လာမယ့်နွေမှာ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ် အနေနဲ့ အသင်းပြောင်းဖို့ စဉ်းစားတဲ့အခါ လီဗာပူးကို ဦးစားပေး ရွေးချယ်ဖို့ ပရီးမီးယားလိဂ် ခံစစ်သမားဟောင်း ဂလင်းဂျွန်ဆင်က တိုက်တွန်းလိုက်ပါတယ်။

၂၀၂၀ မှာ ဘာမင်ဂမ်ကနေ ဒေါ့မွန်ကို ပြောင်းသွားခဲ့တဲ့ ဆယ်ကျော်သက် ကွင်းလယ်လူဟာ အနာဂတ်မှာ အင်္ဂလန်အသင်းရဲ့ အဓိက ကစားသမားဖြစ်လာမယ့်သူပါ။ သူ့အတွက် ပရီးမီးယားလိဂ်ကလပ်တွေဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ လောက် ကုန်ကျနိုင်တာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူဟာ ဒေါ့မွန်မှာ ကစားတဲ့ ပြိုင်ပွဲစုံ ၅၇ ပွဲမှာ ကိုယ်တိုင် ၆ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၉ ကြိမ်ထိ လုပ်ထားနိုင်သူဖြစ်တယ်။ သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၈ ပွဲ ကစားထားပေးနိုင်ပြီလည်း ဖြစ်ပါတယ်။

ဘယ်လင်ဟမ်အနေနဲ့ အနာဂတ်မှာ အင်္ဂလန်ထိပ်သီးကလပ်တွေထဲက တစ်သင်းကို ရွေးချယ်တဲ့အခါ ချယ်ဆီး၊ မန်စီးတီးထက် လီဗာပူးကို ဦးစားပေးသင့်ကြောင်း တိုက်တွန်းမှု ထွက်ပေါ်လာခဲ့တာဖြစ်တယ်။

” ကျနော်ကတော့ လီဗာပူးလို့ပဲ ပြောပေးရမှာပါပဲ။ လီဗာပူးအသင်းမှာက ကြယ်ပွင့်ကစားသမားတွေ ရှိနေတယ်ဆိုပေမယ့် သူတို့ရဲ့ လူစာရင်းက သေးငယ်ပါတယ်။ နောက်ပြီး သူတို့အသင်းက ကြယ်ပွင့်ကစားသမားတွေကို အရန်ခုံပေါ် ထိုင်ခိုင်ပြီး ခြေစွမ်း ကျဆင်းစေတာမျိုးလည်း မရှိဘူး။ သူတို့ လူစာရင်းတစ်ခုလုံးကို ပျော်နေအောင် ထိန်းထားဖို့က လွယ်လွယ်လေးပါ။

အကယ်လို့ ဂျူးက လီဗာပူးကို ပြောင်းမယ်ဆိုရင် အခြားသော ကလပ်တွေထက် သူတို့က ကစားသမားလေးကို ပြုစုပျိုးထောင်နိုင်ပြီး သူလိုအပ်တဲ့ ပွဲချိန်တွေကိုလည်း ပိုပေးနိုင်မယ်လို့ ထင်ပါတယ်။

အကယ်လို့ ဂျူးက ချယ်ဆီး (သို့) မန်စီးတီးကို ပြောင်းမယ်ဆိုရင် စွမ်းဆောင်ရည် မကောင်းတာနဲ့အမျှ သူ့အပေါ် ဖိအားတွေ ချက်ခြင်း ရောက်လာမယ်။ သူက ဘေးထွက်ထိုင်ရမှာဖြစ်ပြီး အခြားကစားသမားတွေက သူ့နေရာကို ပြန်ယူသွားပါလိမ့်မယ်။

လီဗာပူးရဲ့ လူစာရင်း သေးငယ်တာက သူ့အတွက် အဓိပ္ပာယ်ရှိတဲ့ ကိစ္စပဲ ဖြစ်ပါတယ် ” လို့ ဂလင်းဂျွန်ဆင်က ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လာမယ့္ေႏြမွာ ေဒါ့မြန္ကြင္းလယ္လူ ဘယ္လင္ဟမ္ အေနနဲ႔ အသင္းေျပာင္းဖို႔ စဥ္းစားတဲ့အခါ လီဗာပူးကို ဦးစားေပး ေရြးခ်ယ္ဖို႔ ပရီးမီးယားလိဂ္ ခံစစ္သမားေဟာင္း ဂလင္းဂၽြန္ဆင္က တိုက္တြန္းလိုက္ပါတယ္။

