လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်နဲ့ အက်သလက်တီကို မက်ဒရစ် မန်နေဂျာ ဆီမြွန်နီတို့ ပထမအကျော့ စပိန်မြေမှာ ထိပ်တိုက်တွေ့မှုက ၃-၂ ရလဒ် ထွက်ပေါ်ခဲ့ပြီး အောင်နိုင်သူ ကလော့ပ်ကို လက်ဆွဲနုတ်ဆက်ဖို့ ဆီမြွန်နီက ငြင်းဆန်ခဲ့ပါတယ်။
ဒီတစ်ကြိမ် အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ဆုံးမှုအတွက် သတင်းစာ ရှင်းလင်းပွဲလုပ်ချိန်မှာ မန်နေဂျာနှစ်ဦးထံက ကောင်းမွန်တဲ့ ဆက်ဆံရေးကို မြင်ရမလား၊ ဒေါသတကြီး ပေါက်ကွဲကြမယ့် ဟယ်ဗီးဝိတ်မန်နေဂျာနှစ်ဦး ဖြစ်မလားဆိုတာကို သတင်းသမားတွေက တောက်လျှောက် မေးခွန်းတွေထုတ်ခဲ့ကြတယ်။
အက်သလက်တီကို မန်နေဂျာဟာ အန်ဖီးပွဲမှာ ဘယ်လိုရလဒ်ပဲ ထွက်ပေါ်လာပါစေ ယာဂင်ကလော့ပ်နဲ့ ပွဲအပြီး လက်ဆွဲနုတ်ဆက်မှာ မဟုတ်ကြောင်း အင်္ဂလန်သတင်းဌာနကြီးဖြစ်တဲ့ the athletic က အတည်ပြုခဲ့တယ်။
ပွဲကြိုမှာ ဆီမြွန်နီက “ ပွဲအပြီး နောက်တစ်ရက်မှာပဲ ကျနော် ရှင်းပြခဲ့ပါတယ်။ ပွဲပြီးချိန် အဲ့လို လက်ဆွဲနုတ်ဆက်ပြီး တွေ့ရမှာကို ကျနော် မကြိုက်ပါဘူး။
ကလော့ပ်အကြောင်း ကျနော် ကောင်းကောင်းမသိပေမယ့် သူက နည်းပြကောင်းဆိုတာ ကျနော် သိပါတယ်။ အခြားမန်နေဂျာတွေအပေါ် ဘယ်လိုမြင်လဲဆိုတာမျိုးကို မပြောချင်ပါဘူး။ မန်နေဂျာချင်း ကျနေ်ာတို့ လေးစားမှု ရှိပါတယ်။
ပွဲအပြီးမှာ မန်နေဂျာချင်း လက်ဆွဲနုတ်ဆက်ကြတာမျိုးကို ကျနော် မကြိုက်ပါဘူး။ ဘာလို့လည်းဆိုတော့ စိတ်ခံစားချက်တွေနဲ့ ပြည့်နေတဲ့ နှစ်သင်းမှာ ခြားနားတဲ့ ခံစားချက်တွေ ရှိနေလို့ပါပဲ။ အင်္ဂလန်မှာတော့ ပွဲအပြီး လက်ဆွဲနုတ်ဆက်တာက ထုံးစံပဲဆိုတာ ကျနော် သိတယ်။ ဒါပေမယ့် ကျနော်ကတော့ လုပ်မှာ မဟုတ်ပါဘူး။ အမှားအယွင်းတွေ ပါဝင်တဲ့ ပွဲအပြီးမှာ အဲ့လိုလုပ်ရမှာကို ကျနော် မကြိုက်ပါဘူး ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ည အက်သလက်တီကိုပွဲကို အနိုင်ရမယ်ဆိုရင် လီဗာပူးအသင်းဟာ လက်ကျန်ပွဲ ၂ ပွဲ ကစားဖို့ အလိုမှာပဲ နောက်တစ်ဆင့်ကို တက်ရောက်သွားမှာ ဖြစ်သလို အုပ်စုဗိုလ် ဖြစ်ခွင့်ပါ အရေးသာနေမှာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္နဲ႔ အက္သလက္တီကို မက္ဒရစ္ မန္ေနဂ်ာ ဆီျမြန္နီတို႔ ပထမအေက်ာ့ စပိန္ေျမမွာ ထိပ္တိုက္ေတြ႔မႈက ၃-၂ ရလဒ္ ထြက္ေပၚခဲ့ျပီး ေအာင္ႏုိင္သူ ကေလာ့ပ္ကို လက္ဆြဲႏုတ္ဆက္ဖို႔ ဆီျမြန္နီက ျငင္းဆန္ခဲ့ပါတယ္။
