ဒီမနက် ဘလွန်းဒီအောဆု ရွေးချယ်မှုမှာ တစ်ဦးတည်းသော ဆန်ကာတင် (၃၀) စာရင်းဝင် လီဗာပူးတိုက်စစ်သမား ဆာလာက နံပါတ် ၇ နေရာမှာပဲ ရပ်တည်ခဲ့ပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက အဆိုပါဆုကို သူ့ကစားသမားဘဝ ၇ ကြိမ်မြောက် အနိုင်ရခဲ့တာဖြစ်ပြီး ဒုတိယနေရာမှာတော့ လီဝမ်ဒေါစကီး ရပ်တည်ခဲ့တာပါ။ ဆုကို နောက်ဆုံးအကြိမ် ပေးအပ်ခဲ့တဲ့ ၂၀၁၉ ဘလွန်းဒီအောမှာတုန်းကလည်း ဗန်ဒိုက်ကို ကျော်ပြီး မက်ဆီက အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဆာလာက ဒီထက်တော့ ပိုကောင်းတဲ့ အဆင့်မှာ ရှိသင့်ကြောင်းကို ကလော့ပ်က ဝန်ခံတယ်။“ ဟုတ်ပါတယ်။ ရိုးရိုးသားသား ပြောရရင် သူ့ရဲ့ အဆင့်ကို သိရတော့ ကျနော် အံ့သြမိပါတယ် ” ဆိုပြီး ကလော့ပ်က မာဆေးဆိုဒ်ဒါဘီ ပွဲကြိုမှာ ထုတ်ပြောခဲ့ပါတယ်။

ဒီနှစ်မှာ မက်ဆီက သူ့ကစားသမားဘဝ ၇ ကြိမ်မြောက် အနိုင်ရခဲ့ပေမယ့် အတော်လေး ဝေဖန်ခံရမှုတွေ ရှိခဲ့တာဖြစ်တယ်။ အထူးသဖြင့် ဂျာမာန် ဘောလုံးအသိုင်းအဝိုင်းကတော့ ဒီနှစ်ဟာ လီဝမ်ဒေါစကီး ရသင့်တယ်လို့ ယူဆထားကြတယ်။ ကလော့ပ်ကပဲ ဒီနှစ်မှာ ဘယ်သူရသင့်တယ် မရသင့်ဘူး လာမေးနေရအောင် မဲပေးတာ မင်းတို့ သတင်းထောက်တွေပဲ မဟုတ်ဘူးလားလို့ တုန့်ပြန်ခဲ့ပါတယ်။

“ ဒါပေမယ့် အဲ့တာက ကျနော်မှာ လုပ်ပိုင်ခွင့်မရှိပါဘူး။ နေရာစုံကနေ မဲပေးကြတယ် ထင်ပါတယ်။ ကျနော်လည်း သေချာ မသိပါဘူး။ ဂျာနယ်လစ်တွေ မဲပေးကြရတာလား။ ဒီတော့ ကျနော်ကို မမေးကြပါနဲ့၊ ဆာလာရဲ့ လက်ရှိ အဆင့်က မဖြစ်သင့်ဘူးဆိုရင် မဲပေးကြတာ ခင်ဗျားတို့ ကိုယ်တိုင်ပဲလေ၊ ခင်ဗျားတို့ အမှားပဲပေါ့။

သူက ပိုမြင့်တဲ့ အဆင့်မှာ ရှိသင့်တယ်ထင်ရင် ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တိုက်တွန်းရမှာပေါ့။ အဲ့အကြောင်း ကျနော်က ရာနှုန်းပြည့်တော့ မသေချာပါဘူး။ ခင်ဗျားတို့က မက်ဆီကိုပဲ အမြဲ မဲပေးကြတယ်လို့ ထင်တယ်။ သူ့ရဲ့ ကစားသမားဘဝမှာ လုပ်ခဲ့တာအတွက်၊ သူက ဘယ်လို ကစားသမားကောင်းဆိုတာအတွက် ဒါတွေကြောင့်ပေါ့။

ဒါပေမယ့်လို့ ဒီအချိန်မှ ခင်ဗျားတို့ လီဝမ်ဒေါစကီးကို မပေးကြရင် သူ ရဖို့ ခက်သွားပါပြီ။ နောက်ပြီး မိုကလည်း ဒီထက်တော့ အဆင့်မြင့်မြင့်မှာ ရှိနေသင့်ပါတယ်။ ဒါပါပဲ ” လို့ ကလော့ပ်က မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီမနက္ ဘလြန္းဒီေအာဆု ေရြးခ်ယ္မႈမွာ တစ္ဦးတည္းေသာ ဆန္ကာတင္ (၃၀) စာရင္းဝင္ လီဗာပူးတိုက္စစ္သမား ဆာလာက နံပါတ္ ၇ ေနရာမွာပဲ ရပ္တည္ခဲ့ပါတယ္။

