လီဗာပူးအသင်းဟာ မနက်ဖြန် ည၊ ကြာသပတေးနေ့ နံနက်အစောမှာတော့ အဲဗာတန် အသင်းကို ဂွတ်ဒီဆင်ပါ့ခ်မှာ မာဆေးဆိုဒ် ဒါဘီပွဲ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မာဆေးဆိုဒ် ဒါဘီပွဲကတော့ ပြန်လာပါပြီ။ လီဗာပူး အနေနဲ့တော့ အန်းဖီးမှာ ဒီနှစ်စပိုင်းက အဲဗာတန် အနိုင်ယူသွားတဲ့ ပွဲ အတွက် ပြန် လက်စားချေဖို့ ပစ်မှတ်ထားနေပါလိမ့်မယ်။ အဲဒီတုန်းက လီဗာပူးအတွက် အချိန်ကာလဆိုး အလယ်မှာ ကျရောက်နေခဲ့တာပါ။

အခုကတော့ ဗန်ဒိုက်လည်း ကြံ့ခိုင်မှု ပြည့်နေသလို ထရန့် အလက်ဇန်းဒါး အာနိုးကလည်း ထိပ်တန်း ပုံစံ ပြန်ရနေတာကြောင့် ဧည့်သည် လီဗာပူးက ပို တောင့်တင်းနေပါမယ်။

လောလောဆယ် လီဗာပူးကတော့ သွင်းဂိုးတွေကိုရပ်တန့် မရောက်နိုင်အောင်ပဲ။ ဆာလာနဲ့ မာနေးတို့ ကလည်း ခြေတွေ့နေတာကြောင့် သူတို့ပဲ အသာစီးယူပြီး အောင်ပွဲရမယ် လို့ ကျနော် ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်ကတော လီဗာပူးက ၂-၁ နဲ့ နိုင်မယ် လို့ ဆိုထားပါတယ်။

Zawgyi

လီဗာပူးအသင္းဟာ မနက္ျဖန္ ည၊ ၾကာသပေတးေန႔ နံနက္အေစာမွာေတာ့ အဲဗာတန္ အသင္းကို ဂြတ္ဒီဆင္ပါ့ခ္မွာ မာေဆးဆိုဒ္ ဒါဘီပြဲ သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ဒီပြဲစဥ္နဲ႕ ပတ္သတ္ျပီး တိုက္စစ္မႈးေဟာင္း မုိက္ကယ္ အိုဝင္ကေတာ့ အခုလုိ သံုးသပ္ ခန္႔မွန္းထားပါတယ္။

” မာေဆးဆိုဒ္ ဒါဘီပြဲကေတာ့ ျပန္လာပါျပီ။ လီဗာပူး အေနနဲ႕ေတာ့ အန္းဖီးမွာ ဒီနွစ္စပိုင္းက အဲဗာတန္ အနိုင္ယူသြားတဲ့ ပြဲ အတြက္ ျပန္ လက္စားေခ်ဖို႔ ပစ္မွတ္ထားေနပါလိမ့္မယ္။ အဲဒီတုန္းက လီဗာပူးအတြက္ အခ်ိန္ကာလဆိုး အလယ္မွာ က်ေရာက္ေနခဲ့တာပါ။

အခုကေတာ့ ဗန္ဒိုက္လည္း ၾကံ႕ခိုင္မႈ ျပည့္ေနသလို ထရန္႔ အလက္ဇန္းဒါး အာနိုးကလည္း ထိပ္တန္း ပံုစံ ျပန္ရေနတာေၾကာင့္ ဧည့္သည္ လီဗာပူးက ပို ေတာင့္တင္းေနပါမယ္။

ေလာေလာဆယ္ လီဗာပူးကေတာ့ သြင္းဂုိုးေတြကိုရပ္တန္႔ မေရာက္နိုင္ေအာင္ပဲ။ ဆာလာနဲ႕ မာေနးတို႔ ကလည္း ေျခေတြ႔ေနတာေၾကာင့္ သူတို႔ပဲ အသာစီးယူျပီး ေအာင္ပြဲရမယ္ လို႔ က်ေနာ္ ထင္ပါတယ္။ ” လို႔ အိုဝင္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အိုဝင္ ခန္႔မွန္းရလဒ္ကေတာ လီဗာပူးက ၂-၁ နဲ႕ နိုင္မယ္ လို႔ ဆိုထားပါတယ္။