လက်စတာကို အဝေးကွင်းမှာ ၁-၀ ဖြင့် အရေးနိမ့်အပြီး လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ဒီရလဒ်ဟာ ထိုက်တန်မှုအတွက် ပြန်ရတဲ့ ရလဒ်ပဲဖြစ်ပြီး အသင်းဟာ စွမ်းဆောင်ရည် ညံ့ခဲ့ကြောင်းကို ဝန်ခံပါတယ်။

လီဗာပူးဟာ ဘောလုံးပိုင်ဆိုင်မှု ကောင်းမွန်ပြီး တိုက်စစ်ကစားခွင့်တွေ ရခဲ့ပေမယ့် သွင်းဂိုးရအောင် မလုပ်နိုင်ခဲ့တာနဲ့အတူ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ လုခ်မန်းက ပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ရယူခဲ့တာပါ။ ဒီသွင်းဂိုးကြောင့် လီဗာပူးဟာ အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရပြီး ဇယားထိပ်က မန်စီးတီးနဲ့ ၆ မှတ် ကွာဟခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဗန်ဒိုက်က ” လက်စတာက အနိုင်သုံးမှတ်ရဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် သူတို့ အနိုင်ရဖို့ ထိုက်တန်တာကပဲ ကျနေ်ာတို့ကို စိတ်ပျက်စေခဲ့တယ်။ အဆုံးသတ်ပိုင်းမှာ ကျနေ်ာတို့ ညံ့ဖျင်းခဲ့တယ်လို့ ထင်ပါတယ်။ ကျနေ်ာတို့ရဲ့ ဖြတ်တင်ဘောတွေ အများကြီးကိုလည်း လက်စတာက ကာကွယ်နိုင်ခဲ့တယ်။ အားလုံးကို ခြုံပြောရရင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် မပြနိုင်ခဲ့ပါဘူး။

လက်စတာက အခွင့်အရေးတွေ အများကြီးကို မဖန်တီးနိုင်ပေမယ့် ဒုတိယပိုင်း ပြန်စတည်းက အတော်လေး ကောင်းမွန်ပြီး အန္တရာယ်ရှိလာတယ်။ သူတို့ကို ချီးကျူးပါတယ်။ ကျနေ်ာတို့ကတော့ ကိုယ်ဘာသာ ပြန်ကြည့်ပြီး တိုးတက်လာဖို့နဲ့ လုပ်နိုင်တာတွေကို ဆက်လုပ်ရပါမယ်။ ဒါက ဘောလုံးရဲ့ အစိတ်အပိုင်းပါပဲ။

အဆုံးထိ ကျနေ်ာတို့ ကြိုးစား ယှဉ်ပြိုင်မှာပါ။ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ပေမယ့် ဒီနေ့ကတော့ ကျနေ်ာတို့နေ့ မဟုတ်ဘဲ ဂိုးမရခဲ့ဘူး။ ပင်နယ်တီလည်း ဂိုးမဝင်ခဲ့ဘူး။ ဒါပေမယ့် ဒါက စိတ်ပျက်မှုတွေပါ။

ကျနေ်ာတို့ ဂိုးလည်း မပေးရအောင် ကြိုးစားရမှာပါ။ လုခ်မန်းကို နေရာလွတ်ပေးခဲ့ပြီး ဂိုးရသွားခဲ့တယ်။ ဒါပေမယ့်လို့ ကျနေ်ာတို့လည်း ဂိုးရသင့်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပြီး ပိုကောင်းကောင်း လုပ်နိုင်ခဲ့သင့်တာပါ။

ဘာပြောနိုင်မှာလဲ။ အခုက ဒီဇင်ဘာပါ။ ဘောလုံးရာသီက အရှည်ကြီး ကျန်ပါသေးတယ်။ ကိုဗစ်တွေ၊ ဒဏ်ရာကိစ္စတွေလည်း ဖြစ်လာနိုင်သေးတာကြောင့် ကျနေ်ာတို့က မန်စီးတီးနဲ့ ချယ်ဆီးတို့ကို လိုက်ကြည့်နေလို့ မရပါဘူး။

ဒီနေ့လို စွမ်းဆောင်ရည်မျိုးကို ဂရုစိုက်ပြီး တိုးတက်လာဖို့ပဲ လုပ်ရပါမယ်။ ကျနေ်ာတို့ ပိုကောင်းချင်ပါတယ်။ ဒါက အမှန်အတိုင်းပါပဲ။ လက်စတာပွဲမှာ လုံလောက်အောင် မကောင်းခဲ့ဘဲ အနိုင်ရဖို့ မထိုက်တန်ခဲ့ပါဘူး ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။