၂၀၂၀ မွာ ဘာမင္ဂမ္ကေန ေဒါ့မြန္ကို ေျပာင္းသြားခဲ့တဲ့ ဆယ္ေက်ာ္သက္ ကြင္းလယ္လူဟာ အနာဂတ္မွာ အဂၤလန္အသင္းရဲ႕ အဓိက ကစားသမားျဖစ္လာမယ့္သူပါ။ သူ႔အတြက္ ပရီးမီးယားလိဂ္ကလပ္ေတြဟာ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၈၀ ေလာက္ ကုန္က်ႏုိင္တာျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ေဒါ့မြန္မွာ ကစားတဲ့ ျပိဳင္ပြဲစံု ၅၇ ပြဲမွာ ကိုယ္တိုင္ ၆ ဂိုးသြင္းျပီး ဂိုုးေထာက္ပံ့မႈ ၉ ၾကိမ္ထိ လုပ္ထားႏုိင္သူျဖစ္တယ္။ သူဟာ ငယ္ငယ္ရြယ္ရြယ္နဲ႔ အဂၤလန္လက္ေရြးစင္အသင္းအတြက္ ၈ ပြဲ ကစားထားေပးႏုိင္ျပီလည္း ျဖစ္ပါတယ္။

ဘယ္လင္ဟမ္အေနနဲ႔ အနာဂတ္မွာ အဂၤလန္ထိပ္သီးကလပ္ေတြထဲက တစ္သင္းကို ေရြးခ်ယ္တဲ့အခါ ခ်ယ္ဆီး၊ မန္စီးတီးထက္ လီဗာပူးကို ဦးစားေပးသင့္ေၾကာင္း တိုက္တြန္းမႈ ထြက္ေပၚလာခဲ့တာျဖစ္တယ္။

” က်ေနာ္ကေတာ့ လီဗာပူးလို႔ပဲ ေျပာေပးရမွာပါပဲ။ လီဗာပူးအသင္းမွာက ၾကယ္ပြင့္ကစားသမားေတြ ရွိေနတယ္ဆိုေပမယ့္ သူတို႔ရဲ႕ လူစာရင္းက ေသးငယ္ပါတယ္။ ေနာက္ျပီး သူတို႔အသင္းက ၾကယ္ပြင့္ကစားသမားေတြကို အရန္ခံုေပၚ ထိုင္ခိုင္ျပီး ေျခစြမ္း က်ဆင္းေစတာမ်ိဳးလည္း မရွိဘူး။ သူတို႔ လူစာရင္းတစ္ခုလံုးကို ေပ်ာ္ေနေအာင္ ထိန္းထားဖို႔က လြယ္လြယ္ေလးပါ။

အကယ္လို႔ ဂ်ဴးက လီဗာပူးကို ေျပာင္းမယ္ဆိုရင္ အျခားေသာ ကလပ္ေတြထက္ သူတို႔က ကစားသမားေလးကို ျပဳစုပ်ိဳးေထာင္ႏုိင္ျပီး သူလိုအပ္တဲ့ ပြဲခ်ိန္ေတြကိုလည္း ပိုေပးႏုိင္မယ္လို႔ ထင္ပါတယ္။

အကယ္လို႔ ဂ်ဴးက ခ်ယ္ဆီး (သို႔) မန္စီးတီးကို ေျပာင္းမယ္ဆိုရင္ စြမ္းေဆာင္ရည္ မေကာင္းတာနဲ႔အမွ် သူ႔အေပၚ ဖိအားေတြ ခ်က္ျခင္း ေရာက္လာမယ္။ သူက ေဘးထြက္ထိုင္ရမွာျဖစ္ျပီး အျခားကစားသမားေတြက သူ႔ေနရာကို ျပန္ယူသြားပါလိမ့္မယ္။

လီဗာပူးရဲ႕ လူစာရင္း ေသးငယ္တာက သူ႔အတြက္ အဓိပၸာယ္ရွိတဲ့ ကိစၥပဲ ျဖစ္ပါတယ္ ” လို႔ ဂလင္းဂၽြန္ဆင္က ဆိုသြားခဲ့တာ ျဖစ္ပါတယ္။