တိုက်စစ်သမား ဂျိုတာဟာ စနေနေ့ နောဝစ်ချ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကို သေချာပေါက် လွဲချော်မှာဖြစ်ကာ သူ့ရဲ့ ခြေကျင်းဝတ် ဒဏ်ရာ အခြေအနေ အသေးစိတ် သိရဖို့ စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

မီလန်ကနေ လီဗာပူးကို ပြန်ရောက်ခဲ့ပြီဖြစ်တာကြောင့် အသင်းဟာ ဂျိုတာရဲ့ အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ နောက်ထပ် စောင့်ကြည့်မှုတွေ လုပ်မှပဲ သူ့ရဲ့ ဒဏ်ရာ အတိမ်အနက်ကို သိရမှာဖြစ်ကာ ဒီအပတ် ပွဲမှာတော့ ပါဝင်နိုင်မှာ မဟုတ်ဘူးဆိုတာကို ကလော့ပ်က အတည်ပြုပါတယ်။

နောဝစ်ချ်ပွဲကြိုမှာ ကလော့ပ်ကပဲ “ မပါနိုင်ပါဘူး။ သူ ကစားနိုင်မှာ မဟုတ်ပေမယ့် ဒဏ်ရာ အတိုင်းအတာက ဘယ်လောက် ပြင်းထန်လဲဆိုတာ မရှင်းလင်းသေးပါဘူး။ ကျနေ်ာတို့ နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်ရဖို့ လိုအပ်နေပါတယ်။

ခြေကျင်းဝတ် အနားတစ်ဝိုက်က အရွတ်တွေနားမှာ တစ်ခုခုဖြစ်ခဲ့တာပါ။ ဒါပေမယ့်လို့ အရတ်တော့ မဟုတ်ဘဲ အခြား တစ်ခုခုမှာဖြစ်ပါတယ်။ ဒီအခြေအနေမှာတော့ ဘာမဆို ဖြစ်နိုင်ပါသေးတယ်။ အဲ့တာက ကံကောင်းစွာဘဲ ခပ်မြန်မြန် ပျောက်သွားနိုင်သလို ကံဆိုးစွာဘဲ အချိန် ကြာသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ကျနေ်ာတို့ စောင့်ကြည့်ရပါမယ်။

သူ အကာတပ်ထားရတာကို လူတိုင်းလည်း မြင်ခဲ့ကြပါလိမ့်မယ်။ အဲ့တာက လုပ်ထုံးလုပ်နည်းအရ ပုံမှန် ကာကွယ်ထားတာပါ။ တစ်ခုခုကို ခံစားရပြီဆိုရင်တော့ ခြေထောက်ကို လုံခြုံအောင် လုပ်ထားတာပါ။ ဒီအပတ်ပွဲအတွက်တော့ မပါနိုင်တာ သေချာပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်တယ်။

ဂျိုတာဟာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲမှာ အဆိုပါ ဒဏ်ရာ ရခဲ့တာပါ။ အဲ့တုန်းက ကစားသမားက ပွဲကို ဆက်ကစားလိုပေမယ့် ဆေးအဖွဲ့က ခွင့်မပြုခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာတော့ ဒဏ်ရာက မျှော်လင့်ထားတာထက် ပိုဆိုးလာခဲ့တယ်လို့ သိထားရတာဖြစ်ပါတယ်။

လက်တလော အချိန်ထိတော့ ခွဲစိတ်မှု ခံယူရမယ်ဆိုတဲ့ သတင်းတွေ မထွက်သေးဘဲ နောဝစ်ချ်ပွကိုလွဲမှာ သေချာခဲ့ကာ ချယ်ဆီးနဲ့ ကာရာဘောင်း ဗိုလ်လုပွဲမှာ ပါဝင်နိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။