ဒီအပတ် တနင်္ဂနွေနေ့ အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးပွဲဟာ နိုင်ကို နိုင်ရမယ့်ပွဲပါလို့ ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က ထုတ်ပြောလာခဲ့ပါတယ်။
ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်မယ့် အသင်းတွေထဲ ပါဝင်နေတယ်လို့ ရေပန်းစားနေတဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ထိပ်တိုက်တွေ့ကြပြီဖြစ်တယ်။ သမိုင်းတစ်လျှောက် ခါးသီး ပြိုင်ဘက်အသင်းတွေဖြစ်လို့ ဒီပွဲရဲ့ ရလဒ်ဟာ ပရိသတ်တွေကြားမှာလည်း အနိုင်ရလဒ် တစ်ခုတည်းကိုပဲ လိုချင်ကြတဲ့အထိကို ပြိုင်ဆိုင်မှု ပြင်းထန်ပါလိမ့်မယ်။
ဘရူနို ဖာနန်ဒက်စ်က “ ယူနိုက်တက်ဟာ တစ်ပွဲချင်းအလိုက်ကို ဦးစီးဦးဆောင် ကစားနိုင်ဖို့ စဉ်းစားရပါမယ်။ အခု ကျနော်တို့မှာ ပွဲကြီးပွဲကောင်းတစ်ပွဲ ကစားရဖို့ ရှိနေပါတယ်။ ကျနေ်ာတို့ နိုင်ကို နိုင်ရမယ့်ပွဲပေါ့။ ကလပ်ရဲ့ မဟာပြိုင်ဘက်တွေထဲက တစ်သင်းကို ရင်ဆိုင်ရမယ့် အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။
အိမ်ကွင်းမှာ ကျနေ်ာတို့ ယှဉ်ပြိုင်ကစားထားတဲ့ ပွဲ နှစ်ပွဲမှာ ရမှတ်တွေ မရထားဘူး။ ကျနေ်ာတို့ အနိုင်ရသင့်တဲ့ ပွဲတွေကို အနိုင်မရထားပါဘူး။ ကျနေ်ာတို့ နိုင်ပွဲတွေ ရဖို့လိုပါတယ်။ ဘာလို့လည်းဆိုတော့ လိဂ်မှာ ၃ ပွဲအတွင်း ရမှတ် ၁ မှတ်ပဲ ရတယ်ဆိုတာက မလုံလောက်ပါဘူး။
အခုတော့ အိုးထရတ်ဖိုဒ့်မှာ ဒါကို ကျနေ်ာတို့ ပြသရပါမယ်။ ကျနေ်ာတို့ တိုက်ခိုက်ရပါမယ်။ ဒါပေမယ့်လို့ တစ်ပွဲချင်းအလိုက်ပဲ တိုက်ခိုက်ရမှာဖြစ်ပြီး ကျနေ်ာတို့ရဲ့ အာရုံစိုက်မှုကတော့ လီဗာပူးပွဲကိုပါပဲ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံမှာ နိုင်ပွဲဆက်နေပြီး ယူနိုက်တက်ကတော့ ရလဒ်တွေ မတည်ငြိမ် ဖြစ်နေတာပါ။ ဒါပေမယ့်လို့ ယူနိုက်တက်တို့က ဒီပွဲမှာ အိမ်ကွင်းအားကို ပိုင်ဆိုင်ထားတာကြောင့် ဒီအားသာချက်နဲ့အတူ ကျားကုပ်ကျားခဲ ယှဉ်ပြိုင်လာဖို့ ရှိနေပါတယ်။
ယာဂင်နဲ့ အသင်းသားတွေဟာ အာရုံစိုက်မှု အပြည့်ဖြင့် ယှဉ်ပြိုင်ဖို့ လိုအပ်မှာဖြစ်ကာ ဘရန့်ဖိုဒ့်၊ အေစီမီလန်နဲ့ အက်သလက်တီကို ပွဲတွေမှာလို သွင်းဂိုးရပြီးချိန်တွေမှာ ပေါ့ဆမှုတွေ မလုပ်ဖို့က အရေးကြီးမှာပဲ ဖြစ်ပါတယ်။
