လက်ရှိ လီဗာပူးစီနီယာအသင်းမှာ ကိုဗစ် ကူးစက်ခံထားရတဲ့ အသင်းသား တစ်ဦးမှ မရှိတော့ဘဲ အားလုံး လေ့ကျင့်ရေး ပြန်ဝင်ခဲ့ပြီလို့ လက်စတာပွဲကြိုမှာ ကလော့ပ်က အတည်ပြုပါတယ်။
ချယ်ဆီးတိုက်စစ်သမား လူကာကူက အခုကစပြီး သူတို့အသင်းဟာ ထိပ်ဆုံးက ၂ သင်းကို အမှီပြန်လိုက်တော့မယ်လို့ သတိပေးလာပါတယ်။ လီဗာပူးဟာ ချယ်ဆီးထက် တစ်ပွဲလျော့ ရမှတ်တူ အနေအထားဖြင့် အဆင့် ၂ နေရာမှာ ရှိနေတာဖြစ်ပါတယ်။
လူစားလဲမှု ၅ ခုကို ထောက်ခံသလား မေးခွန်းကို ကလော့ပ်ကတော့ ဒီကိစ္စကို လိဂ်ကလပ် အားလုံးက သဘောမတူတာကြောင့် ဖြစ်လာဖို့ မရှိတော့ကြောင်းနဲ့ အာလုံး သဘောမတူတဲ့ ကိစ္စကို သူ့ဘက်ကလည်း ပြောစရာ မရှိပါဘူးလို့ တုန့်ပြန်တယ်။
ချယ်ဆီးပွဲမှာ ဆာလာ၊ မာနေး၊ ကိတ်တာတို့အားလုံး ပါဝင်ကစားခွင့်ရပြီဆိုတာကို အတည်ပြုပါတယ်လို့ ကလော့ပ်က ပြောပါတယ်။
လက်စတာရဲ့ အခြေအနေကို မသိရသေးပေမယ့်လို့ ကြားရက် ပရီးမီးယားလိဂ်ပွဲကို ပုံမှန်အတိုင်း ကစားခွင့်ရလိုတယ်လို့ ကလော့ပ်က ဝန်ခံတယ်။ လီဗာပူးဟာ ပိတ်ရက်တုန်းက လိဒ်ယူနိုက်တက်နဲ့ပွဲကို ရွှေ့ဆိုင်းပေးထားရတာဖြစ်ပါတယ်။
ပေါ်တူဂီသတင်းဌာနတွေ လီဗာပူးအသင်းဟာ ပေါ်တိုအသင်းရဲ့ ကိုလံဘီယာ တိုက်စစ်သမား လူးဝစ် ဒီယက်စ်ကို ခေါ်ယူလိုနေတယ်လို့ ဖော်ပြနေပါတယ်။ ဇန်နဝါရီမှာ တိုက်စစ်သမားကို စာချုပ်ပါကြေး ယူရို သန်း ၈၀ ပေးမှ ခေါ်ယူနိုင်မှာဖြစ်ပေမယ့် ဒီနွေမှာဆိုရင်တော့ ယူရို သန်း ၅၀ ထိ လျော့ကျသွားနိုင်ပါတယ်။
လီဗာပူးကွင်းလယ်လူ မော်ဆန်နဲ့ ထိခိုက်မိခဲ့တဲ့ လက်စတာခံစစ်သမား ရီကာဒိုဟာ ကံကောင်းလွန်းလိုတာ ရာသီကုန်ထိ အနားယူရမယ့် အခြေအနေကနေ ကင်းလွှတ်ပြီး ၆-၈ ပတ်ပဲ အနားယူရမှာပါလို့ လက်စတာဘက်က ဆိုပါတယ်။
လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ တိုက်စစ်သမား ခေါ်ယူဖို့ အစီအစဉ် မရှိပေမယ့် လာမယ့် နွေမှာတော့ တိုက်စစ်ပိုင်းကို အင်အားဖြည့်နိုင်ပြီး လိဒ်မှ ရာဖင်ဟာနဲ့ ဝက်ဟမ်းမှ ဘိုဝန်တို့ကို ဆက်လက် စောင့်ကြည့်နေပါတယ်။
လူကာကူ ပြန်လည် ကစားလာနိုင်ခြင်းနဲ့အတူ ချယ်ဆီးက အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ မန်စီးတီး၊ လီဗာပူးကို တစ်ကျော့ပြန် ယှဉ်ပြိုင်လာလိမ့်မယ်လို့ အသင်းခေါင်းဆောင်ဟောင်း ဟယ်ရီရက်နက်က သတိပေးလာပါတယ်။
ပရီးမီးယားလိဂ်မှာ နှစ်တစ်နှစ်အတွင်း ပင်နယ်တီ အများဆုံး သွင်းယူထားတဲ့ ကစားသမားအဖြစ် စတီဗင်ဂျရတ် (၉ ဂိုး) ပူးတွဲရပ်တည်နေတဲ့ မှတ်တမ်းဟောင်းကို ဒီနှစ်မှာတော့ ချယ်ဆီး ကစားသမား ဂျော်ဂျင်ဟိုက ၁၀ ဂိုးဖြင့် ကျော်ဖြတ်သွားပါပြီ။
စကော်တလန်ကလပ် ဟက်အသင်းမှာ အငှားထွက်ကစားနေတဲ့ ဘမ်ဝုဒ်ဘမ်းဟာ လက်တလော ပြသနေတဲ့ ပုံစံကောင်းတွေကြောင့် ဒုတိယရာသီဝက်မှာ လီဗာပူးထံ ပြန်မလာဘဲ စကော့လိဂ်မှာ ဆက်နေဖွယ်ရှိတယ်လို့ သိရပါတယ်။