လီဗာပူးအသင်းရဲ့ ခံစစ်ကို high line ကစားမှုဟာ ဘောလုံးပရိသတ်တွေကို အတော်လေး င်ထိတ် တုန်လှုပ်နေစေသလို Match of the Day 2 မှ ကွင်းလယ်လူဟောင်း ဂျာမိန်း ဂျီးနပ်ကဆိုရင် “ထိန့်လန့်စရာ” လို့ ခိုင်းနှိုင်းခဲ့ပါတယ်။

စွန့်စားမှု vs အောင်မြင်မှု ဆိုတဲ့ ယှဉ်ပြိုင်မှုမှာတော့ ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်ဟာ လက်စတာကို ၂-ဝ၊ ဘန်လေကို ၁-၀ ဖြင့် အနိုင်ယူမှုနဲ့အတူ ချိုမြိန်တဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နေခဲ့တယ်။ ဒါပေမယ့်လို့ ပရိသတ်တွေကြားထဲမှာ အားလုံးက high line ကို အထင်ကြီးကြတာ မဟုတ်ပါဘူး။

ဘောလုံးပွဲစဉ် တစ်ပွဲအလိုက်မှာ ပြိုင်ဘက် တိုက်စစ်က ကိုယ်အသင်းခံစစ်ကို ကျော်ဖြတ်သွားတာမျိုးကို ဘယ်ပရိသတ်မှ မကြိုက်ပါဘူး။ ဒါပေမယ့်လို့ ပြိုင်ဘက် တိုက်စစ်က ကိုယ်အသင်း ခံစစ်ကို တကယ်ကော ကျော်ဖြတ်နိုင်ခဲ့တာလား ဆိုတဲ့အပေါ်မှာတော့ စမ်းစစ်မှုတွေလည်း နည်းပါးမှာဖြစ်တယ်။

ဘန်လေပွဲအပြီးမှာ ဘန်လေအသင်းက လီဗာပူးခံစစ်ကို ကျော်ဖြတ်ဖို့ အခွင့်အရေး အကြိမ်ကြိမ် ရခဲ့တယ်လို့ သတင်းထောက်တွေရဲ့ အမေးကို ဖာဘင်ညိုက လှောင်ရယ်ခဲ့တယ်။ တကယ်တမ်းမှာလည်း ဘန်လေအသင်းရဲ့ ဂိုးကန်ချက် ၈ ကြိမ်မှာ ၇ ကြိမ်က လူကျွံဘောတွေဖြစ်ခဲ့ပြီး အလံမထောင်ခင်မှာ ကန်သွင်းခဲ့တာတွေဖြစ်ပါတယ်။

လီဗာပူးခံစစ်ဟာ ဒီရာသီမှာ high line နဲ့အတူ လူကျွံဘော အကြိမ်ပေါင်း ၁၀၁ ကြိမ်ထိ တားဆီးထားနိုင်ခဲ့ပါတယ်။ ဒါဟာ ဒုတိယနေရာက မန်စီးတီး (၆၁ ကြိမ်) ထက်ပို များစွာ သာလွန်လှပါတယ်။ ဒီလို ရင်ထိတ်ရတဲ့ high line ကို ဘာကြောင့် လီဗာပူးကစားနိုင်သလဲဆိုရင် ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်ကြောင်းရဲ့ အရည်အသွေးကို ယုံကြည်ခြင်းကြောင့်ပါ။

ဒါဆိုရင် ဘာလို့များ ခံစစ်ကို high line ကစားရပါလဲ? ကမ္ဘာအကောင်းဆုံး ခံစစ်မှူးကြီး ဗန်ဒိုက်က လီဗာပူးအသင်းက high line နည်းစနစ်ကို ရွေးချယ်ရခြင်းကို အခုလို ရှင်းပြပါတယ်။

ဗန်ဒိုက်က “ ကျနေ်ာတို့ high line ကစားတာကို ထိန်းထားချင်ပါတယ်။ ဘာလို့လည်းဆိုတော့ တိုက်စစ်ထိပ်ပိုင်းတွေမှာ ကျနေ်ာတို့ ဘောလုံးပြန်ရနိုင်တာကို သိသလို အဲ့အတွက် စွန့်စားမှုလုပ်ဖို့ လိုပါတယ်။

တိုက်စစ်မှာ ဘောလုံးပြန်ယူတဲ့အခါ အချိန်အနည်းငယ် ယူရပါတယ်။ ဒီတော့ ကွင်းလယ်လူတွေ သူတို့ နေရာကို ပြန်ရောက်ဖို့ကော တိုက်စစ်သမားတွေ သူတို့ နေရာကို ပြန်ယူဖို့ပါ အချိန်တစ်ခု လိုပါတယ်။ ဒါကြောင့်လည်း ခံစစ်လိုင်းကို မြင့်ကစားတဲ့ စွန့်စားမှုကို ယူရတာပါ။

ကံကောင်းစွာပဲ တိုက်စစ်သမားတွေနဲ့ ကွင်းလယ်လူတွေက ခံစစ်သမားတွေဟာ အခုလို ကစားနိုင်မယ်ဆိုတာ ယုံကြည်ပေးကြပါတယ်။ ကျနေ်ာတို့ ဒီအတွက် လေ့ကျင့်ထားတယ်။ ကျနေ်ာတို့တွေက လက်တွေမြောက်ပြီး လူကျွံနေပါစေဆိုတာအတွက်ပဲ မျှော်လင့်နေတာ မဟုတ်ပါဘူး။ အဲ့တာကို ချိန်သားကိုက် လုပ်နိုင်ဖို့ကို ကြိုးစားနေပါတယ်။

မသေချာဘူးဆိုရင် ပြန်လိုက်ကစားဖို့ပဲရှိပါတယ်။ ဒါပေမယ့် ဘောလုံးကို တိုက်စစ်မှာတင် ပြန်ရယူလိုခြင်းကပဲ ကျနေ်ာတို့ high line ကို ဆက်ပြိး ကစားနေရတဲ့ အကြောင်းရင်းပါ။ ဖြစ်နိုင်သလောက် ကျစ်ကျစ်လစ်လစ် ရှိအောင် ဆက်ထိန်းထားလိုပါတယ် ” လို့ ရှင်းပြခဲ့တာဖြစ်တယ်။

ခံစစ်ကို high line ကစားခြင်းကြောင့် လီဗာပူးအသင်းရဲ့ တိုက်စစ်၊ ကွင်းလယ်နဲ့ ခံစစ်ကြားက နေရာလွတ်တွေဟာ ကျဉ်းမြောင်းသွားပါတယ်။ ဒါကြောင့် တိုက်စစ်နဲ့ ကွင်းလယ်လူတွေ ဖိအားပေးခြင်းကနေ ထွက်ပေါ်လာမယ့် နေရာလွတ်တွေကို အကူအညီပေးပြီး ရေရှည်မှာ လှုပ်အားနှုန်းအတွက်ပါ အကူအညီဖြစ်တဲ့ နည်းစနစ်ပဲဖြစ်ပါတယ်။

ဒီလို ကစားမှုအတွက်တော့ ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်ကြောင်းရဲ့ နားလည်မှု ပြည့်ဝခြင်းနဲ့ ထူးချွန် အရည်အသွေးတွေကလည်း အရေးပါလှတာပဲ ဖြစ်ပါတယ်။