဒဏ်ရာပြဿနာ ရုန်းကန်ရမှုတွေက တခါတလေ သူ့ကို နောက်ပြန်ဆွဲထားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးဟာ ပြိုင်ပွဲများစွာ ကစားရဖို့ ရှိနေတာနဲ့အတူ စီနီယာအသင်းက ကစားသမားတိုင်းဟာ လာမယ့်လတွေမှာ ဘယ်လိုပုံစံ ရွေးချယ်ခံရမလဲဆိုတာကို အာရုံစိုက်နေဖို့ လိုပါတယ်။

လီဗာပူးအသင်းရဲ့ ခံစစ်မှာလည်း ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်၊ ကိုနတေး၊ နက်ဖီးလစ်တို့ ၅ ဦး ရှိနေတာကြောင့် ပွဲကစားခွင့်အတွက် အမှားမခံမယ့် အနေအထားဖြစ်ပါတယ်။ ဒါကပဲ လီဗာပူးရဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် အကျိုးဖြစ်မှု ဖြစ်လာစေပါမယ်။

ပွဲထွက် ၁၁ ဦးနေရာ ပြိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ညာအစွန်လူ ထရန့်ကတော့ “ ဘောလုံးရာသီက ဒီလိုပဲ သွားကြတာပါ။ ပထမဆုံး နိုင်ငံတကာ သီတင်းပတ်ကနေ ပြန်လာပြီး တစ်ပတ် ၃ပွဲ၊ ၃ ရက်တစ်ပွဲ ကစားရပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ အသင်းသား ၂၅ ယောက်လုံးကို လိုအပ်မှာပါ။

တစ်ပွဲစီတိုင်းကို အနိုင်ရစေမယ့် ပွဲထွက် ၁၁ ယောက်စာရင်းက တူညီမှာ မဟုတ်ဘူး။ အပြောင်းအလဲတွေ လုပ်ရမှာပါ။ အဲ့ဒီ့အတွက် ကျွန်တော်တို့ ပြင်ဆင်ထားရမယ်။ အသင်းဖော် အားလုံးကလဲ သေချာပေါက် အဆင်သင့်ဖြစ်နေမယ်လို့ ထင်ပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ယာဂင္ကေလာ့ပ္ဟာ ေအစီမီလန္နဲ႔ပြဲမွာ ဂ်ိဳဂိုးမက္နဲ႔ အိုရီဂီတို႔ကို ၂၀၂၁-၂၂ ရာသီအတြက္ ပထမဆုံး ပြဲထြက္ခြင့္ေတြ ေပးခဲ့ပါတယ္။ ပဲေလစ့္နဲ႔ပြဲမွာလည္း အေျပာင္းအလဲေတြ ထပ္ရွိမယ္လို႔ သိထားရတာျဖစ္တယ္။

ဒီရာသီမွာ ပြဲထြက္ခြင့္အတြက္ အဓိက ျပိဳင္ဆိုင္ရမွာက ကြင္းလယ္နဲ႔ ခံစစ္ပိုင္းပဲျဖစ္တယ္။ ဟန္ဒါဆန္၊ ဖာဘင္ညိဳ၊ သီယာဂို၊ ခ်ိန္ဘာလိန္၊ ကိတ္တာ၊ မီနာနဲ႔ ဂ်ဳံးတို႔ အားလုံးဟာ ကြင္းလယ္ေနရာအတြက္ ကစားခ်ိန္ရဖို႔ ေမွ်ာ္လင့္ေနၾကတာပါ။ ဒါေပမယ့္လို႔ ဒီရာသီအတြက္ အဓိက ကြင္းလယ္လူအျဖစ္ ဖာဘင္ညိဳ ပံုမွန္ ေနရာရတာကလြဲလို႔ အာမခံခ်က္ မရွိေသးပါဘူး။

ကိတ္တာဟာ ဒီရာသီ လီဗာပူးအတြက္ ေလးပြဲ ကစားေပးထားၿပီးေတာ့ ၃ ပြဲက ပြဲထြက္ ခဲ့ရတာပါ။ ယာဂင္ ကေလာ့ပ္က သူ႔ရဲ႕ ထိုက္တန္မႈကို ျပသဖို႔ ကိတ္တာကို အခြင့္အေရးေတြ ေပးေနေပမယ့္ လီဗာပူးဟာ ဗဟိုကြင္းလယ္လူ အင္အားက အလုံအေလာက္ ရွိထားတာျဖစ္လို႔ သူကလည္း အဓိက ကြင္းလယ္လူလို႔ ေျပာလို မရႏုိင္ေသးပါဘူး။

သီယာဂို အေနနဲ႔လည္း ပုံမွန္ကစားခြင့္ကို ရယူခ်င္ရင္ သူ႔ရဲ႕ ၾကံ႕ခိုင္မႈကို ျမႇင့္တင္ဖို႔ လိုအပ္မွာျဖစ္တယ္။ ဒဏ္ရာျပႆနာ ႐ုန္းကန္ရမႈေတြက တခါတေလ သူ႔ကို ေနာက္ျပန္ဆြဲထားခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးဟာ ၿပိဳင္ပြဲမ်ားစြာ ကစားရဖို႔ ရွိေနတာနဲ႔အတူ စီနီယာအသင္းက ကစားသမားတိုင္းဟာ လာမယ့္လေတြမွာ ဘယ္လိုပံုစံ ေ႐ြးခ်ယ္ခံရမလဲဆိုတာကို အာရံုစိုက္ေနဖို႔ လိုပါတယ္။

လီဗာပူးအသင္းရဲ႕ ခံစစ္မွာလည္း ဗန္ဒိုက္၊ မာတစ္၊ ဂိုးမက္စ္၊ ကိုနေတး၊ နက္ဖီးလစ္တို႔ ၅ ဦး ရွိေနတာေၾကာင့္ ပြဲကစားခြင့္အတြက္ အမွားမခံမယ့္ အေနအထားျဖစ္ပါတယ္။ ဒါကပဲ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ပိုင္းအတြက္ အက်ိဳးျဖစ္မႈ ျဖစ္လာေစပါမယ္။

ပြဲထြက္ ၁၁ ဦးေနရာ ျပိဳင္ဆိုင္မႈနဲ႔ ပတ္သက္လို႔ ညာအစြန္လူ ထရန္႔ကေတာ့ “ ေဘာလုံးရာသီက ဒီလိုပဲ သြားၾကတာပါ။ ပထမဆုံး ႏိုင္ငံတကာ သီတင္းပတ္ကေန ျပန္လာၿပီး တစ္ပတ္ ၃ပြဲ၊ ၃ ရက္တစ္ပြဲ ကစားရပါတယ္။ ဒါေၾကာင့္ ဒီလိုအခ်ိန္မွာ အသင္းသား ၂၅ ေယာက္လုံးကို လိုအပ္မွာပါ။

တစ္ပြဲစီတိုင္းကို အႏိုင္ရေစမယ့္ ပြဲထြက္ ၁၁ ေယာက္စာရင္းက တူညီမွာ မဟုတ္ဘူး။ အေျပာင္းအလဲေတြ လုပ္ရမွာပါ။ အဲ့ဒီ့အတြက္ ကြၽန္ေတာ္တို႔ ျပင္ဆင္ထားရမယ္။ အသင္းေဖာ္ အားလုံးကလဲ ေသခ်ာေပါက္ အဆင္သင့္ျဖစ္ေနမယ္လို႔ ထင္ပါတယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။