လီဗာပူး တိုက်စစ်မှုး ရော်ဘတ်တို ဖာမီနို က လတ်တလော ဘရာဇီးသတင်းဌာန တစ်ခုနဲ့ အင်တာဗျူးမှာ ကလပ်အသင်းရဲ့ တိုက်စစ် ပွဲထွက် တစ်နေရာ အတွက် ဂျိုတာနဲ့ ပြိုင်ဆိုင်ရဖို့ အသင့် ရှိနေကြောင်းနဲ့ ပေါ်တူဂီသားက ပိုဦးစားပေး နေရာ ရလာတဲ့ အပေါ်လည်း အေးအေးဆေးဆေး ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဖာမီနိုဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် ပွဲတစ်ချို့ လွဲချော်ခဲ့ရတာ ရှိသလို ပွဲထွက်လူစာရင်းကနေလည်း တစ်ပွဲသာ ပါဝင်ခွင့် ရထားပါတယ်။

ဒါပေမယ့် ဖာမီနို က အခွင့်ရတိုင်း အသင်းအပေါ် အားကုန် ထုတ် ကူညီနေဆဲ ဖြစ်ကာ ဒီရာသီ ၃ ဂိုး ထိ သွင်းယူထားပြီး ဖြစ်ပါတယ်။ ဂျိုတာကလည်း ဖာမီနို နည်းတူ ၃ ဂိုး သွင်းယူထားပါတယ်။

” ကျနော်ကတော့ အေးဆေးပါ။ ကလပ်အသင်းအတွက် ကစားကြတဲ့ သူတိုင်းက လီဗာပူးအတွက် ရှိသမျှ အစွမ်းကုန် ထုတ် ကစားကြတဲ့ သူတွေချည်းပါပဲ။ အခုထိ ဒီလိုပဲ ကစားကြတာ ဖြစ်ပြီး အသင်းသားတွေက တကယ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြထားတာပါ။

အသင်းသားတိုင်း ဆီက ဒီလိုပဲ ရှေ့ဆက် အားထုတ်ကြရမှာပါ။ အသင်းလိုက် နိုင်ပွဲတွေ ရဖို့၊ အချင်းချင်း ကူညီပြီး အောင်နိုင်တဲ့ အသင်း တစ်သင်း ဖြစ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ ” လို့ ဖာမီနိုက ပြောဆိုခဲ့ပါတယ်။

ဖာမီနိုဟာ လာမယ့် နိုင်ငံတကာ သီတင်းပတ်မှာ ဘရာဇီးလက်ရွေးစင် အသင်းကနေ ချန်လှပ်ခံထားရတာကြောင့် ထိုကာလမှာ အားမွေး အနားယူနိုင်ဦးမှာ ဖြစ်ပြီး နိုင်ငံပွဲတွေ အပြီး ပြန်လာမယ့် လီဗာပူး ပွဲတွေ အတွက်လည်း သေချာ ပြင်ဆင်နိုင်ဦးမှာ ဖြစ်ပါတယ်။

Zawgyi

လီဗာပူး တိုက္စစ္မႈး ေရာ္ဘတ္တို ဖာမီနို က လတ္တေလာ ဘရာဇီးသတင္းဌာန တစ္ခုနဲ႕ အင္တာဗ်ဴးမွာ ကလပ္အသင္းရဲ႕ တိုက္စစ္ ပြဲထြက္ တစ္ေနရာ အတြက္ ဂ်ိဳတာနဲ႕ ျပိဳင္ဆိုင္ရဖို႔ အသင့္ ရွိေနေၾကာင္းနဲ႕ ေပၚတူဂီသားက ပိုဦးစားေပး ေနရာ ရလာတဲ့ အေပၚလည္း ေအးေအးေဆးေဆး ရွိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ဖာမီနိုဟာ ဒီရာသီမွာ ဒဏ္ရာေၾကာင့္ ပြဲတစ္ခ်ိဳ႕ လြဲေခ်ာ္ခဲ့ရတာ ရွိသလို ပြဲထြက္လူစာရင္းကေနလည္း တစ္ပြဲသာ ပါ၀င္ခြင့္ ရထားပါတယ္။ ဒါေပမယ့္ ဖာမီနို က အခြင့္ရတိုင္း အသင္းအေပၚ အားကုန္ ထုတ္ ကူညီေနဆဲ ျဖစ္ကာ ဒီရာသီ ၃ ဂိုး ထိ သြင္းယူထားျပီး ျဖစ္ပါတယ္။ ဂ်ိဳတာကလည္း ဖာမီနို နည္းတူ ၃ ဂိုး သြင္းယူထားပါတယ္။

” က်ေနာ္ကေတာ့ ေအးေဆးပါ။ ကလပ္အသင္းအတြက္ ကစားၾကတဲ့ သူတိုင္းက လီဗာပူးအတြက္ ရွိသမွ် အစြမ္းကုန္ ထုတ္ ကစားၾကတဲ့ သူေတြခ်ည္းပါပဲ။ အခုထိ ဒီလိုပဲ ကစားၾကတာ ျဖစ္ျပီး အသင္းသားေတြက တကယ္ကို ေကာင္းမြန္စြာ လုပ္ေဆာင္ျပထားတာပါ။

အသင္းသားတိုင္း ဆီက ဒီလိုပဲ ေရွ႕ဆက္ အားထုတ္ၾကရမွာပါ။ အသင္းလိုက္ နုိင္ပြဲေတြ ရဖို႔၊ အခ်င္းခ်င္း ကူညီျပီး ေအာင္နိုင္တဲ့ အသင္း တစ္သင္း ျဖစ္ေအာင္ လုပ္ရမွာ ျဖစ္ပါတယ္။ ” လို႔ ဖာမီနိုက ေျပာဆိုခဲ့ပါတယ္။

ဖာမီနိုဟာ လာမယ့္ နုိင္ငံတကာ သီတင္းပတ္မွာ ဘရာဇီးလက္ေရြးစင္ အသင္းကေန ခ်န္လွပ္ခံထားရတာေၾကာင့္ ထိုကာလမွာ အားေမြး အနားယူနိုင္ဦးမွာ ျဖစ္ျပီး နုိုင္ငံပြဲေတြ အျပီး ျပန္လာမယ့္ လီဗာပူး ပြဲေတြ အတြက္လည္း ေသခ်ာ ျပင္ဆင္နုိင္ဦးမွာ ျဖစ္ပါတယ္။