ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ စူပါဆန်းဒေး ပွဲကောင်းကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး အသင်းတို့ အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက်တွေ့ကြမယ့် ပွဲ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ အောက်တိုဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့၊ ည ၁၀ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးက ယူနိုက်တက်နဲ့ လီဗာပူးတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” အတ္တလန္တာကို ၂-ဝ နဲ့ ရှုံးနေပြီးမှာ ပြန်လိုက် ကစားအနိုင်ယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် စွမ်းဆောင်ရည်ဟာ ဆိုးရှား လက်ထက် သူတို့အသင်း ဖြစ်လာနေကြပုံစံ တစ်ခုပါ။ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေက ပြောစရာတွေ ဖြစ်နေလေ့ ရှိပေမယ့် တခါတခါ ရပ်တန့်ဖို့လည်း သိပ်ခက်ပါတယ်။
တကယ်လို့ အဲဒီပွဲမှာ ယူနိုက်တက် ရှုံးခဲ့ရင် လီဗာပူးအတွက် ဘောနပ်စ် ဖြစ်မှာပါ။ ဒါပေမယ့် ဒီနှစ်သင်းကတော့ ဒီအပတ်မှာ စိတ်ဓာတ်တွေ တက်နေချိန်မှာ တွေ့ဆုံကြတာပါ။
ယူနိုက်တက်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ အမှတ်တွေ လျော့ထားတာ ဖြစ်လို့ ဒီပွဲ မှာ ရလဒ်ကောင်း ယူဖို့ ဖိအားပို ရှိကောင်း ရှိနေမှာပါ။ ဒါပေမယ့် သရေ ရလဒ်ကလည်း နှစ်သင်းလုံး အတွက် မဆိုးတဲ့ရလဒ် ဖြစ်လို့ ကျနော်ကတော့ သရေပဲ ယူဆထားပါတယ်။
လီဗာပူးကတော့ သူတို့ ကစားပုံကို ပြောင်းလဲမှာ မဟုတ်ဘူး၊ ပြောင်းလည်း မပြောင်းလဲနိုင်ဘူးလေ။ တကယ်လို့ ယူနိုက်တက်သာ ဖွင့် ကစားရင် သူတို့ အဆိုးဆုံး ဖြစ်သွားမှာ စိုးရိမ်စရာ ဖြစ်မှာပါ။ ” လို့ လော်ရိုးက ဆိုပါတယ်။
လော်ရိုး ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၁ လီဗာပူး ဖြစ်ပါတယ်။
Zawgyi
ဒီတစ္ပတ္ ပရီးမီးယားလိဂ္ရဲ႕ စူပါဆန္းေဒး ပြဲေကာင္းကေတာ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ လီဗာပူး အသင္းတို႔ အိုးထရက္ဖို႔ဒ္မွာ ထိပ္တိုက္ေတြ႔ၾကမယ့္ ပြဲ ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ ေအာက္တိုဘာ ၂၄ ရက္၊ တနဂၤေႏြေန႔၊ ည ၁၀ နာရီမွာ ယွွဥ္ျပိဳင္ ကစားၾကမွာပါ။
ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ျဖစ္တဲ့ ေလာ္ရိုးက ယူနိုက္တက္နဲ႕ လီဗာပူးတို႔ ပြဲ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
” အတၱလႏၱာကို ၂-ဝ နဲ႕ ရႈံးေနျပီးမွာ ျပန္လိုက္ ကစားအနုိင္ယူခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္ စြမ္းေဆာင္ရည္ဟာ ဆိုးရွား လက္ထက္ သူတို႔အသင္း ျဖစ္လာေနၾကပံုစံ တစ္ခုပါ။ သူတို႔ရဲ႕ လုပ္ပံုကိုင္ပံုေတြက ေျပာစရာေတြ ျဖစ္ေနေလ့ ရွိေပမယ့္ တခါတခါ ရပ္တန္႔ဖို႔လည္း သိပ္ခက္ပါတယ္။
တကယ္လို႔ အဲဒီပြဲမွာ ယူနိုက္တက္ ရံႈးခဲ့ရင္ လီဗာပူးအတြက္ ေဘာနပ္စ္ ျဖစ္မွာပါ။ ဒါေပမယ့္ ဒီနွစ္သင္းကေတာ့ ဒီအပတ္မွာ စိတ္ဓာတ္ေတြ တက္ေနခ်ိန္မွာ ေတြ႔ဆံုၾကတာပါ။
ယူနိုက္တက္က ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ၃ ပြဲမွာ အမွတ္ေတြ ေလ်ာ့ထားတာ ျဖစ္လို႔ ဒီပြဲ မွာ ရလဒ္ေကာင္း ယူဖို႔ ဖိအားပို ရွိေကာင္း ရွိေနမွာပါ။ ဒါေပမယ့္ သေရ ရလဒ္ကလည္း နွစ္သင္းလံုး အတြက္ မဆိုးတဲ့ရလဒ္ ျဖစ္လို႔ က်ေနာ္ကေတာ့ သေရပဲ ယူဆထားပါတယ္။
လီဗာပူးကေတာ့ သူတို႔ ကစားပံုကို ေျပာင္းလဲမွာ မဟုတ္ဘူး၊ ေျပာင္းလည္း မေျပာင္းလဲနိုင္ဘူးေလ။ တကယ္လို႔ ယူနိုက္တက္သာ ဖြင့္ ကစားရင္ သူတို႔ အဆိုးဆံုး ျဖစ္သြားမွာ စိုးရိမ္စရာ ျဖစ္မွာပါ။ ” လို႔ ေလာ္ရိုးက ဆိုပါတယ္။
ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ ၁-၁ လီဗာပူး ျဖစ္ပါတယ္။