လီဗာပူးအသင်းဟာ ဒီနေ့ညမှာ ကြားရက် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် နယူးကာဆယ် ယူနိုက်တက်နဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အန်းဖီးလ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဒီနေ့ ဗုဒ္ဓဟူးနေ့ ည ၁ နာရီ မှာပါ။

ဒီည လီဗာပူးနဲ့ နယူးကာဆယ်တို့ ပွဲစဉ် အတွက် ဘောလုံးပွဲသုံးသပ် ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” နယူးကာဆယ်က ဘောလုံးရာသီကို ကောင်းစွာ စတင်ထားတယ်၊ ပြီးခဲ့တဲ့ ပွဲတုန်းက စိန့်မက်ဇီမင်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အတူ ဝုဗ်ဆီက တစ်မှတ် ခွဲယူခဲ့တာပါ။ တဖက်မှာလည်း လီဗာပူးက ဒီရာသီ ပထမဆုံး နိုင်ပွဲ အဖြစ် ဘုန်းမောက် ကို ၉-ဝ နဲ့ အနိုင်ယူပြီး စတင်လိုက်ပါတယ်။

လီဗာပူးက သူတို့ အကောင်းဆုံး ပုံစံ ပြန်ရဖို့ ဆိုတာ အနှေးနဲ့ အမြန်ပါပဲ။ ဒီအပတ်မှာလည်း သူတို့ နောက်ထပ် နိုင်ပွဲ တစ်ပွဲ ယူမယ်လို့ ကျနော် မျှော်လင့်ထားတယ်။

နည်းပြ အက်ဒီဟောင်းက နည်းဗျူဟာပိုင်း တော်တဲ့သူပါ၊ သူ့အသင်းတွေက များသော အားဖြင့် အပြတ်အသတ်ကြီး ရှုံးလေ့ မရှိဘူး။ ဒီပွဲက လီဗာပူး ၂-ဝ လောက်နဲ့ပဲ နိုင်မယ် လို့ ကျနော် ခန့်မှန်းမယ်။ ” လို့ သုံးသပ် ခန့်မှန်း ထားပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ဒီေန႔ညမွာ ၾကားရက္ ပရီးမီးယားလိဂ္ ပြဲစဥ္ အျဖစ္ နယူးကာဆယ္ ယူနိုက္တက္နဲ႕ ေတြ႔ဆံုေနျပီး အိမ္ကြင္း အန္းဖီးလ္မွာ ဧည့္ခံ ကစားမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ဒီေန႔ ဗုဒၶဟူးေန႔ ည ၁ နာရီ မွာပါ။

ဒီည လီဗာပူးနဲ႕ နယူးကာဆယ္တို႔ ပြဲစဥ္ အတြက္ ေဘာလံုးပြဲသံုးသပ္ ဆရာၾကီး ျဖစ္တဲ့ ဂန္းနားေဟာင္းၾကီး ေပါမာဆန္ က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” နယူးကာဆယ္က ေဘာလံုးရာသီကို ေကာင္းစြာ စတင္ထားတယ္၊ ျပီးခဲ့တဲ့ ပြဲတုန္းက စိန္႔မက္ဇီမင္ရဲ႕ ေနာက္က်သြင္းဂိုးနဲ႕ အတူ ဝုဗ္ဆီက တစ္မွတ္ ခြဲယူခဲ့တာပါ။ တဖက္မွာလည္း လီဗာပူးက ဒီရာသီ ပထမဆံုး နိုင္ပြဲ အျဖစ္ ဘုန္းေမာက္ ကို ၉-ဝ နဲ႕ အနိုင္ယူျပီး စတင္လုိက္ပါတယ္။

လီဗာပူးက သူတို႔ အေကာင္းဆံုး ပံုစံ ျပန္ရဖို႔ ဆိုတာ အေနွးနဲ႕ အျမန္ပါပဲ။ ဒီအပတ္မွာလည္း သူတို႔ ေနာက္ထပ္ နုိင္ပြဲ တစ္ပြဲ ယူမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။

နည္းျပ အက္ဒီေဟာင္းက နည္းဗ်ဴဟာပိုင္း ေတာ္တဲ့သူပါ၊ သူ႔အသင္းေတြက မ်ားေသာ အားျဖင့္ အျပတ္အသတ္ၾကီး ရံႈးေလ့ မရွိဘူး။ ဒီပြဲက လီဗာပူး ၂-ဝ ေလာက္နဲ႕ပဲ နုိင္မယ္ လို႔ က်ေနာ္ ခန္႔မွန္းမယ္။ ” လို႔ သံုးသပ္ ခန္႔မွန္း ထားပါတယ္။