ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ဒီအပတ် လီဗာပူးနဲ့ ဘုန်းမောက်တို့ ပွဲစဉ် အတွက် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ မနက်ဖြန် သြဂုတ် ၂၇ ရက်၊ စနေနေ့၊ ည ၈း၃ဝ နာရီ၊ လီဗာပူးတို့ အိမ်ကွင်း အန်းဖီးလ်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဆက်တန်က – ” ပရီးမီးယားလိဂ်က ခရီးရှည်ကြီး သွားရဦးမယ်ဆိုပေမယ့် လီဗာပူးတို့ သူတို့ရဲ့ ဘောလုးရာသီကို စတင်နိုင်ဖို့ဆိုရင် ဒီပွဲမှာ နိုင်ပွဲ ရမှကို ဖြစ်ပါမယ်။ ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် နိုင်ရမယ့်ပွဲပါ။ အဲ့ဒါက သူတို့ အတွက်တော့ စိတ်ပျက်စရာပါပဲ။

သူတို့ရဲ့ ကွင်းလယ်မှာ ဖန်တီးမှုတွေ ကင်းမဲ့နေတာက ပြဿနာကြီးပါပဲ။ ဒါဝင် နူးညက်စ်က ပွဲပယ်ခံထားရတယ်။ လီဗာပူးအသင်းက ရုပ်ပိုင်းဆိုင်ရာမှာ အားနည်းနေပြီး ယူနိုက်တက်ကို ရင်ဆိုင်ရတဲ့ပွဲမှာတုန်းက နူးညက်စ်ကို လွမ်းနေပါလိမ့်မယ်။ နူးညက်စ်က လီဗာပူးအတွက် ခြားနားမှုတွေ လုပ်ပေးနိုင်သူပါ။

ဖာမင်နိုကလည်း ကုန်ခဲ့တဲ့နှစ်တွေမှာ ကစားသမားကောင်းဆိုတာ မြင်ခဲ့ရပါတယ်။ ဒါပေမယ့် လီဗာပူးက တစ်ခုခု ပျောက်ဆုံးနေတယ်။ သူတို့ရဲ့ ထက်မြက်မှုတွေ ပျောက်ဆုံးနေတယ်၊ အဲ့အပိုင်း ပြန်ရဖို့လိုပါတယ်။ ဘုန်းမောက်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာက အဲ့အတွက် အခွင့်အရေးပါပဲ။

ပြီးခဲ့တဲ့အပတ်တွေက ဘုန်းမောက်ကို မန်စီးတီးတို့ ဘယ်လို ကစားခဲ့တယ်ဆိုတာကို ကျနော် မြင်ခဲ့ပါတယ်။ ဒါပေမယ့် ဘုန်းမောက်က တကယ်ကို အားထုတ်ပြီး ခုခံခဲ့တာပါ။ လီဗာပူးက ဒီပွဲမှာ သွင်းဂိုး ခပ်စောစော ရချင်မှာဖြစ်ပြီး သူတို့ ဒီပွဲကို ဂိုးပြတ် အနိုင်ရမှာပါ။ ” လို့ သုံးသပ်ထားပါတယ်။

ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၃-ဝ ဘုန်းမောက် ဖြစ်ပါတယ်။