ဒီအပတ် လီဗာပူးနဲ့ ဝက်ဟမ်းပွဲကြိုမှာ ပြိုင်ဘက်အသင်းရဲ့ အသင်းကွင်းလယ်လူ ရိုက်က လီဗာပူးကို သတိပေးစကား ပြောဆိုသွားပါတယ်။
ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းထဲက နှစ်သင်း ထိပ်တိုက်တွေ့မှုအဖြစ် လီဗာပူးဟာ ဝက်ဟမ်းရဲ့ အိမ်ကွင်းဖြစ်တဲ့ လန်ဒန်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ လီဗာပူးဟာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေပြီး လိဂ် ဦးဆောင်သူ ချယ်ဆီးနဲ့ ၃ မှတ် ကွာဟနေတာကြောင့် ရမှတ်တွေ ပြန်နီးကပ်ရေးအတွက် ဒီပွဲကို သေချာပေါက် အနိုင်ယူရပါမယ်။
ဝက်ဟမ်းကတော့ လီဗာပူးနောက် ၂ မှတ်အကွာမှာ ရှိနေတာဖြစ်ပြီး ကာရာဘောင်းမှာ မန်စီးတီးကို အနိုင်ယူခဲ့သလို ယူရိုပါလိဂ်မှာလည်း အုပ်စုဗိုလ်နေရာ ရယူထားတာပါ။ ဒီပွဲမှာ လီဗာပူးအသင်း စိတ်ပျက်သွားအောင် ရလဒ်တစ်ခု ရယူဖို့ကို ရိုက်က ပစ်မှတ်ထားနေပါတယ်။
“ လီဗာပူးက ဘယ်လိုအသင်းလဲဆိုတာ ကျနေ်ာတို့ သိပါတယ်။ သူတို့က ကမ္ဘာအဆင့် ထိပ်သီးအသင်းပါ။ သူတို့မှာ တိုက်စစ်ကနေ ဂိုးပေါက်ထိကို ထိပ်တန်း ကစားသမားတွေ ပိုင်ဆိုင်ထားတယ်။ ဒီပွဲက နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် နောက်ဆုံးပွဲဖြစ်ပါတယ်။ ပွဲကို အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင်လိုက်ရအောင်ပါ။
ကျနေ်ာတို့မှာ ဘာဆုံးရှုံးစရာရှိနေလို့လဲ? ကျနေ်ာတို့က ထိပ်ဆုံး ၄ သင်းထဲက တစ်သင်းပါ။ ဒီပွဲမှာ လီဗာပူးကို စိတ်ပျက်သွားအောင် လုပ်လိုက်ကြရအောင်ပါ ” လို့ ရိုက်က ပြောဆိုခဲ့တာ ဖြစ်တယ်။
လန်ဒန်ကလပ်ရဲ့ မန်နေဂျာဖြစ်သူ မိုယက်စ်ကလည်း ရိုက်လိုပဲ လီဗာပူးကို ရင်ဆိုင်တွေ့လိုနေပါတယ်။ သူကတော့ ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်လို့ ဆိုခဲ့တာဖြစ်တယ်။
ဝက်ဟမ်းမန်နေဂျာ မိုးယက်စ်က “ ပွဲကြီးပွဲကောင်းပါ။ လီဗာပူးဟာ စူပါ အသင်းတစ်သင်းဆိုတာ လူတိုင်း သိပါတယ်။ ပွဲကောင်းတစ်ပွဲ ဖြစ်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
ဒီအပတ္ လီဗာပူးနဲ႔ ဝက္ဟမ္းပြဲၾကိဳမွာ ျပိဳင္ဘက္အသင္းရဲ႕ အသင္းကြင္းလယ္လူ ရိုက္က လီဗာပူးကို သတိေပးစကား ေျပာဆိုသြားပါတယ္။
ပရီးမီးယားလိဂ္ ထိပ္ဆံုး ၄ သင္းထဲက ႏွစ္သင္း ထိပ္တိုက္ေတြ႔မႈအျဖစ္ လီဗာပူးဟာ ဝက္ဟမ္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ လန္ဒန္ကြင္းထံ သြားေရာက္ ယွဥ္ျပိဳင္ရမွာပါ။ လီဗာပူးဟာ အမွတ္ေပးဇယား ဒုတိယေနရာမွာ ရွိေနျပီး လိဂ္ ဦးေဆာင္သူ ခ်ယ္ဆီးနဲ႔ ၃ မွတ္ ကြာဟေနတာေၾကာင့္ ရမွတ္ေတြ ျပန္နီးကပ္ေရးအတြက္ ဒီပြဲကို ေသခ်ာေပါက္ အႏုိင္ယူရပါမယ္။
ဝက္ဟမ္းကေတာ့ လီဗာပူးေနာက္ ၂ မွတ္အကြာမွာ ရွိေနတာျဖစ္ျပီး ကာရာေဘာင္းမွာ မန္စီးတီးကို အႏုိင္ယူခဲ့သလို ယူရိုပါလိဂ္မွာလည္း အုပ္စုဗိုလ္ေနရာ ရယူထားတာပါ။ ဒီပြဲမွာ လီဗာပူးအသင္း စိတ္ပ်က္သြားေအာင္ ရလဒ္တစ္ခု ရယူဖို႔ကို ရိုက္က ပစ္မွတ္ထားေနပါတယ္။
“ လီဗာပူးက ဘယ္လိုအသင္းလဲဆိုတာ က်ေန္ာတို႔ သိပါတယ္။ သူတို႔က ကမၻာအဆင့္ ထိပ္သီးအသင္းပါ။ သူတို႔မွာ တိုက္စစ္ကေန ဂိုးေပါက္ထိကို ထိပ္တန္း ကစားသမားေတြ ပိုင္ဆိုင္ထားတယ္။ ဒီပြဲက ႏုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္ ေနာက္ဆံုးပြဲျဖစ္ပါတယ္။ ပြဲကို အစြမ္းကုန္ ၾကိဳးစား ယွဥ္ျပိဳင္လိုက္ရေအာင္ပါ။
က်ေန္ာတို႔မွာ ဘာဆံုးရွံဳးစရာရွိေနလို႔လဲ? က်ေန္ာတို႔က ထိပ္ဆံုး ၄ သင္းထဲက တစ္သင္းပါ။ ဒီပြဲမွာ လီဗာပူးကို စိတ္ပ်က္သြားေအာင္ လုပ္လိုက္ၾကရေအာင္ပါ ” လို႔ ရိုက္က ေျပာဆိုခဲ့တာ ျဖစ္တယ္။
လန္ဒန္ကလပ္ရဲ႕ မန္ေနဂ်ာျဖစ္သူ မိုယက္စ္ကလည္း ရိုက္လိုပဲ လီဗာပူးကို ရင္ဆိုင္ေတြ႔လိုေနပါတယ္။ သူကေတာ့ ဒီပြဲက ပြဲေကာင္းတစ္ပြဲ ျဖစ္လာမယ္လို႔ ဆိုခဲ့တာျဖစ္တယ္။
ဝက္ဟမ္းမန္ေနဂ်ာ မိုးယက္စ္က “ ပြဲၾကီးပြဲေကာင္းပါ။ လီဗာပူးဟာ စူပါ အသင္းတစ္သင္းဆိုတာ လူတိုင္း သိပါတယ္။ ပြဲေကာင္းတစ္ပြဲ ျဖစ္ပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။