အာဂ်င္တီးနား အသင္းေခါင္းေဆာင္ မက္ဆီက အဆိုပါဆုကို သူ႔ကစားသမားဘဝ ၇ ၾကိမ္ေျမာက္ အႏုိင္ရခဲ့တာျဖစ္ျပီး ဒုတိယေနရာမွာေတာ့ လီဝမ္ေဒါစကီး ရပ္တည္ခဲ့တာပါ။ ဆုကို ေနာက္ဆံုးအၾကိမ္ ေပးအပ္ခဲ့တဲ့ ၂၀၁၉ ဘလြန္းဒီေအာမွာတုန္းကလည္း ဗန္ဒိုက္ကို ေက်ာ္ျပီး မက္ဆီက အႏုိင္ရခဲ့တာျဖစ္ပါတယ္။

ဆာလာက ဒီထက္ေတာ့ ပိုေကာင္းတဲ့ အဆင့္မွာ ရွိသင့္ေၾကာင္းကို ကေလာ့ပ္က ဝန္ခံတယ္။“ ဟုတ္ပါတယ္။ ရိုးရိုးသားသား ေျပာရရင္ သူ႔ရဲ႕ အဆင့္ကို သိရေတာ့ က်ေနာ္ အံ့ၾသမိပါတယ္ ” ဆိုျပီး ကေလာ့ပ္က မာေဆးဆိုဒ္ဒါဘီ ပြဲၾကိဳမွာ ထုတ္ေျပာခဲ့ပါတယ္။

ဒီႏွစ္မွာ မက္ဆီက သူ႔ကစားသမားဘဝ ၇ ၾကိမ္ေျမာက္ အႏုိင္ရခဲ့ေပမယ့္ အေတာ္ေလး ေဝဖန္ခံရမႈေတြ ရွိခဲ့တာျဖစ္တယ္။ အထူးသျဖင့္ ဂ်ာမာန္ ေဘာလံုးအသိုင္းအဝိုင္းကေတာ့ ဒီႏွစ္ဟာ လီဝမ္ေဒါစကီး ရသင့္တယ္လို႔ ယူဆထားၾကတယ္။ ကေလာ့ပ္ကပဲ ဒီႏွစ္မွာ ဘယ္သူရသင့္တယ္ မရသင့္ဘူး လာေမးေနရေအာင္ မဲေပးတာ မင္းတို႔ သတင္းေထာက္ေတြပဲ မဟုတ္ဘူးလားလို႔ တုန္႔ျပန္ခဲ့ပါတယ္။

“ ဒါေပမယ့္ အဲ့တာက က်ေနာ္မွာ လုပ္ပိုင္ခြင့္မရွိပါဘူး။ ေနရာစံုကေန မဲေပးၾကတယ္ ထင္ပါတယ္။ က်ေနာ္လည္း ေသခ်ာ မသိပါဘူး။ ဂ်ာနယ္လစ္ေတြ မဲေပးၾကရတာလား။ ဒီေတာ့ က်ေနာ္ကို မေမးၾကပါနဲ႔၊ ဆာလာရဲ႕ လက္ရွိ အဆင့္က မျဖစ္သင့္ဘူးဆိုရင္ မဲေပးၾကတာ ခင္ဗ်ားတို႔ ကိုယ္တိုင္ပဲေလ၊ ခင္ဗ်ားတို႔ အမွားပဲေပါ့။

သူက ပိုျမင့္တဲ့ အဆင့္မွာ ရွိသင့္တယ္ထင္ရင္ ခင္ဗ်ားတို႔က ခင္ဗ်ားတို႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြကို တိုက္တြန္းရမွာေပါ့။ အဲ့အေၾကာင္း က်ေနာ္က ရာႏႈန္းျပည့္ေတာ့ မေသခ်ာပါဘူး။ ခင္ဗ်ားတို႔က မက္ဆီကိုပဲ အျမဲ မဲေပးၾကတယ္လို႔ ထင္တယ္။ သူ႔ရဲ႕ ကစားသမားဘဝမွာ လုပ္ခဲ့တာအတြက္၊ သူက ဘယ္လို ကစားသမားေကာင္းဆိုတာအတြက္ ဒါေတြေၾကာင့္ေပါ့။

ဒါေပမယ့္လို႔ ဒီအခ်ိန္မွ ခင္ဗ်ားတို႔ လီဝမ္ေဒါစကီးကို မေပးၾကရင္ သူ ရဖို႔ ခက္သြားပါျပီ။ ေနာက္ျပီး မိုကလည္း ဒီထက္ေတာ့ အဆင့္ျမင့္ျမင့္မွာ ရွိေနသင့္ပါတယ္။ ဒါပါပဲ ” လို႔ ကေလာ့ပ္က မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။