လီဗာပူးအသင်းထံက စိတ်ဝင်စားမှုတွေ ရရှိနေတာအတွက် ဂုဏ်ယူပါကြောင်း ဆဲလ်ဘတ်တိုက်စစ်သမား အာဒယ်ရယ်မီက ထုတ်ပြောလာပါတယ်။
ဒီရာသီ ပြိုင်ပွဲစုံ ၁၇ ပွဲမှာ သွင်းဂိုး ၁၂ ဂိုး ရထားတဲ့ အသက် ၁၉ နှစ်အရွယ် တိုက်စစ်သမားကို ဘိုင်ယန်မြူးနစ်၊ လီဗာပူးတို့အပြင် ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေက စိတ်ဝင်စားနေတာပါ။ လီဗာပူးက ကစားသမား ၁၅ နှစ်အရွယ်မှာ ကလပ်နဲ့ ကာလတို လာပြီး လေ့ကျင့်ဖို့ ဖိတ်ခေါ်ခဲ့သေးပေမယ့် ဂျာမာန်သားက ဆဲလ်ဘတ်ကိုပဲ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ကစားသမားလေးကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းမှ ပေါင် ၃၄ သန်းကြားဖြင့် ခေါ်ယူနိုင်တယ်လို့ သိထားရတယ်။ သူဟာ ဂျာမနီ စီနီယာအသင်းအတွက်လည်း တစ်ကြိမ် ပွဲထွက်ပေးထားပြီဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ ဝုဒ်ဘတ်ကို ၃-၁ နဲ့ အနိုင်ရခဲ့စဉ် ဆဲလ်ဘတ်အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်သမားကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အခုလို ပြောဆိုပါတယ်။
“ လီဗာပူးက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းကြားရတာအတွက် ကျနော်ကတော့ သက်သောင့်သက်သာပါပဲ။ ဂုဏ်ယူစရာလို့ ခံစားမိပေမယ့် အဲ့ထက်လည်း မပိုပါဘူး။ ဆဲလ်ဘတ်မှာပဲ ကိုယ်ဘာသာ အာရုံစိုက်နေတယ်။ ကျနေ်ာတို့ အကောင်းဆုံး အတူတကွ ကစားနေပြီး ပြည့်ပြည့်စုံစုံ ကြိုးစားနိုင်နေပါတယ်။
ပထမဆုံးအနေနဲ့ ဆဲလ်ဘတ်မှာပဲ တိုးတက်လာချင်ပါတယ်။ အဲ့နောက်မှာတော့ အနာဂတ်အတွက် ကြည့်သွားရမှာပေါ့ ” လို့ ခါရင်း အာဒယ်ရယ်မီက ဂျာမာန်သတင်းကို ဖြေဆိုပေးခဲ့ပါတယ်။
ဂျာမနီဘောလုံးလောကရဲ့ အလားအလာအရှိဆုံး လူငယ် ၃ ဦးစာရင်းထဲ ပါဝင်သူလို့ တင်စားခံလာရတဲ့ အာဒယ်ရယ်မီဟာ ချန်ပီယံလိဂ်သမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းတဲ့ ဂျာမာန်သားအဖြစ်လည်း သောမက်စ် မူလာရဲ့ စံချိန်ကို ချိုးဖျက်ထားခဲ့သူဖြစ်တယ်။
ဆဲလ်ဘတ်ဟာ လီဗာပူးအသင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားတဲ့အသင်းဖြစ်ပြီး အပြောင်းအရွှေ့တွေမှာ အခြားသော အသင်းတွေနဲ့အပြိုင် ကမ်းလှမ်းမှုတွေ လုပ်ခဲ့ရင် ကလပ်ကို မျက်နှာသာပေးမယ်လို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းထံက စိတ္ဝင္စားမႈေတြ ရရွိေနတာအတြက္ ဂုဏ္ယူပါေၾကာင္း ဆဲလ္ဘတ္တိုက္စစ္သမား အာဒယ္ရယ္မီက ထုတ္ေျပာလာပါတယ္။
