ဇန်နဝါရီ အပြောင်းအရွှေ့မှာ လီဗာပူးအသင်းနဲ့ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်အသင်းတို့ကြာ ကာဗယ်ဟိုကို ပေါင် ၈ သန်းဖြင့် ခေါ်ယူရေး ကိစ္စဟာ EFL ရဲ့ စည်းမျဉ်းကြောင့် တရားဝင် မပြီးမြောက်ခဲ့ပါဘူး။
ကလပ်နှစ်သင်းကြား သဘောတူညီမှုအပြင် ချန်ပီယံရှစ်ကလပ်ထံ အငှားချပေးကြောင့် စာချုပ်ကိုပါ စီစဉ်ရချိန်မှာ EFL ရဲ့ ၁၁ နာရီမှာတင် ပိတ်သိမ်းရမယ့် ကန့်သတ်ချက်ဟာ အတားအဆီးဖြစ်ခဲ့တာပါ။ စာရွက်စာတမ်းကိစ္စ မပြီးမြောက်ခြင်းနဲ့အတူ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပေမယ့် သဘောတူညီမှုတွေအရ ဆက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အစီအစဉ် ရှိထားခဲ့တာဖြစ်တယ်။
လီဗာပူးပရိသတ် ဖန်းဆိုဒ်တစ်ခုဖြစ်တဲ့ Anfield Watch အတွက် အပြောင်းအရွှေ့ကော်လံ တစ်ခုကို ပင်တိုင် ရေးသားပေးနေတဲ့ သတင်းထောက် Fabrizio Romano ကတော့ ဒီလထဲမှာပဲ ကလပ်နှစ်သင်းနဲ့ ကစားသမားဘက်က ဆွေးနွေးမှု ပြန်ထိုင်မယ်လို့ ရေးသားခဲ့ပါတယ်။
ရိုမန်နိုက ” အစီအစဉ်တွေက မရပ်သွားပါဘူး။ လီဗာပူးကို ပြောင်းဖို့ ခြေတစ်လှမ်း အကွာကို ရောက်ခဲ့တဲ့ ဖေဘီယို ကာဗယ်ဟိုက နွေမှာ မာဆေးဆိုဒ်ကလပ်ကို ရောက်ဖို့ ရှိနေဆဲဖြစ်ပါတယ်။
ဆေးစစ်မှု အပါအဝင် ကိစ္စအားလုံး ပြီးမြောက်ခဲ့ပေမယ့် အချိန်မလောက်လို့ လီဗာပူးက စာရွက်စာတမ်းကိစ္စတွေကို ဖူလ်ဟမ်နဲ့အတူ လက်မှတ်ထိုးနိုင်ခဲ့ခြင်း မရှိပါဘူး။ လာမယ့် ရက်တွေမှာ နောက်ထပ် ဆွေးနွေးမှုကို ကလပ်တွေနဲ့ ကစားသမားဘက်က တွေ့ဆုံပြီး အဖြေရှာကြမှာ ဖြစ်ပါတယ်။
ကာဗယ်ဟိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုက ရထားပါပြီ။ ဖြစ်နိုင်သလောက် အမြန်ဆုံး အတည်ပြုမှု လုပ်နိုင်ဖို့ကို လီဗာပူးက ရည်ရွယ်ပါတယ်။ ဖူလ်ဟမ်ကို ပေးရမယ့် အကယ်ဒမီကြေးအတွက် သဘောတူညီမှု ရဖို့ပေါ့။ နွေမှာဆိုရင် ကာဗယ်ဟိုက အလွတ်ဖြစ်သွားမှာပါ။
ကလော့ပ်က ဒါကို သဘောကျမှာ မဟုတ်ပါဘူး။ သူကတော့ ကာဗယ်ဟိုကို လက်မှတ်ထိုးနိုင်ဖို့ တွန်းအားပေးမှာပါ။ ဒါက အရေးကြီးတဲ့ အချက်ပါ။ စာချုပ် စည်းမျဉ်းတွေကတော့ လီဗာပူးအသင်းရဲ့ သဘောတူညီမှု အောက်မှာပဲ ပြီးမြောက်ရမှာဖြစ်ပါတယ်။ သူတို့က ဒါကိုပဲ လက်ခံမှာပါ။ ဘုတ်အဖွဲ့ရဲ့ ရပ်တည်ချက်က ရှင်းလင်းပါတယ်။
ကျနော် မြင်တာကတော့ ကာဗယ်ဟိုက အနာဂတ်အတွက် ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဖြစ်ပါလိမ့်မယ်။ သိပ်ကောင်းတဲ့ အရည်အချင်းနဲ့ စွမ်းရည်ရှိပြီး ချန်ပီယံရှစ်မှာ သိပ်ကောင်းတဲ့ စိတ်ဓါတ်ပိုင်းလည်း ပြသနေပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။