ZAWGYI
ဒီအပတ္ တနဂၤေႏြေန႔ အိုးထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ကစားမယ့္ လီဗာပူးပြဲဟာ ႏုိင္ကို ႏုိင္ရမယ့္ပြဲပါလို႔ ယူႏုိက္တက္ ကြင္းလယ္လူ ဖာနန္ဒက္စ္က ထုတ္ေျပာလာခဲ့ပါတယ္။
ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚမယ့္ အသင္းေတြထဲ ပါဝင္ေနတယ္လို႔ ေရပန္းစားေနတဲ့ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ဟာ ထိပ္တိုက္ေတြ႔ၾကျပီျဖစ္တယ္။ သမိုင္းတစ္ေလွ်ာက္ ခါးသီး ျပိဳင္ဘက္အသင္းေတြျဖစ္လို႔ ဒီပြဲရဲ႕ ရလဒ္ဟာ ပရိသတ္ေတြၾကားမွာလည္း အႏုိင္ရလဒ္ တစ္ခုတည္းကိုပဲ လိုခ်င္ၾကတဲ့အထိကို ျပိဳင္ဆိုင္မႈ ျပင္းထန္ပါလိမ့္မယ္။
ဘရူႏို ဖာနန္ဒက္စ္က “ ယူႏုိက္တက္ဟာ တစ္ပြဲခ်င္းအလိုက္ကို ဦးစီးဦးေဆာင္ ကစားႏုိင္ဖို႔ စဥ္းစားရပါမယ္။ အခု က်ေနာ္တို႔မွာ ပြဲၾကီးပြဲေကာင္းတစ္ပြဲ ကစားရဖို႔ ရွိေနပါတယ္။ က်ေန္ာတို႔ ႏုိင္ကို ႏုိင္ရမယ့္ပြဲေပါ့။ ကလပ္ရဲ႕ မဟာျပိဳင္ဘက္ေတြထဲက တစ္သင္းကို ရင္ဆိုင္ရမယ့္ အေရးပါတဲ့ ပြဲတစ္ပြဲျဖစ္ပါတယ္။
အိမ္ကြင္းမွာ က်ေန္ာတို႔ ယွဥ္ျပိဳင္ကစားထားတဲ့ ပြဲ ႏွစ္ပြဲမွာ ရမွတ္ေတြ မရထားဘူး။ က်ေန္ာတို႔ အႏုိင္ရသင့္တဲ့ ပြဲေတြကို အႏုိင္မရထားပါဘူး။ က်ေန္ာတို႔ ႏုိင္ပြဲေတြ ရဖို႔လိုပါတယ္။ ဘာလို႔လည္းဆိုေတာ့ လိဂ္မွာ ၃ ပြဲအတြင္း ရမွတ္ ၁ မွတ္ပဲ ရတယ္ဆိုတာက မလံုေလာက္ပါဘူး။
အခုေတာ့ အိုးထရတ္ဖိုဒ့္မွာ ဒါကို က်ေန္ာတို႔ ျပသရပါမယ္။ က်ေန္ာတို႔ တိုက္ခိုက္ရပါမယ္။ ဒါေပမယ့္လို႔ တစ္ပြဲခ်င္းအလိုက္ပဲ တိုက္ခိုက္ရမွာျဖစ္ျပီး က်ေန္ာတို႔ရဲ႕ အာရံုစိုက္မႈကေတာ့ လီဗာပူးပြဲကိုပါပဲ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။
လီဗာပူးအသင္းဟာ ျပိဳင္ပြဲစံုမွာ ႏုိင္ပြဲဆက္ေနျပီး ယူႏုိက္တက္ကေတာ့ ရလဒ္ေတြ မတည္ျငိမ္ ျဖစ္ေနတာပါ။ ဒါေပမယ့္လို႔ ယူႏုိက္တက္တို႔က ဒီပြဲမွာ အိမ္ကြင္းအားကို ပိုင္ဆိုင္ထားတာေၾကာင့္ ဒီအားသာခ်က္နဲ႔အတူ က်ားကုပ္က်ားခဲ ယွဥ္ျပိဳင္လာဖို႔ ရွိေနပါတယ္။
ယာဂင္နဲ႔ အသင္းသားေတြဟာ အာရံုစိုက္မႈ အျပည့္ျဖင့္ ယွဥ္ျပိဳင္ဖို႔ လိုအပ္မွာျဖစ္ကာ ဘရန္႔ဖိုဒ့္၊ ေအစီမီလန္နဲ႔ အက္သလက္တီကို ပြဲေတြမွာလို သြင္းဂိုးရျပီးခ်ိန္ေတြမွာ ေပါ့ဆမႈေတြ မလုပ္ဖို႔က အေရးၾကီးမွာပဲ ျဖစ္ပါတယ္။