လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအတွင်း ကလပ်ရဲ့ ပစ်မှတ်ကစားသမားတွေကို လေ့လာဖို့ ကင်းထောက်တွေကို စေလွှတ် ကြည့်စေမှုမှာ ဘင်ဖီကာနဲ့ ဘာစီလိုနာပွဲလည်း ပါဝင်ခဲ့ကြောင်း လီဗာပူးသတင်းထောက် Melissa Reddy က ဖော်ပြပါတယ်။

လီဗာပူးအသင်းမှာ ပထမအသင်းကင်းထောက် ၂၀ ကျော်ရှိပြီး သူတို့ကိုတော့ ဒေ့ဗ်ဖော်လိုးနဲ့ ဘယ်ရီဟန်တာတို့က ကြီးကြပ်ကာ အားကစားဒါရိုက်တာ မိုက်ကယ် အတ်ဝပ်နဲ့ လက်ထောက်ဖြစ်တဲ့ ဂျူလီယန်ဝတ်တို့က တိုက်ရိုက် ကွပ်ကဲတာပဲ ဖြစ်ပါတယ်။

ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ ဗီလာရီးရဲလ် တောင်ပံသမား ဒမ်ဂျူမားကို ကင်းထောက်ခဲ့တယ်။ ဒါ့အပြင် ဘင်ဖီကာနဲ့ ဘာစီလိုနာပွဲကိုလည်း တက်ရောက်ပြီး ဥရုဂွေး တိုက်စစ်သမား နူနက်စ်ကိုလည်း လေ့လာမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နူနက်စ်က သွင်းဂိုး နှစ်ဂိုးရတဲ့ အဆိုပါပွဲမှာ လီဗာပူးအပြင် ကလပ် ၃၅ သင်းမှ ကင်းထောက်တွေလည်း တက်ရောက် ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဥရုဂွေးသားဟာ သူ့ရဲ့ ဥရောပဘောလုံးလောကို ခြေချမှုအဖြစ် စပိန်မြေမှာ စတင်ခဲ့ပြီး မနှစ်ကရာသီ ဘင်ဖီကာမှာ စတင် တောက်လာခဲ့သူဖြစ်ပါတယ်။

ဘယ်ခြမ်းတောင်ပံမှာ ကစားနိုင်ပေမယ့် နူနက်စ်ရဲ့ အဓိက နေရာက အထောင်တိုက်စစ်မှူးနေရာလည်း ဖြစ်တယ်။ လီဗာပူးအသင်းဟာ အထောင်တိုက်စစ်မှူးနေရာအတွက် ကစားသမား ရှာဖွေနေမှုမှာ နူနက်စ်ကို ထည့်သွင်းထားတာဖြစ်ပါတယ်။

လီဗာပူးကင်းထောက်တွေ နောက်ထပ် စောင့်ကြည့်ခဲ့တဲ့ ကစားသမားက ဘာစီလိုနာ လူငယ်ကွင်းလယ်လူ ပီဒရီဖြစ်မယ်လို့လည်း ယူဆရပေမယ့် လီဗာပူးကင်းထောက်က ပေါ်တူဂီမြေမှာ အခြားသော ဘင်ဖီကာပွဲအချို့ကိုလည်း ဆက်လက် စောင့်ကြည့်သွားဖို့ ရှိနေသေးတယ်လို့ သိရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲေတြအတြင္း ကလပ္ရဲ႕ ပစ္မွတ္ကစားသမားေတြကို ေလ့လာဖို႔ ကင္းေထာက္ေတြကို ေစလႊတ္ ၾကည့္ေစမႈမွာ ဘင္ဖီကာနဲ႔ ဘာစီလိုနာပြဲလည္း ပါဝင္ခဲ့ေၾကာင္း လီဗာပူးသတင္းေထာက္ Melissa Reddy က ေဖာ္ျပပါတယ္။

လီဗာပူးအသင္းမွာ ပထမအသင္းကင္းေထာက္ ၂၀ ေက်ာ္ရွိျပီး သူတို႔ကိုေတာ့ ေဒ့ဗ္ေဖာ္လိုးနဲ႔ ဘယ္ရီဟန္တာတို႔က ၾကီးၾကပ္ကာ အားကစားဒါရိုက္တာ မိုက္ကယ္ အတ္ဝပ္နဲ႔ လက္ေထာက္ျဖစ္တဲ့ ဂ်ဴလီယန္ဝတ္တို႔က တိုက္ရိုက္ ကြပ္ကဲတာပဲ ျဖစ္ပါတယ္။

ဒီအပတ္မွာေတာ့ လီဗာပူးအသင္းဟာ ဗီလာရီးရဲလ္ ေတာင္ပံသမား ဒမ္ဂ်ဴမားကို ကင္းေထာက္ခဲ့တယ္။ ဒါ့အျပင္ ဘင္ဖီကာနဲ႔ ဘာစီလိုနာပြဲကိုလည္း တက္ေရာက္ျပီး ဥရုေဂြး တိုက္စစ္သမား ႏူနက္စ္ကိုလည္း ေလ့လာမႈလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ႏူနက္စ္က သြင္းဂိုး နွစ္ဂိုးရတဲ့ အဆိုပါပြဲမွာ လီဗာပူးအျပင္ ကလပ္ ၃၅ သင္းမွ ကင္းေထာက္ေတြလည္း တက္ေရာက္ ၾကည့္ရႈခဲ့ၾကတာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ ဥရုေဂြးသားဟာ သူ႔ရဲ႕ ဥေရာပေဘာလံုးေလာကို ေျခခ်မႈအျဖစ္ စပိန္ေျမမွာ စတင္ခဲ့ျပီး မႏွစ္ကရာသီ ဘင္ဖီကာမွာ စတင္ ေတာက္လာခဲ့သူျဖစ္ပါတယ္။

ဘယ္ျခမ္းေတာင္ပံမွာ ကစားႏုိင္ေပမယ့္ ႏူနက္စ္ရဲ႕ အဓိက ေနရာက အေထာင္တုိက္စစ္မွဴးေနရာလည္း ျဖစ္တယ္။ လီဗာပူးအသင္းဟာ အေထာင္တုိက္စစ္မွဴးေနရာအတြက္ ကစားသမား ရွာေဖြေနမႈမွာ ႏူနက္စ္ကို ထည့္သြင္းထားတာျဖစ္ပါတယ္။

လီဗာပူးကင္းေထာက္ေတြ ေနာက္ထပ္ ေစာင့္ၾကည့္ခဲ့တဲ့ ကစားသမားက ဘာစီလိုနာ လူငယ္ကြင္းလယ္လူ ပီဒရီျဖစ္မယ္လို႔လည္း ယူဆရေပမယ့္ လီဗာပူးကင္းေထာက္က ေပၚတူဂီေျမမွာ အျခားေသာ ဘင္ဖီကာပြဲအခ်ိဳ႔ကိုလည္း ဆက္လက္ ေစာင့္ၾကည့္သြားဖို႔ ရွိေနေသးတယ္လို႔ သိရတာျဖစ္ပါတယ္။