ဒီနွေ ရာသီကြိုအဖြစ် လီဗာပူးအသင်းရဲ့ ဘန်ကောက်နဲ့ စင်္ကာပူ ခရီးစဉ်ကို လိုက်ပါပြီး အသင်း အနေအထားကို သတင်းယူခဲ့တဲ့ နာမည်ကျော် လီဗာပူးဖန်ဆိုဒ် The Anfield Wrap ဟာ ကိုစတက်၊ ယာဂင်ကလော့ပ် အပြင် ကလပ် အကြီးတန်း ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ကလပ်ရဲ့ ရေရှည်အနာဂတ်နဲ့ ပတ်သက်ပြီး ဘီလီဟိုဂန်လို ပုဂ္ဂိုလ်တွေက The Anfield Wrap ကို ဖြေဆိုမှုတွေ လုပ်ပေးခဲ့တယ်။ ဒါ့အပြင် ကိုစတက်တို့ကလည်း အခြားသော သီးသန့် ဆွေးနွေးမှုတွေကို လုပ်ပေးဖို့ အချိန်ပေးခဲ့ကြပါတယ်။

အဲ့ဒီ အင်တာဗျူးမှာတော့ မနှစ်ကရာသီ အက်ဖ်အေဖလားမှာ နောက်ဆုံး ပင်နယ်တီကို ကန်သွင်းခဲ့တဲ့ ကိုစတက်က သူအရမ်း ပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်အကြောင်း အခုလို ဖွင့်ဟခဲ့ပါတယ်။

ကိုစတက်က ” အဲ့တာက မယုံနိုင်စရာ ကောင်းခဲ့ပါတယ်။ အဲ့တာက ကျနော်ရဲ့ ဘောလုံးသမား ဘဝမှာ အကောင်းဆုံး အမှတ်တရပဲလို့ ထင်ပါတယ်။ ဒီပင်နယ်တီနဲ့ ဒီဆုဖလားကို အသင်းအတွက် ကျနော် ယူပေးနိုင်ခဲ့တယ်။ ကျနော်အတွက်တော့ သိပ်ကောင်းတဲ့ အခိုက်အတန့်ပါပဲ” လို့ ပြောပြခဲ့ပါတယ်။

အဆုံးသတ် ပင်နယ်တီ သွင်းယူပြီးတဲ့နောက်မှာ ဂရိဘယ်အစွန်လူဟာ ကွင်းထံမှာ လီဗာပူးပရိသတ်တွေရှိတဲ့ဘက် လိုက်ရှာပြီး ပြေးလွှားနေခဲ့တာကို မြင်ရမှာပါ။ သူ့ရဲ့နောက် အသင်းဖော်တွေ ပြေးလိုက်ကြတဲ့ မြင်ကွင်းဟာ ပရိသတ်တွေအတွက် ကြည်နှုန်းစရာ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။

” ဒါမျိုး နောက်အကြိမ်တွေ ထပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီခံစားချက်မျိုး နောက်ထပ်တစ်ကြိမ် ထပ်ရလိုပါတယ်။ အရမ်းကောင်းတဲ့ အခိုက်အတန့်ပါပဲ။ ပရိသတ်တွေထံ ကျနော် ပြေးလွှားခဲ့ရာမှာ လူတိုင်းက သိပ်ပျော်နေတာကို မြင်ခဲ့ရပါတယ်။

လူတိုင်း ဒီဖလားကို ကိုင်မြှောက်လိုနေခဲ့ကြတာကို မြင်ရတော့ အသင်းအတွက် ဆုဖလား ရယူပေးနိုင်ခဲ့ခြင်းကို ကျနော် အတော်လေး ကျေနပ်မိခဲ့ပါတယ် ” လို့ ကိုစတက်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။