အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ကို လီဗာပူးက ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး တိုက်စစ်မှုး မိုဆာလာကလည်း ဟက်ထရစ် သွင်းနိုင်ခဲ့တာကြောင့် လီဗာပူး ပရိသတ်တွေ နှစ်ထောင်းအားရ ကျေနပ် ပျော်ရွှင်နေကြပါတယ်။

ဆာလာကတော့ ဘယ်လောက် ဂိုးပြတ်တယ် ဆိုဆို၊ ရမှတ်ကတော့ ၃ မှတ်ပဲ ဖြစ်တယ်လို့ ပွဲ အပြီးမှာ ဆိုလိုက်ပြီး တစ်ပွဲချင်း အနိုင် ကစားဖို့ အာရုံစိုက်ကာ ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့ ရည်မှန်းထားကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

” ဒီမှာ လာပြီး ၅-၀ နဲ့ နိုင်တယ်ဆိုတာ သိပ်ကို ကောင်းတယ်လို့ ကျနော်ထင်တယ်။ ဒီနေ့ပွဲ မတိုင်ခင်တည်းက ကျေနာ်တို့ သေချာ မကစားရင် ခက်ခဲနိုင်တယ် လို့ ကြိုသိခဲ့တယ်။

သူတို့ကလည်း ရှိသမျှ အစွမ်းကုန် ထုတ် ကြိုးစားလာမှာ ဖြစ်လို့ ကျနော်တို့ကလည်း ၁၀၀% ရာနှုန်းပြည့် အားထုတ် ကစားခဲ့တယ်။ ကျနော်တို့ ကိုယ့်ပွဲကိုယ် ကစားဖို့သာ ကြိုးစားခဲ့တာ ဖြစ်ပြီး လိုင်းတွေကြားမှာလည်း အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့တယ်။ ကျနော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့သလို ကံကောင်းစွာ ဂိုးတွေလည်း ရခဲ့တာ။

အသင်းကသာ နိုင်နေရင် ကျနော်က ပျော်ရွှင်နေတာပါ။ လီဗာပူး နိုင်ပွဲတွေ ယူနိုင်ဖို့ ကျနော်ကလည်း အကောင်းဆုံး ကြိုးစား ကစားနေတာ။ ပထမဂိုးက ကျနော် နာဘေ ကိတ်တာ သွင်းဖို့ ပေးလိုက်တာ။

ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့ ဆို ဘာတွေ လိုလဲ ဆိုတာ ကျနေ်ာတို့ သိတယ်။ အရင် ၂နှစ်က ကျနေ်ာတို့ လုပ်နိုင်ခဲ့တယ်။ ဒီနေ့ပွဲက နိုင်ပွဲကြီး ဆိုပေမယ့် ရမှတ်က ၃မှတ်ပါပဲ။

ကျနေ်ာတို့ ပွဲတိုင်း နိုင်အောင် ကြိုးစားမယ်၊ ချန်ပီယံ ဖြစ်အောင် ကြိုးစားသွားမယ်။ ကျနေ်ာတို့ က အရာရာ အောင်နိုင်အောင် ကစားသွားဖို့ပဲ လိုတာပါ။ ရာသီကြိုတည်းက စလို့ ကျနေ်ာတို့ ခေါင်းထဲမှာ ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့ တွေးထားတယ်။ ဒါကို လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။

ပထမပိုင်းပြီးတော့ အဝတ်လဲခန်းထဲမှာ ကျနေ်ာတို့ ပြောဖြစ်ကြတယ်။ ဒီတိုင်း ဆက်လုပ်ပြီး ဂိုးတွေလည်း ရနိုင်သမျှ သွင်းသွားဖို့ ပြောခဲ့ကြသေးတယ်။ ” လို့ ဆာလာက ပြောဆိုခဲ့ပါတယ်။

Zawgyi

အိုးထရက္ဖို႔ဒ္မွာ မန္ခ်က္စတာ ယူနိုက္တက္ကို လီဗာပူးက ၅ ဂိုးျပတ္နဲ႕ အနုိင္ရခဲ့ျပီး တိုက္စစ္မႈး မိုဆာလာကလည္း ဟက္ထရစ္ သြင္းနိုင္ခဲ့တာေၾကာင့္ လီဗာပူး ပရိသတ္ေတြ နွစ္ေထာင္းအားရ ေက်နပ္ ေပ်ာ္ရႊင္ေနၾကပါတယ္။