ဒီတစ္ၾကိမ္ အန္ဖီးကြင္းမွာ ထိပ္တိုက္ေတြ႔ဆံုးမႈအတြက္ သတင္းစာ ရွင္းလင္းပြဲလုပ္ခ်ိန္မွာ မန္ေနဂ်ာႏွစ္ဦးထံက ေကာင္းမြန္တဲ့ ဆက္ဆံေရးကို ျမင္ရမလား၊ ေဒါသတၾကီး ေပါက္ကြဲၾကမယ့္ ဟယ္ဗီးဝိတ္မန္ေနဂ်ာႏွစ္ဦး ျဖစ္မလားဆိုတာကို သတင္းသမားေတြက ေတာက္ေလွ်ာက္ ေမးခြန္းေတြထုတ္ခဲ့ၾကတယ္။
အက္သလက္တီကို မန္ေနဂ်ာဟာ အန္ဖီးပြဲမွာ ဘယ္လိုရလဒ္ပဲ ထြက္ေပၚလာပါေစ ယာဂင္ကေလာ့ပ္နဲ႔ ပြဲအျပီး လက္ဆြဲႏုတ္ဆက္မွာ မဟုတ္ေၾကာင္း အဂၤလန္သတင္းဌာနၾကီးျဖစ္တဲ့ the athletic က အတည္ျပဳခ့ဲတယ္။
ပြဲၾကိဳမွာ ဆီျမြန္နီက “ ပြဲအၿပီး ေနာက္တစ္ရက္မွာပဲ က်ေနာ္ ရွင္းျပခဲ့ပါတယ္။ ပြဲၿပီးခ်ိန္ အဲ့လို လက္ဆြဲႏုတ္ဆက္ၿပီး ေတြ႕ရမွာကို က်ေနာ္ မႀကိဳက္ပါဘူး။
ကေလာ့ပ္အေၾကာင္း က်ေနာ္ ေကာင္းေကာင္းမသိေပမယ့္ သူက နည္းျပေကာင္းဆိုတာ က်ေနာ္ သိပါတယ္။ အျခားမန္ေနဂ်ာေတြအေပၚ ဘယ္လိုျမင္လဲဆိုတာမ်ိဳးကို မေျပာခ်င္ပါဘူး။ မန္ေနဂ်ာခ်င္း က်ေန္ာတို႔ ေလးစားမႈ ရွိပါတယ္။
ပြဲအျပီးမွာ မန္ေနဂ်ာခ်င္း လက္ဆြဲႏုတ္ဆက္ၾကတာမ်ိဳးကို က်ေနာ္ မၾကိဳက္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ စိတ္ခံစားခ်က္ေတြနဲ႔ ျပည့္ေနတဲ့ ႏွစ္သင္းမွာ ျခားနားတဲ့ ခံစားခ်က္ေတြ ရွိေနလို႔ပါပဲ။ အဂၤလန္မွာေတာ့ ပြဲအျပီး လက္ဆြဲႏုတ္ဆက္တာက ထံုးစံပဲဆိုတာ က်ေနာ္ သိတယ္။ ဒါေပမယ့္ က်ေနာ္ကေတာ့ လုပ္မွာ မဟုတ္ပါဘူး။ အမွားအယြင္းေတြ ပါဝင္တဲ့ ပြဲအျပီးမွာ အဲ့လိုလုပ္ရမွာကို က်ေနာ္ မၾကိဳက္ပါဘူး ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဒီကေန႔ည အက္သလက္တီကိုပြဲကို အႏုိင္ရမယ္ဆိုရင္ လီဗာပူးအသင္းဟာ လက္က်န္ပြဲ ၂ ပြဲ ကစားဖို႔ အလိုမွာပဲ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားမွာ ျဖစ္သလို အုပ္စုဗိုလ္ ျဖစ္ခြင့္ပါ အေရးသာေနမွာ ျဖစ္ပါတယ္။