ဒီရာသီ ျပိဳင္ပြဲစံု ၁၇ ပြဲမွာ သြင္းဂိုး ၁၂ ဂိုး ရထားတဲ့ အသက္ ၁၉ ႏွစ္အရြယ္ တိုက္စစ္သမားကို ဘိုင္ယန္ျမဴးနစ္၊ လီဗာပူးတို႔အျပင္ ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ေတြက စိတ္ဝင္စားေနတာပါ။ လီဗာပူးက ကစားသမား ၁၅ နွစ္အရြယ္မွာ ကလပ္နဲ႔ ကာလတို လာျပီး ေလ့က်င့္ဖို႔ ဖိတ္ေခၚခဲ့ေသးေပမယ့္ ဂ်ာမာန္သားက ဆဲလ္ဘတ္ကိုပဲ ေျပာင္းေရႊ႔ခဲ့တာ ျဖစ္ပါတယ္။
၂၀၂၂ ခုႏွစ္မွာ ကစားသမားေလးကို ေျပာင္းေရႊ႔ေၾကး ေပါင္ ၂၅ သန္းမွ ေပါင္ ၃၄ သန္းၾကားျဖင့္ ေခၚယူႏုိင္တယ္လို႔ သိထားရတယ္။ သူဟာ ဂ်ာမနီ စီနီယာအသင္းအတြက္လည္း တစ္ၾကိမ္ ပြဲထြက္ေပးထားျပီျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္မွာ ဝုဒ္ဘတ္ကို ၃-၁ နဲ႔ အႏုိင္ရခဲ့စဥ္ ဆဲလ္ဘတ္အတြက္ အဖြင့္ဂိုး သြင္းယူေပးခဲ့တဲ့ တိုက္စစ္သမားကေတာ့ သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သက္လို႔ အခုလို ေျပာဆိုပါတယ္။
“ လီဗာပူးက စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းၾကားရတာအတြက္ က်ေနာ္ကေတာ့ သက္ေသာင့္သက္သာပါပဲ။ ဂုဏ္ယူစရာလို႔ ခံစားမိေပမယ့္ အဲ့ထက္လည္း မပိုပါဘူး။ ဆဲလ္ဘတ္မွာပဲ ကိုယ္ဘာသာ အာရံုစိုက္ေနတယ္။ က်ေန္ာတို႔ အေကာင္းဆံုး အတူတကြ ကစားေနျပီး ျပည့္ျပည့္စံုစံု ၾကိဳးစားႏုိင္ေနပါတယ္။
ပထမဆံုးအေနနဲ႔ ဆဲလ္ဘတ္မွာပဲ တိုးတက္လာခ်င္ပါတယ္။ အဲ့ေနာက္မွာေတာ့ အနာဂတ္အတြက္ ၾကည့္သြားရမွာေပါ့ ” လို႔ ခါရင္း အာဒယ္ရယ္မီက ဂ်ာမာန္သတင္းကို ေျဖဆိုေပးခဲ့ပါတယ္။
ဂ်ာမနီေဘာလံုးေလာကရဲ႕ အလားအလာအရွိဆံုး လူငယ္ ၃ ဦးစာရင္းထဲ ပါဝင္သူလို႔ တင္စားခံလာရတဲ့ အာဒယ္ရယ္မီဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ အသက္အငယ္ဆံုး ဂိုးသြင္းတဲ့ ဂ်ာမာန္သားအျဖစ္လည္း ေသာမက္စ္ မူလာရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ထားခဲ့သူျဖစ္တယ္။
ဆဲလ္ဘတ္ဟာ လီဗာပူးအသင္းနဲ႔ ဆက္ဆံေရးေကာင္းေတြ ရွိထားတဲ့အသင္းျဖစ္ျပီး အေျပာင္းအေရႊ႔ေတြမွာ အျခားေသာ အသင္းေတြနဲ႔အျပိဳင္ ကမ္းလွမ္းမႈေတြ လုပ္ခဲ့ရင္ ကလပ္ကို မ်က္ႏွာသာေပးမယ္လို႔ ေမွ်ာ္လင့္ရတာ ျဖစ္ပါတယ္။