ဒီနေ့ ကြာသပတေးနေ့ ညမှာ အုပ်စုအဆင့် မဲခွဲမှုတွေ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ အသင်းတွေရဲ့ ဦးစားပေး အလိုက် မဲအိုး ၁၊ ၂၊ ၃၊ ၄ မှာ ပါဝင်မယ့် အသင်းတွေလည်း အတည်ပြု ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

အုပ်စုအဆင့်တွေ မဲခွဲမှုကိုတော့ ဒီနေ့ ကြာသပတေးနေ့ မြန်မာစံတော်ချိန် ည ၁ဝ နာရီခွဲမှာ အစ္စတန်ဘူလ်မြို့မှာ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကတော့ မဲအိုး ၁ မှာ ပါဝင်ကာ ဒုတိယနဲ့ ကျေနပ်ခဲ့ရတဲ့ လီဗာပူးကတော့ ချယ်ဆီး၊ စပါးတို့နဲ့ အတူ မဲအိုး ၂ မှာ ပါဝင်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကတော့ ဘိုင်ယန်၊ ပီအက်စ်ဂျီ၊ အေဂျက်၊ ပေါ်တို၊ အေစီနဲ့ ယူရိုပါလိဂ် ချန်ပီယံ ဖရန့်ဖတ်တို့နဲ့ အတူ မဲအိုး ၁ မှာ ပါဝင်ခွင့် ရသွားခဲ့ပါတယ်။

မဲအိုးတွေ အလိုက် အသင်းတွေ ပါဝင်မှုကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

POT 1

  • Real Madrid
  • AC Milan
  • Eintracht Frankfurt
  • Bayern Munich
  • Manchester City
  • Ajax
  • Paris Saint-Germain
  • Porto

POT 2

  • Liverpool
  • Chelsea
  • Barcelona
  • Atletico Madrid
  • Sevilla
  • RB Leipzig
  • Juventus
  • Tottenham

POT 3

  • Borussia Dortmund
  • Bayer Leverkusen
  • RB Salzburg
  • Napoli
  • Shakhtar Donetsk
  • Sporting CP
  • Inter
  • Benfica

POT 4

  • Club Brugge
  • Marseille
  • Celtic
  • Rangers
  • Maccabi Haifa
  • FC Copenhagen
  • Viktoria Plzen
  • Dinamo Zagreb

မဲအိုးတူ အသင်းတွေ အချင်းချင်းကတော့ အုပ်စုအဆင့်မှာ တွေ့ဆုံဦးမှာ မဟုတ်ပါဘူး။ အုပ်စု အဆင့် ပွဲစဉ်တွေဟာ စက်တင်ဘာလ ၆ ရက်ကနေ နိုဝင်ဘာ ၂ ရက်နေ့ ထိ သီတင်းပတ် ၉ ပတ်တာ အတွင်း ယှဉ်ပြိုင်ကြမှာပါ။

အုပ်စုအဆင့် အပြီးမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ရှိနေတာကြောင့် ၁၆ သင်း ရှုံးထွက် အဆင့်ကတော့ ခါတိုင်းထက် နောက်ကျ ယှဉ်ပြိုင် ရမှာပါ။ ထိုပွဲတွေက ဖေဖော်ဝါရီ ၁၄ ကနေ မတ်လ ၁၅ ရက် အတွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ် ပွဲတွေက ဧပြီလအတွင်း၊ ဆီမီးဖိုင်နယ် ပွဲတွေက မေလ အတွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဖိုင်နယ် ဗိုလ်လုပွဲကတော့ အစ္စတန်ဘူလ်က အိုလံပစ်ကွင်းကြီးမှာ နောက်နှစ် ဇွန်လ ၁ဝ ရက်နေ့မှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။