ဆာလာကေတာ့ ဘယ္ေလာက္ ဂိုးျပတ္တယ္ ဆိုဆို၊ ရမွတ္ကေတာ့ ၃ မွတ္ပဲ ျဖစ္တယ္လို႔ ပြဲ အျပီးမွာ ဆုိလိုက္ျပီး တစ္ပြဲခ်င္း အနုိင္ ကစားဖို႕ အာရံုစိုက္ကာ ပရီးမီးယားလိဂ္ ဗိုလ္စြဲဖို႕ ရည္မွန္းထားေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

” ဒီမွာ လာျပီး ၅-၀ နဲ႕ နိုင္တယ္ဆိုတာ သိပ္ကို ေကာင္းတယ္လို႔ က်ေနာ္ထင္တယ္။ ဒီေန႔ပြဲ မတိုင္ခင္တည္းက ကေ်နာ္တို႔ ေသခ်ာ မကစားရင္ ခက္ခဲနိုင္တယ္ လို႔ ၾကိဳသိခဲ့တယ္။

သူတို႔ကလည္း ရွိသမွ် အစြမ္းကုန္ ထုတ္ ၾကိဳးစားလာမွာ ျဖစ္လို႔ က်ေနာ္တို႔ကလည္း ၁၀၀% ရာႏႈန္းျပည့္ အားထုတ္ ကစားခဲ့တယ္။ က်ေနာ္တို႔ ကိုယ့္ပြဲကိုယ္ ကစားဖို႔သာ ၾကိဳးစားခဲ့တာ ျဖစ္ျပီး လိုင္းေတြၾကားမွာလည္း အခြင့္အေရးေကာင္းေတြ ဖန္တီးနုိင္ခဲ့တယ္။ က်ေနာ္တို႔ ေကာင္းေကာင္း လုပ္နုိင္ခဲ့သလို ကံေကာင္းစြာ ဂိုးေတြလည္း ရခဲ့တာ။

အသင္းကသာ နုိင္ေနရင္ က်ေနာ္က ေပ်ာ္ရႊင္ေနတာပါ။ လီဗာပူး နုိင္ပြဲေတြ ယူနုိင္ဖို႔ က်ေနာ္ကလည္း အေကာင္းဆံုး ၾကိဳးစား ကစားေနတာ။ ပထမဂိုးက က်ေနာ္ နာေဘ ကိတ္တာ သြင္းဖို႔ ေပးလိုက္တာ။

ပရီးမီးယားလိဂ္ ဗိုလ္စြဲဖို႔ ဆို ဘာေတြ လိုလဲ ဆိုတာ က်ေန္ာတို႔ သိတယ္။ အရင္ ၂နွစ္က က်ေန္ာတို႔ လုပ္နိုင္ခဲ့တယ္။ ဒီေန႔ပြဲက နုိင္ပြဲၾကီး ဆိုေပမယ့္ ရမွတ္က ၃မွတ္ပါပဲ။

က်ေန္ာတို႔ ပြဲတိုင္း နိုင္ေအာင္ ၾကိဳးစားမယ္၊ ခ်န္ပီယံ ျဖစ္ေအာင္ ၾကိဳးစားသြားမယ္။ က်ေန္ာတို႔ က အရာရာ ေအာင္နုိင္ေအာင္ ကစားသြားဖို႔ပဲ လိုတာပါ။ ရာသီၾကိဳတည္းက စလို႔ က်ေန္ာတို႔ ေခါင္းထဲမွာ ပရီးမီးယားလိဂ္ ဗိုလ္စြဲဖို႔ ေတြးထားတယ္။ ဒါကို လုပ္နိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။

ပထမပိုင္းျပီးေတာ့ အ၀တ္လဲခန္းထဲမွာ က်ေန္ာတို႔ ေျပာျဖစ္ၾကတယ္။ ဒီတုိင္း ဆက္လုပ္ျပီး ဂိုးေတြလည္း ရနိုင္သမွ် သြင္းသြားဖို႔ ေျပာခဲ့ၾကေသးတယ္။ ” လို႔ ဆာလာက ေျပာဆိုခဲ့ပါတယ္။